
ဗြိတိန်၏ အမြင့်ဆုံး ၁၀၁၆ပေ အမြင့်ရှိသှော့Shardမျှော်စင်ကို ဖေဖော်ဝါရီလ ၁ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ထိုမျှော်စင်တွင် အိမ်သာများမှာလည်း မြို့ရှုခင်းများကို ကြည့်ရှုခံစားနိုင်ကြောင်း သိရသည်။ ထိုလန်ဒန်မျှော်စင်သည် ၁၀၁၆ပေ မြင့်ပြီး အထပ်ပေါင်း ၉၅လွှာပါရှိကာ မျှော်စင်အပေါ်မှပင် မိုင်လေးဆယ်အကွာမှရှုခင်းများကိုကြည့်ရှုနိုင်သည်။
မျှော်စင်ဖွင့်လှစ်ပြီးနောက် နောက်နေ့မှစတင်၍
မျှော်စင်ပေါ်သို့ ခရီးသွားများ ၀င်ရောက်လည်ပတ်ခွင့် ပေးသွားမည်ဖြစ်သည်။ ထိုမျှော်စင်တွင် ကုမ္ပဏီရုံးခန်းများ၊ စားသောက်ဆိုင်လွှာများ၊ ရှန်ဂရီလား ဟိုတယ်ခွဲများကို ယခုနှစ် နွေရာသီမှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ထိုတာဝါရှိ လူနေတိုက်ခန်းများကို အနည်းဆုံးပေါင် သန်း၅၀မှ စတင်၍ ရောင်းချသွားမည်ဖြစ်သည်။ မျှော်စင်ကို လာရောက် ကြည့်ရှုကြသည့် ဧည့်သည်များကို ၀င်ကြေးအဖြစ် လူကြီးများအတွက် ၂၄ဒသမ ၉၅ပေါင်၊ ကလေးများအတွက် ၁၈ဒသမ၉၅ပေါင် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။