Wednesday, January 31, 2018

သဘာဝ သစ်ရွက် ပန်းပွင့်ပန်းခက်များဖြင့် ဖန်တီးထားသော ပုံများ (၉)

သဘာဝ ပန်းပွင့်ပန်းခက်များ ၊ သစ်ရွက်ကလေးများကို နေရာတကျ စီစဉ်ကာပုံလေးများအဖြစ် ဖန်တီးပုံဖော်ထားခြင်းပါ။ Raku Inoue ဆိုသူပညာရှင်တစ်ဦးမှ ဖန်တီးထားမှုများဖြစ်ပြီး လှပသေသပ်သည့် အင်းဆက်ပုံလေးများဖြစ်အောင် ပြုလုပ်ထားတာပါ။ ကြည့်လိုက်ကြပါအုံးနော်...

ခေတ်မှီလှပသည့် စာကြည့်တိုက်ကြီး

ကြည့်လိုက်ယုံနှင့် သွားခြင်စဖွယ်ကောင်းလှအောင် ခေတ်မှီလှပနေသည့် တရုတ်နိုင်ငံမှ ထျန်ကျင်း ပင်းဟိုင် စာကြည့်တိုက်ကြီး ဖြစ်ပါသည်။ တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်ကျင်းမြို့တွင်တည်ရှိသည့် အဆိုပါစာကြည့်တိုက်ကြီးတွင် စာအုပ်ပေါင်း ၁.၂ သန်း(၁၂ သိန်း) အထိစုဆောင်း သိမ်းဆည်းထားပါသည်။ ၃၄ ၀၀၀ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းသည့် အဆောက်အဦ၌ စာအုပ်များကို အလွှာအထပ်ထပ် ၊ အဆင့်ဆင့်ဖြင့် ဒီဇိုင်းပုံဖော် ပြသထားသလို လာရောက်ကြသူများ အတွက် စိတ်အေးချမ်းကြည်နူးမှု ရစေရန် ပုံဖော်ပေးထားပါသည်။ ဒပ်ဒီဇိုင်းစီးပွားရေးလုပ်ငန်းစု (MVRDV) နှင့် ထျန်ကျင်းမြို့ပြစီမံကိန်း နှင့် ဒီဇိုင်းအသင်းအဖွဲ့(TUPDI) တို့မှ ပူးပေါင်းပုံဖော် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ဒီစာကြည့်တိုက်ကြီးဟာ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်များတွင် ပါဝင်ခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် တည်ဆောက်ပုံ ဒီဇိုင်းလှပခေတ်မှီပြီး သပ်ရပ်လွန်းတာကြောင့် လာရောက်လည်ပတ်သူ များလှပါသည်။ စာကြည့်တိုက်ကြီးရဲ့ပုံတွေကို ကြည့်လိုက်ရအောင်ဗျာ…

ထူးခြားမှုများစွာဖြင့် ကယားပြည်နယ်မှ လွယ်တမူလှိုဏ်ဂူတော်ကြီး

ကယားပြည်နယ်တွင် ထုံးကျောက်တောင်များ များစွာတည်ရှိနေပါသဖြင့် ကြီးမားရှည်လျားသော လှိုဏ်ဂူကြီးများ များစွာရှိနေကြပါသည်။ ထိုပြင် ကယားပြည်နယ်မှလှိုဏ်ဂူများသည် အသိရခက်ပြီး ထူးခြားမှုများနှင့်လည်း ဆက်စပ်နေကြပါသည်။ ထိုကဲ့သို့ ထူးခြားဆန်းကြယ်သော အကြောင်းအရာများဖြင့် နာမည်ကျော်လှသည့် လွယ်တမူလှိုဏ်ဂူအကြောင်း တင်ပြပေးခြင်ပါသည်။

လွယ်တမူလှိုဏ်ဂူသည် လွိုင်ကော်မြို့အ၀င် ၊ အမှတ် ( ၃၅၆ ) အမြောက်တပ်ရင်းဝင်း အတွင်းတွင် တည်ရှိနေပါသည်။ လှိုဏ်ဂူအား စတင်တွေ့ရှိခဲ့သည်မှာ ၁၉၈၄ ခုနှစ်တွင်မှ ဖြစ်ပါသည်။ ယခင်က ထိုနေရာတွင် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်နေသလို ၊ လှိုဏ်ဂူသည် အခြားဂူများကဲ့သို့ တောင်ပေါ်တွင် တည်ရှိနေခြင်းမျိုး မဟုတ်ဘဲ မြေအောက်အနက်တွင် ဖြစ်တည်နေခြင်းကြောင့် တွေ့မြင်ရရန် ပို၍ ခက်ခဲစေပါသည်။

လွယ်တမူလှိုဏ်ဂူသည် မြေအောက် အနက် (၁၁၀) ပေ တွင်တည်ရှိနေပြီး အကျယ် ပေ (၁၀၀) ခန့် ရှိပါသည်။ ဂူပေါက် နှစ်ပေါက် ဖြစ်နေကာ အရှေ့ဘက် (ပေ ၃၀၀ ခန့်) နှင့် အနောက်ဘက် (ပေ ၅၀၀ ခန့်) အထိ ရှည်လျားပါသည်။ လှိုဏ်ဂူ၏ အမြင့်မှာ (ပေ ၃၀) ခန့် ရှိပါသည်။

Selfie အလွဲများ (၃)

ယခုခေတ်မှာ နေရာတကာ Selfie ရိုက်တဲ့ကြတာ မဆန်းပါဘူး။ ဒါပေမယ့် ကိုယ့်ရိုက်တဲ့ ပုံလေးတွေကို အင်တာနက်ပေါ် မတင်ခင် သေသေခြာခြာ ကြည့်ရှု့စစ်ဆေးသင့်ပါတယ်။ တစ်ခါတစ်လေ မှားယွင်းတတ်ကြပုံများနဲ့ ရယ်စရာကောင်းတဲ့ Selfie ပုံလေးတွေကို တင်ပြပေးလိုက်ပါတယ်။ သူငယ်ချင်းတို့လည်း သတိထားကြပါလို့…

စွတ်စက်ရိုက်မနေနဲ့ဟဲ့...

မျက်စိနောက်လာပြီး ခွီးးး

Tuesday, January 30, 2018

သစ်ရွက်လေးများအပေါ်တွင် ဖန်တီးထားသော လက်ရာမြောက်ပုံလေးများ (၃)

သစ်ရွက်များပေါ်တွင် လိုချင်သည့် ပုံများရရန် အနုစိတ်ဖန်တီးရေးဆွဲထားခြင်းပါ။ ယခင်ကလည်း ထိုကဲ့သို့ပုံများကို တင်ပေးဖူးပါသည်။ ယခုဖန်တီးမှုများကိုတော့ Joanna ဆိုသူ ပညာရှင်တစ်ဦးမှ ရေးဆွဲထားခြင်းပါ။ သူရဲ့ဖန်တီးထားမှုများကို ကြည့်ရှု့အားပေးလိုက်ရအောင်နော်…

ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများမှ အံ့မခန်းမိတ်ကပ်ပညာ (၂)

ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားများမှ သရုပ်ဆောင်၏ အထူးပြုလုပ်ချက် မိတ်ကပ်ပညာဖြင့် ဖန်တီးထားပုံများပါ။ ထူးချွန်သည့် မိတ်ကပ်ပညာနှင့်အတူ ကောင်းမွန်သေသပ်သည့် နည်းပညာပြုလုပ်ချက်များပါ ပေါင်းစပ်လိုက်တဲ့အခါ ဇာတ်ကားကောင်းများ ပေါ်ထွက်လာစေပါတယ်။ တစ်ချို့ပုံများဆိုလျှင် ဖန်တီးမှုကောင်းလွန်းသဖြင့် မူရင်းမျက်နှာနှင့် ကွဲပြားသွားတာ တွေ့ရမှာပါ။

Shopping ကို အဖော်လိုက်မိသူများရဲ့ ဒုက္ခ

မိမိချစ်သူ ၊ ဇနီးမယားများနဲ့ အတူ Shopping ထွက်ရတာက ပျော်စရာ ကြည်နူးစရာတစ်မျိုးပါ။ ဒါပေမယ့် ဒီထင်မြင်မှုက အမြဲအမှန်တော့ မဟုတ်ပါဘူး။ အကြိမ်အရေအတွက် များလာတဲ့အခါ ၊ အထူးသဖြင့် မ်မ်ချစ်သူ ၊ ဇနီးမယားများက ကြာရှည်စွာ ဈေးဝယ်ရွေးချယ်တတ်ကြရင် အဖော်လိုက်မိသူများရဲ့ စောင့်ဆိုင်းရမှုကတော့ ငြီးငွေ့ဖွယ်ကောင်းလာစေပါတယ်။ ဒီလိုအဖြစ်အပျက်များကို စုစည်းထားတဲ့ ပုံများ ဖြစ်ပါတယ်။ စစ်တမ်းတစ်ခုအရလည်း အမျိုးသားများသည် ချစ်သူ ၊ ဇနီးများနှင့် ဈေးဝယ်လိုက် စောင့်ဆိုင်းရပါက အလွန်ဆုံး ၂၆ မိနစ်ထက် ကျော်လာရင် ငြီးငွေ့စိတ်ပျက်တတ်ကြောင်း ဆိုပါသည်။ သူငယ်ချင်းတို့လည်း တိုက်ဆိုင်သူများရှိရင် လက်တို့လိုက်ကြပါအုံးဗျာ…

Monday, January 29, 2018

အာကာသယာဉ်မူးများ အရေပြား (၂၀) ရာခိုင်နှုန်းပါးလာ


            ဂျာမနီ သိပ္ပံပညာရှင်များ၏ လေ့လာ တွေ့ရှိချက်အရ အာကာသ ယာဉ်မူးများသည် သာမာန် လူများထက် အရေပြား (၂၀) ရာခိုင်နှုန်း ပိုပါးနေကြကြောင်း သိရသည်။
            ပညာရှင်များသည် အာကာသ ယာဉ်မူးများ၏ အရေပြားများကို ရုပ်ထွက် အရည်အသွေးမြင့် ဓာတ်ပုံများ ရိုက်ယူကာ နှိုင်းယှဉ် လေ့လာခဲ့ခြင်း ဖြစ်သည်။ အာကာသ ယာဉ်မူးများ နိုင်ငံတကာ အာကာသ စခန်းသို့ မသွားမီနှင့် သွားနေပြီး ခြောက်လ အကြာတွင် ရှိနေသော အရေပြား အထူအပါးကို နှိုင်းယှဉ်ကြည့်ခဲ့ခြင်း ဖြစ်သည်။
            ဂျာမနီ ဆားလန်း တက္ကသိုလ်မှ ပါမောက္ခ ကာစတန် ကိုနစ်ဂ်ျနှင့် အဖွဲ့က လေ့လာမှု ပြုခဲ့ခြင်း ဖြစ်သည်။ အီတလီ အာကာသယာဉ်မူး လူကာ ပါမီတာနို၊ ဆာမန်သာ ခရစ်တိုဖိုရတ်တီ၊ ဂျာမနီ အာကာသ ယာဉ်မူး အလက်ဇန္ဒား ဂါရတ်စ်တို့၏ အရေပြား အထူအပါးကို လေ့လာ မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။
            မစ္စခရစ်တို ဖိုရတ်တီသည် ၂၀၁၄ နိုဝင်ဘာတွင် နိုင်ငံတကာ အာကာသ စခန်းသို့ သွားရောက်ခဲ့ပြီး ယခုနှစ် ဇွန်(၁၁) ရက်နေ့က ကမ္ဘာမြေသို့  ပြန်ရောက်သည်။ အာကာသ စခန်းတွင် (၁၉၉) ရက် နေထိုင်ကာ အာကာသ စခန်းတွင် အကြာဆုံး နေထိုင်သော အမျိုးသမီး အဖြစ်လည်း စံချိန်တင်ခဲ့သည်။
            မစ္စခရစ်တို ဖိုရတ်တီ၏ အရေပြားကို လေ့လာ ကြည့်သည့်အခါ မသွားခင်ကထက် (၂၀) ရာခိုင်နှုန်းလောက် ပိုပါးသွားကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ အရေပြား ပါးသွားခြင်းကြောင့် မည်သည့် အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း ကိုကား ဆက်လက် လေ့လာနေဆဲ ဖြစ်သည်။
Source: Daily Mail
Credit: www.messengernewsjournal.com  

ယနေ့လူသားများ ဒစ်ဂျစ်တယ် မှတ်ဉာဏ် အားကိုးလွန်းသဖြင့် ကိုယ်ပိုင်မှတ်ဉာဏ် အားနည်းလာ


            ယနေ့ လူသားများသည် မှတ်စရာ  အချက်အလက်များကို ဖုန်းထဲမှာ အမှတ် များလာကြသောကြောင့် ကိုယ်ပိုင် မှတ်ဉာဏ်ကို ခိုင်းစေမှု နည်းပါးလာခြင်း အကျိုးဆက် အဖြစ် ကိုယ်ပိုင် မှတ်ဉာဏ်စွမ်းအား ကျဆင်းမှုနဲ့ ကြုံလာရကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
            လူတော်တော် များများသည် ကိုယ့်အိမ်ထောင်ဖက်၊ ခင်ပွန်း၊ မိတ်ဆွေ သူငယ်ချင်းတို့၏ ဖုန်းနံပါတ်များကို ဖုန်းကြည့်ပြီးသာ ရွတ်တတ် ကြတော့သည်။ ကိုယ်ပိုင်မှတ်ဉာဏ်ဖြင့် ပြန်ရွတ်ပြ နိုင်ခြင်းမျိုး မရှိတော့ဟု စစ်တမ်းက ဆိုသည်။
            အမေရိကန် (၉၀) ရာခိုင်နှုန်းထိက ဖုန်း၊ အင်တာနက်၊ တဲဘလက် တို့သည် ၎င်းတို့ အတွက် ဦးနှောက် အစားထိုး ပစ္စည်းများ ဖြစ်သည်ဟု ၀န်ခံထားကြသည်။ မှတ်သားစရာရှိလျှင် ဖုန်းထဲ၊ တဲဘလက်ထဲနှင့် အွန်လိုင်းမှာသာ မှတ်လိုက်ကြသည်။ ခေါင်းထဲမှာ မှတ်ထားခြင်းမျိုး နည်းကြသည်။ လေ့လာမှု စစ်တမ်းကို အွန်လိုင်း အဖျက်ဆော့ဖ်ဝဲ ကာကွယ်ရေး လုပ်ငန်း Kaspersky Lab မှ ပြုလုပ်ထားခြင်း ဖြစ်သည်။

ဘယ်နိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ ငွေအသုံးဆုံးလဲ


            နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသည်များ အနက် တရုတ် ကမ္ဘာလှည့် ခရီးသည်များသည် ငွေအသုံးဆုံး ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာလှည့် ခရီးသွား အဖွဲ့အစည်း၏ စာရင်းအရ သိရသည်။ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ (၁၆၅) ဘီလီယံ အသုံးပြုခဲ့ကြသည်။ ၂၀၁၃ ခုနှစ်တုန်းကထက် (၂၇) ရာခိုင်နှုန်း တိုးမြှင့် အသုံးပြုလာကြခြင်း ဖြစ်သည်။ အမေရိကန်နှင့် ဂျာမနီတို့ထက်ပင် ပိုမိုသုံးစွဲခဲ့ကြသည်။
          တရုတ်နိုင်ငံသား (၆) ရာခိုင်နှုန်းသာ ပတ်စ်ပို့ ကိုင်ဆောင်ထားကြသည်။ သို့သော် တရုတ်နိုင်ငံသားများ ပြည်ပထွက်နှုန်းများက တစ်နှစ်ပြီး တစ်နှစ် တိုးလာနေသည်။ တရုတ် နိုင်ငံသားများအား ပြည်ပထွက်ခွင့် တင်းကျပ်ထားမှုများ လျှော့ချပေးလာခြင်း၊ နိုင်ငံသားများ လက်ထဲတွင် ငွေပိုငွေလျှံ ရှိလာခြင်း တို့သည် ပြည်ပခရီးသွား ဖြစ်စေသည့် အဓိက အကြောင်းရင်းများ ဖြစ်သည်။
          နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသွားများ ၂၀၁၄ ခုနှစ်တွင် စုစုပေါင်း အသုံးပြုခဲ့သည့် ပမာဏ၏ (၁၃) ရာခိုင်နှုန်းကို တရုတ် ခရီးသွားများက အသုံးပြုခဲ့ခြင်း ဖြစ်သည်။ တရုတ် နိုင်ငံသားများ ပြည်ပခရီးသွားနှုန်း တိုးတက်လာသော်လည်း တရုတ်ပြည်တွင်းသို့ ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်နှုန်းက ကျဆင်းခဲ့သည်။ တရုတ်လေထု ညစ်ညမ်းမှု၊ ကမ္ဘာလှည့် ခရီးသွားများ အတွက် အသုံးစရိတ်များ မြင့်တက်နေမှု၊ ဗီဇာလျှောက်ရခက်မှု တို့သည် ခရီးသည် ၀င်ရောက်နှုန်း ကျဆင်းရသည့် အဓိကအချက်များ ဖြစ်သည်။
Credit: www.messengernewsjournal.com  

အချိန်ဆွဲရာမှာ နာမည်ကြီးသည့် ပါရမီရှင်ကြီးတွေ


          အလုပ်တစ်ခု စလုပ်ဖို့ နေ့ရွှေ့ညရွှေ့ ရွှေ့နေမိသည့် ကိုယ့် ကိုယ်ကိုယ် စိတ်ပျက်နေမိပါသလား။ သိပ်တော့ စိတ်ပျက်ပါနဲ့ စာဖတ်သူ။ ကမ္ဘာကျော် အဖော်အပေါင်းကြီးတွေ ရှိနေပါသည်။
ဝေါ်ဂန် အမာဒီယက်စ် မိုးဇက်
          ဒန် ဂျိုဗာနီ တေးသွားကို မိုးဇက်သည် တစ်ညတည်းနဲ့ အပြီးရေးခဲ့ခြင်း ဖြစ်သည်။ သံစုံတီးဝိုင်း ဖျော်ဖြေမည့် ညကျမှ ရေးကြီးသုတ်ပြာ ရေးလိုက်ရခြင်း ဖြစ်သည်။ ထိုသို့ ရေးရခြင်း အကြောင်းရင်း ကလည်း ရှင်းသည်။ သူသည် မိုးဇက် ဖြစ်သောကြောင့် ဖြစ်သည်။ (၃၁) နှစ် အရွယ် မိုးဇက်သည် သံစဉ်တေးသွားများကို စိတ်ထဲမှာတင် ဖွဲ့သီနေတတ်သူ ဖြစ်သည်။ ဒန် ဂျိုဗာနီ တေးသီချင်း ဖျော်ဖြေသည့် ညက ဂီတသင်္ကေတ စာရွက်များသည် မင့်မချောက်သေး။ အစမ်းလေ့ကျင့်ဖို့ အချိန်တောင် မရလိုက်။
          ''တချို့တေးသွားတွေမှာ အကျအပေါက်တွေ ရှိခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပြေတော့ ဖြစ်သွားပါတယ်'' ဟု မိုးဇက်က နောက်ပိုင်းတွင် ပြန်ပြောပြသည်။
ဖရန့် ကဖ်ကာ
          ကဖ်ကာသည် အာမခံလုပ်ငန်း စာရေးအဖြစ် လုပ်ကိုင်စဉ်က ၀တ္ထုရေးမည်ဆိုလျှင် ရေးနိုင်သည့် အချိန်ပို အချိန်အားများစွာ ရရှိခဲ့သည်။ သို့သော် ကဖ်ကာ တစ်ယောက် ထိုအချိန်များမှာ ၀တ္ထုတွေ တကယ် ရေးဖြစ်ခဲ့ပါရဲ့လား။ နေ့လယ် (၂) နာရီဆိုလျှင် ကဖ်ကာ အလုပ်ဆင်းလို့ရပြီ။ အချိန်ဆွဲတာက သူ့အကျင့်ဆိုးကြီး ဖြစ်သည်။ သူ့ဇနီးလောင်းထံ ရေးသားသော စာတွင် ကဖ်ကာ ကိုယ်တိုင် ရေးသားထားချက် အရ 'ရုံးဆင်းပြီးလျှင် ညနေ (၃) နာရီခွဲထိ နေ့လယ်စာ စာရင်း အချိန်ကုန်သည်။
            ည (၇) နာရီခွဲထိ အိပ်သည်။ (၁၀) မိနစ် လေ့ကျင့်ခန်း လုပ်သည်။ တစ်နာရီလောက် လမ်းလျှောက်သည်။ ထို့နောက် မိသားစုနဲ့ အတူ ညစာစားသည်ဟူ၍ ဖြစ်သည်။ ဘယ်အချိန်မှာ စာရေးသည့် အလုပ် စပါသနည်း။ ည (၁၁) ထက်စောပြီး စာစရေးလေ့မရှိ။ ထို့နောက်ပိုင်းတွင်မှ စာစရေးပြီး မနက် (၆) နာရီလောက်ထိ စာရေးလျှင် ရေးတတ်သည်။
          ထိုသို့ ညမအိပ်ဘဲ စာရေးသည့် အကျင့်သည် ကောင်းသော အကျင့်တော့ မဟုတ်။ ကဖ်ကာ အသက် (၄၀) မှာ ကွယ်လွန်သွားရခြင်း နောက်ခံ အကြောင်းရင်းဟုလည်း ဆိုချင်က ဆိုနိုင်သည်။ သူကွယ်လွန်ချိန်တွင် လက်စ မသတ်လိုက်နိုင်သော လက်ရာပေါင်းများစွာ ကျန်ရစ်ခဲ့သည်။

တီထွင်ဖန်တီးမှု အရှိဆုံးက ဘယ်နိုင်ငံတွေလဲ


          နိုင်ငံတစ်နိုင်ငံ၏ တီထွင် ဖန်တီးနိုင်စွမ်းကို မည်သည့် အချက်များနှင့် ချိန်ထိုး အကဲဖြတ်မည်နည်း။  Martin Prosperity Institute က ထုတ်ပြန်သော ကမ္ဘာ့ တီထွင်ဖန်တီး မှု ညွှန်းကိန်း ၂၀၁၅ ကို တင်ပြ လိုပါသည်။
           ညွှန်းကိန်းက “T” သုံးလုံးဖြင့် ကမ္ဘာ့နိုင်ငံများ တီထွင်ဖန်တီးမှု အဆင့်ကို အကဲဖြတ်သည်။ ကိုယ်ရည် ကိုယ်သွေး (Talent) ၊ နည်းပညာ (Technology) ၊ သည်းခံနားလည်နိုင်စွမ်း (Tolerance) တို့သည် နိုင်ငံတစ်နိုင်ငံ၏ တီထွင် ဖန်တီးနိုင်စွမ်း အပေါ် အဓိက အဆုံးအဖြတ် ပေးသည်ဟု ညွှန်းကိန်းက ထောက်ပြသည်။ ညွှန်းကိန်းသည် နိုင်ငံ (၁၃၉) နိုင်ငံကို အဆင့်သတ် ဖြတ်ထားသည်။
၁။ နည်းပညာ -
          သုတေသနနှင့် ဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးပြုနှုန်း၊ နိုင်ငံသားတစ်ဦးချင်း နည်းပညာသစ် မူပိုင်ခွင့် တင်နှုန်း။
၂။ ကိုယ်ရည် ကိုယ်သွေး -
          အဆင့်မြင့် ပညာတတ်မြောက်သူ အရေအတွက်၊ တီထွင်ဖန်တီးမှု ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်သူ ပမာဏ။
၃။ သည်းခံနားလည်နိုင်စွမ်း -
          ခိုလှုံသူများကို ဆက်ဆံပုံ၊ လူမျိုးခြားနှင့် တိုင်းရင်းသား လူနည်းစုများကို ဆက်ဆံပုံ၊ လိင်တူ နှစ်သက်သူများကို ဆက်ဆံပုံ။
          အထက်ပါ သုံးချက်ဖြင့် ချိန်ထိုး အကဲဖြတ်သည်တွင် မည်သည့် နိုင်ငံများက ထိပ်ဆုံး ရရှိကြောင်းကို ဇယားတွင် ဖော်ပြပါမည်။

ကိုယ်ပိုင်ကားစီးဖို့ မလိုသည့် မြို့တော်ဖြစ်ရေး ဟဲလ်ဆင်ကီ ကြိုးပမ်း


          ဖင်လန်နိုင်ငံ မြို့တော် ဟဲလ်ဆင်ကီသည် ဥရောပတွင် သဘာဝ ပတ်ဝန်းကျင်နှင့် အညီညွတ်ဆုံး မြို့တော်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သော မြို့တော်ဖြစ်သည်။ ယခုအခါ ဟဲလ်ဆင်ကီသည် နောက်တစ်ဆင့် အဖြစ် ၂၀၅၀ ခုနှစ် ရောက်သည့်အခါ မြို့တော်အတွင်း ကိုယ်ပိုင်ကားသုံးဖို့ လုံးဝ မလိုတော့အောင် စီစဉ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။
           ဟဲလ်ဆင်ကီသည် လူဦးရေ ခြောက်သိန်းဝန်းကျင်သာ ရှိပြီး နေရထိုင်ရ ကျယ်ကျယ်ဝန်းဝန်း ရှိသော မြို့အဖြစ်လည်း ဖင်လန်သားများက ဂုဏ်ယူနေကြသည်။ သို့သော် လာမည့် နှစ်ပိုင်းများ အတွင်း ဟဲလ်ဆင်ကီတွင် လူဦးရေ တိုးလာဖို့ရှိရာ တိုးလာမည့် လူများကြောင့် ဟဲလ်ဆင်ကီ သဘာဝ ပတ်ဝန်းကျင် ၀န်မပိအောင် မြို့အုပ်ချုပ်ရေး အဖွဲ့များက စီစဉ်နေကြောင်း သိရသည်။
          ပန်းခြံများ ပေါများခြင်း၊ လေကောင်း လေသန့်ရူရခြင်းကို ဟဲလ်ဆင်ကီ မြို့သားများကလည်း ဂုဏ်ယူကြသည်။ ဟဲလ်ဆင်ကီမြို့ ဧရိယာ (၄၇) ရာခိုင်နှုန်းသည် သစ်ပင်ပန်းမန်များ ဖုံးအုပ်နေသည်။ ဟဲလ်ဆင်ကီ မြို့ပြ တာဝန်ရှိသူများသည် မြို့ထဲမှာ ကိုယ်ပိုင်ကား နည်းသထက် နည်းသွားပြီး ကာဗွန် ထုတ်လွှတ်မှု ကျဆင်းကာ လေထု ပိုသန့်ရှင်းသွားအောင်လည်း ရည်မှန်းချက်ထား ဆောင်ရွက်နေသည်။

( ၃၃) ပေါင်ရှိတဲ့စည်ကို အမြင့် (၂၄) ပေကျော် ရောက်ရှိအောင် လွှဲပစ်ပြခဲ့တဲ့ လူသန်ကြီး


ကမ္ဘာ့အသန်မာဆုံး ပြိုင်ပွဲတွင် လူသန်ကြီးတစ်ဦး၏ စွမ်းဆောင်ရည်သည် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ အလေးချိန် (၃၃) ပေါင်ရှိသော  စည်ကို နောက်ပြန် အနေထားမှ  လက်နှစ်ဖက်ဖြင့် ဆွဲယူလွှဲပစ်ရာ အမြင့် (၂၄)ပေကျော်ရောက်ရှိခဲ့ သောကြောင့် စံချိန်သစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယင်းကဲ့သို့ ထူးခြားစွမ်းဆောင် ရည်ကို ပြုလုပ်ခဲ့သူမှာ  အိုက်စလန်နိုင်ငံက လူသန်ကြီး ဟက်သာဂျွန်ဆင်ဖြစ်သည်။
          ကမ္ဘာအသန်မာဆုံးပြိုင်ပွဲကို   ၀င်ရောက်ခွင့်ရရေးအတွက် လူရွေးပွဲကျင်းပရာတွင် ပာက်သာဂျွန်ဆင်က မထင်မှတ်သည့် စွမ်းဆောင်ရည်ကို ထုတ်ပြခဲ့ခြင်းဖြစ်ပြီး ယင်းကိုယ်တိုင်တင်ရှိထားသော စံချိန်ကို ချိုးဖျက်ပြခဲ့ခြင်းဖြစ်သည်။ ဟက်သာဂျွန်ဆင်သည် Games Of Thrones  ရုပ်ရှင် ဇာတ်ကားထဲတွင်     သရုပ်ဆောင်ခဲ့ဖူး သည်။ အရပ် (၆ ပေ ၊ ၉ လက်မ)၊ ကိုယ် အလေးချိန် ပေါင် (၄၀၀) ရှိသည့် ဟက်သာဂျွန်ဆင်သည် အလေးချိန်  (၃၃) ပေါင်ရှိသည့် စည်ကို  (၂၄ ပေ ၊ ၆ လက်မ) အမြင့်ရောက်အောင်   လွှဲပစ်ခဲ့ခြင်းဖြစ် သည်။ ဟက်သာဂျွန်ဆင်သည် ထူးခြားသည့် စွမ်းဆောင်ရည်များဖြင့် ကမ္ဘာစံချိန်သစ်များ မကြာခဏ တင်ရှိထားသူအဖြစ်  သတ်မှတ်ခံထားရသည်။
Credit: www.messengernewsjournal.com 

စက္ကူများဖြင့် တည်ဆောက်ထားသော တံတား


တကယ့်ကို   မယုံနိုင်စရာ ကောင်းသည့်  မြင်ကွင်းဖြစ်သည်။ စက္ကူများဖြင့် တည်ဆောက်ထားသော တံတားကို ကားတစ်စီးက ဖြတ်သန်းပြခြင်း ဖြစ်သည်။ ယင်းပြကွက်ကို  တရုတ်နိုင်ငံ၊ Suzhou ဒေသတွင်  ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လန်ရိုဗာ ကားကုမ္ပဏီမှ ထုတ်လုပ်သော Range Rover ကား (၄၅) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ယင်းကားကို စက္ကူ တံတားပေါ်တွင် ဖြတ်သန်းစေခြင်း ဖြစ်သည်။
            Range Rover ကားသည် တရုတ်နိုင်ငံတွင် လူကြိုက်များသော ကားဖြစ်ပြီး အစီးရေ ခြောက်သန်းခန့် ရှိနေကြောင်း သိရသည်။ ထို့ကြောင့် လန်ရိုဗာ ကုမ္ပဏီသည် Venice of The East ဟု အမည်ပေးကာ (၂၃၇၄) ကီလိုဂရမ် ရှိသည့် ကားကို ငါးမီတာရှည်သည့် စက္ကူတံတားကို ဖြတ်သန်းစေခဲ့ခြင်း ဖြစ်သည်။
          စက္ကူတံတားကို ဖန်တီးရာတွင် ပညာရှင်များ၏ အကူအညီကို ရယူခဲ့ရသည်။ စက္ကူအရွက်ပေါင်း (၅၄၃ ၉၀) အသုံးပြုခဲ့ရသည်။ စက္ကူများကို အင်္ဂလန် အခြေစိုက် ကုမ္ပဏီ တစ်ခုထံမှ ရယူခဲ့ခြင်း ဖြစ်သည်။ တံတားဒီဇိုင်းကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် စတိဗ်မက်ဆမ်က ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ပင်ဆူဗေးနီးယားမှ အမျိုးသမီးတစ်ဦး လျှပ်စစ်အသုံးပြုခ ဒေါ်လာ ၂၈၄ ဘီလီယံ ပေးဆောင်ရမည် ဆို၍ အံ့သြထိတ်လန့် မှုဖြစ်ပွား


အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယား၌ နေထိုင်သူ အမျိုးသမီးကြီး Mary Horomanski သည် ၄င်း၏နေအိမ် လျှပ်စစ်အသုံးပြုခ ကျသင့်ငွေတောင်းခံလွှာ ရရှိချိန်တွင် အံ့သြထိတ်လန့် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၄င်းသည် လျှပ်စစ်အသုံးပြုခ အတွက် အမေရိကန်ဒေါ်လာ ၂၈၄ ဘီလီယံ လာရောက်ပေးဆောင်ရန် Penelec လျှပ်စစ်ဝန်ဆောင်မှု ကုမ္ပဏီမှ ငွေတောင်းလွှာ ပေးပို့ ခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်အသုံးပြုခကို အွန်လိုင်းကတဆင့် စစ်ဆေးခဲ့ချိန်တွင် “ ကျွန်မမျက်လုံးတွေပြာပြီး ခေါင်းနပန်းကြီးသွားတာပဲ” ဟု အသက် ၅၈ နှစ်အရွယ် Mary က Erie Times သတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါ ကျသင့်ငွေကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလနောက်ဆုံးထား၍ အားလုံးပေးချေရမည်ဖြစ်ကြောင်း နှင့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာအတွက် ပထမအရစ်ကျသင့်ငွေမှာ အမေရိကန်ဒေါ်လာ ၂၈,၁၇၆ ဒေါ်လာ တောင်းခံထားကြောင်း သိရသည်။

Sunday, January 28, 2018

ကြီးမားလှပသော တိုက်နံရံပေါ်မှ ပန်းချီပုံကြီးများ (၂)

အထပ်မြင့်တိုက်နံရံများပေါ်တွင် ရေးဆွထြားသော ကမ္ဘာ့နေရာ
အသီးသီးမှ ပုံများကို တင်ပြပေးချင်ပါသည်။တစ်ချို့ပုံကြီးများသည်
ကြီးမား လှပယုံမက မူလရှိနေသော တိုက်ပုံစံမှ ကွဲပြားခြားနား
သွားလောက်အောင် ဆန်းသစ်သွားစေပါသည်။ မရေးဆွဲမှီနှင့်
ပုံရေးဆွဲပြီးချိန်ကို ယှဉ်ပြထားပါသဖြင့် မည်မျှလောက် ပြောင်းလဲ
လှပသွားသည်ကို ကြည့်ရှု့အကဲဖြတ်လိုက်ကြပါအုံးဗျာ...

ကမ္ဘာ့အမြင့်ဆုံး နှင်းတာဝါကြီး

ကမ္ဘာ့အမြင့်ဆုံး နှင်းတာဝါမြင့်ကြီးကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလအစောပိုင်းတွင် ကျင်းပခဲ့သည့် ဟာဘင်း နိုင်ငံတကာ ရေခဲ နှင်းပန်းပုပွဲတော်ကြီးတွင် ဖန်တီးပြသခဲ့ပါသည်။ မီတာ ၃၀ အထိမြင့်သည့် ထိုနှင်းတာဝါကြီးကို Flamenco ဟုအမည်ပေးထားခဲ့ပြီး ဘေဂျင်း ၊ ဟာဘင်း ၊ ဘယ်ဂျီယံ ၊ အမေရိကန် နှင့် နယ်သာလန်နိုင်ငံတို့မှ ကောလိပ်ကျောင်းသားများမှ စုပေါင်းဖန်တီးထားခဲ့ပါသည်။ ဟာဘင်း နိုင်ငံတကာ ရေခဲ နှင်းပန်းပုပွဲတော်ကြီးသည် ကမ္ဘာ့အကြီးဆုံးပွဲတော်များတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ကြီးကျယ်ခမ်းနားသော ရေခဲ နှင့် နှင်း အဆောက်အဦများစွာ တည်ဆောာာက်ပြသခဲ့ပါသည်။

Sunday, January 21, 2018

ခရစ်စမတ်သစ်ပင် အဆန်းလေးများ

တွေ့မြင်နေကြ ပုံစံမျိုးမဟူတ်သည့် ခရစ်စမတ်သစ်ပင်ပုံ ဒီဇိုင်းဆင်ထားကြပုံများကို ကြည့်လိုက်ရအောင်နော် ...

အိမ်မြန်မြန် ရောက်ချင်လို့ လမ်းညွှန်ဆိုင်းဘုတ်တွေကို ပြင်ဆင်ခဲ့သူ


တရုတ်နိုင်ငံ အရှေ့ပိုင်းက အမျိုးသားတစ်ဦးဟာ အလုပ်ကပြန်ရင်
သူစီးတဲ့ဘတ်စ်ကား လမ်းကြောင်းရှင်းပြီး အိမ်မြန်မြန် ပြန်ရောက်စေဖို့အတွက် လမ်းညွှန်ဆိုင်းဘုတ်တွေကို ကိုယ့်သဘောနဲ့ကိုယ် ဆေးသုတ်ပြင်ဆင်ခဲ့ပါတယ်။ အမည်မဖော်ပြတဲ့ ဒီအမျိုးသားက ကျင်းဆုပြည်နယ် လျှံယွင်ကန်မြို့မှာရှိတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေကို ဆေးသုတ်ပြီး ပြန်ပြင်ရေးဆွဲနေတာ စောင့်ကြည့်ကင်မရာမှတ်တမ်းမှာ တွေ့ရှိခဲ့ပါတယ်။''တည့်တည့်သွားတဲ့လမ်းက ကားတွေအမြဲတမ်း
ပြည့်နေပြီး ဘယ်ကွေ့တဲ့လမ်းက ကားရှင်းနေတတ်ပါတယ်။
ဒါကြောင့် ကျွန်တော့်လမ်းကြောင်း အဆင်ပြေဖို့ လမ်းညွှန်ဆိုင်းဘုတ် ပြင်လိုက်တာပါ''လို့ သူက ဆိုပါတယ်။ ဒီအတွက် အဲဒီအမျိုးသားဟာ တရုတ်ယွမ်ငွေ ၁၀၀၀ ဒဏ်ငွေပေးဆောင်ခဲ့ရပါတယ်။

မိန်းမနဲ့စကားများပြီး လေဆိပ်မှာ ၁၀ နှစ်နီးပါး နေခဲ့သူ


တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ မိန်းမနဲ့ စကားများလို့ အိမ်ပေါ်က ဆင်းလာခဲ့ပြီးတဲ့နောက်ပိုင်း လေဆိပ်မှာ ၁၀ နှစ်နီးပါး နေထိုင်ခဲ့ပါတယ်။ ဝေကျင်းကွေ့လို့ အမည်ရတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားဟာ ၂၀၀၈ ခုနှစ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီးနောက်
အိမ်မှာ အရက်သောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စကားများခဲ့ပါတယ်။
ဒီနောက်မှာတော့ ဝေကျင်းကွေ့ဟာ အိမ်ပေါ်ကဆင်းသွားပြီး
ဘေဂျင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နေထိုင်ခဲ့ပါတယ်။
သူဟာ အိမ်ကယူလာတဲ့ လျှပ်စစ်ပေါင်းအိုးကို တွန်းလှည်းပေါ်
တင်ပြီး ရွှေ့လျားမီးဖိုချောင်ပုံစံနဲ့ ချက်ပြုတ်စားသောက်ခဲ့ပါတယ်။ သူဟာ အစိုးရရဲ့ ထောက်ပံ့ငွေကြောင့် စားဝတ်နေရေးအတွက်
စိတ်ပူစရာမလိုတဲ့ အခြေအနေဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်က
ဖော်ပြပါတယ်။ လေဆိပ်မှာ အချိန်အကြာဆုံးနေခဲ့လို့ နာမည် ကျော်ကြားခဲ့သူကတော့ အီရန်နိုင်ငံသား နက်ဆာရီဖြစ်ပြီး ပြင်သစ်က ပြည်ဝင်ခွင့်မပေး၊ ဗြိတိန်က ပြည်ဝင်ခွင့်မပေးတဲ့ အခြေအနေ ကြောင့် ပါရီမြို့ လေဆိပ်မှာ ၁၄ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ မင်းသားကြီး တွမ်ဟင့် ရိုက်ကူးထားတဲ့ The Terminal ဇာတ်ကားက ဒီဖြစ်ရပ်ကို အခြေခံထားတာပါ။
Credit :Yoyarlay

ကမ္ဘာ့အနက်ဆုံး ထုံးကျောက်ရေပြာကန်ကြီး (Blue Lake)

ရုရှနိုင်ငံ ၊ Caucasus တောင်တန်းများအနီးရှိ ရေပြာကန်ကြီးကို ထုံးကျောက်ရေကန်ကြီးများတွင် အနက်ဆုံးရေကန်ကြီးအဖြစ် သတ်မှတ်ထားကြပါသည်။ ထိုရေပြာကန်ကြီးသည် အလွန်ကြည်လင်သန့်ရှင်းပြီး စိမ်းပြာရောင်ရှိနေပြီး Karsk  ရေကန်ဟု အမည်ရပါသည်။

ထိုရေပြာကန်ကြီးသည် အရှည် (၇၇၀ ပေ) ရှိပြီး အကျယ်အားဖြင့် (မီတာ ၄၀၀) အထိရှိပါသည်။ ရေကန်ကြီး၏ အနက်သည် (ပေ ၈၀၀) ရှိပြီး ထုံးကျောက် ရေပြာကန်ကြီးများတွင် ကမ္ဘာ့အနက်ဆုံးအဖြစ် သတ်မှတ်ထားကြပါသည်။ ထိုရေကန်ကြီး၏ အောက်တွင် ထုံးကျောက်များဖြင့် ဖွဲ့စည်းထားသော ရေအောက်လှိုဏ်ဂူလည်း တည်ရှိနေပြီး ကမ္ဘာ့အနက်ဆုံး ရေအောက်လှိုဏ်ဂူကြီး အဖြစ် သတ်မှတ်ထားကြပါသည်။

ထိုရေပြာကန်ကြီးအောက်မှ ပုံရိပ်များကို National Geographic မှ ဓာတ်ပုံဆရာ Victor Lyagushkin မှ စွန့်စားရိုက်ကူးပေးမှုများကြောင့် ရေအောက်သဘာဝအလှများကို အံ့သြဖွယ် တွေ့မြင်ခွင့် ရခဲ့ကြပါသည်။ Victor Lyagushkin သည် ရေအောက်ဓာတ်မီးယူဆောင် ရိုက်ကူးပြခဲ့သဖြင့် ရေအောက်လှိုဏ်ဂူကွန်ယက် ဖွဲ့စည်းပုံများ နှင့်အတူ အစိမ်းရောင် ရေညှိပင်ကြီးများ ၊ ကျောက်ဆောင်ကြီးများကို တွေ့မြင်ခဲ့ကြရပါသည်။

ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ (၁)

ခန္ဓာကိုယ်မှ အလိုအလျောက် မီးထတောက်လောင်ကျွမ်းခြင်းဆိုတာ ပြင်ပမှပယောဂမပါဘဲ ခန္ဓာကိုယ်တွင်း မှပြင်းထန်လှသော မီးတောက် မီးလျှံများ အလိုလိုထွက်လာပြီး သေဆုံးသွားစေသည်အထိ လောင်မြှိုက်ခြင်းကို ဆိုလိုတာပါ။
သည်လိုသဘာဝလွန်အဖြစ်မျိုးကို သိပ္ပံပညာရှင်များက သေသေခြာခြာ လေ့လာထားပြီး Spontaneous Human Combustion (SHC) ဟု အမည်ပေးထားပါတယ်။ အများအားဖြင့် ရာဇဝတ်ပြစ်မှုများလားဟု ထင်စရာရှိသဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် မှုခင်းဆရာဝန်များ နှင့်အတူ သိပ္ပံပညာရှင်များပါ ပေါင်းစပ်လေ့လာကာ အလိုအလျောက် မီးလောင်ကျွမ်းမှု အဖြစ်အပျက်များဟု မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။
ဒီလိုလောင်ကျွမ်းမှုများကို ခေတ်အဆက်ဆက် မှတ်တမ်းတင်ထားခဲ့ကြပါတယ်။ ပညာရှင် အသီးသီး၏ သုတေသနပြုချက် စာအုပ်စာတမ်းများလည်း များစွာ ထုတ်ဝေခဲ့ပါတယ်။ အစောဆုံးမှတ်တမ်းအဖြစ် ၁၆၀၀ ပြည့်နှစ်မှသည် ယနေ့ အထိဆိုလျှင်မှတ်တမ်း ၂၀၀ ကျော်လောက်ရှိပါပြီ။ နီးနီးစပ်စပ်အဖြစ်များနှင့် ထူးထူးခြားခြားဖြစ်ခဲ့သည်များကို ဆက်လက်ပြီးတင်ပြပေးပါမည်။

Friday, January 19, 2018

လှည့်စားထားသော ဓာတ်ပုံများ (၄)

အမြင်အာရုံကို လှည့်စားထားသည့် ပုံလေးများကို တင်ပေးချင်ပါတယ်။
တစ်ချို့ပုံလေးတွေက သေခြာကြည့်ယူရအောင် ကောင်းပါတယ်။

Thursday, January 18, 2018

လှပခမ်းနားလှသည့် ရေခဲနှင့် နှင်းပန်းပု ပွဲတော်ကြီး

တရုတ်နိုင်ငံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဟာဘင် နိုင်ငံတကာ ရေခဲနှင့် နှင်းပန်းပုပွဲတော်ကြီးကို ခမ်းနားလှပစွာ ဖွင့်လှစ်ပြသခဲ့ပါသည်။ ထိုပွဲတော်ကြီးသည် ကမ္ဘာ့အကြီးဆုံး ပွဲတော်များတွင် တစ်ခုအပါအ၀င် အဖြစ်သတ်မှတ်ထားကြပါသည်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံးကျန်း ပြည်နယ် ၊ ဟာဘင် မြို့တွင် နိုင်ငံတကာမှ ရေခဲပန်းပုပညာရှင်များ နှင့် ၀ါသနာရှင်များ ၊ လာရောက်လည်ပတ်သူများသည် ယခုပွဲတော်ကြီးကို ပါဝင်ဆင်နွဲကြပါသည်။ ယခု ၂၀၁၈ ခုနှစ်တွင် ရေခဲကုဗမီတာပေါင်း ၁၈၀ ၀၀၀ နှင့် နှင်း ကုဗမီတာပေါင်း ၁၅၀ ၀၀၀ အထိ တည်ဆောက်ပြသထားခြင်း ဖြစ်ပါသည်။ ၄၂.၅ မီတာအရှည်ရှိသည့် ရေခဲမျှော်စင်ကြီးအပါအဝင် မြင့်မားလှသည့် မျှော်စင် များ ၊ ကမ္ဘာအရပ်ရပ်မှ ထင်ရှားကျော်ကြားသည့် အဆောက်အဦပုံစံများ ၊ ရေခဲနန်းတော် ရဲတိုက် အဆောက်အဦကြီးများ စသည်ဖြင့် ပါဝင်ကာ အခြား အနုလက်ရာများ များစွာဖြင့် တည်ဆောက်ပြသခဲ့ပါသည်။ ထို့ပြင် ယခု ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ အမြင့်ဆုံး နှင်း တာဝါကြီး တစ်ခုကိုလည်း တည်ဆောက်ထားခဲ့ပါသည်။ ထို့ပြင် ညပိုင်း မီးရောင်စုံများဖြင့် လှပစွာ ထွန်းညှိပေးထားပါသည်။ ဟာဘင်တွင် ဒီဇင်ဘာလ၌ ရေခဲအစုအဝေးများဖြစ်ပေါ်လေ့ရှိပြီး လျှပ်စစ်လွှများဖြင့် ရေခဲ ကြမ်းပြင်များကိုခွဲဖြတ်ကာ ပန်းပု ပြုလုပ်ရန်အတွက် သယ်ဆောင်ပြုလုပ် ကြခြင်း ဖြစ်ပါသည်။ လှပလှသည့် ရေခဲ နှင့် နှင်းပန်းပု လက်ရာ အဆောက်အဦကြီးများကို တင်ပြပေးလိုက်ပါသည်။

Wednesday, January 17, 2018

အမှတ်တမဲ့ အလွဲများ ( ၉၅ )

ဒီတစ်ခါတော့ အပိုင်း ၉၅ ရောက်လာပါပြီ။ ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
 
သေခြာတယ်။ ဒါသူယောက္ခမအိမ်ပဲ နေမှာပါ...

အမရေ ။ ကပ်ပါလာတယ်ဗျို့

လက်ရာမြောက်လှသော မျက်နှာပြင်ပေါ်မှ ပန်းချီများ (၅)

Mimi Choi ဆိုသူမိတ်ကပ်ပညာရှင်တစ်ယောက်၏ လက်ရာမြောက်လှသည့် ဖန်တီးမှုများပါ။ Body Paint ပညာတစ်မျိုးဖြစ်ပြီး ကြည့်ရှု့သူ၏ အမြင်အာရုံကို ပြောင်းလဲကွဲပြားသွားလောက်အောင် ဖန်တီးနိုင်သည့် သူ၏ ကြိုးပမ်းအားထုတ်မှုပုံများကို ကြည့်လိုက်ကြရအောင်နော်…
ယခင်ကလည်း သူရဲ့  Body Art ပညာများကို တင်ပေးဖူးပါတယ်။ အခုကျန်တဲ့ပုံလေးတွေ ထပ်မံစုစည်း ပေးလိုက်ပါတယ်။

Tuesday, January 16, 2018

အသက်ဝင်လှပသော 3D ပန်းချီများ (၉)

ယခုတွေ့မြင်ရတဲ့ 3D ပန်းချီပုံလေးများကတော့ အီတလီအနုပညာရှင် Nagai Hideyuki ရဲ့လက်ရာများ ဖြစ်ပါတယ်။

Friday, January 12, 2018

ရေခဲပြင်ကြီးအောက်မှ စိမ်းပြာရောင် ရေခဲလှိုဏ်ဂူကြီး

လှိုဏ်ဂူကြီးတစ်ခုလုံး စိမ်းပြာရောင် ရေခဲပြင်များနှင့် လှပနေသည့် Mendenhall ရေခဲလှိုဏ်ဂူကြီး ဖြစ်ပါသည်။ ထိုရေခဲလှိုဏ်ဂူကြီးသည် အမေရိကန်နိုင်ငံ ၊ အလက်စကာပြည်နယ်တွင် တည်ရှိသော Mendenhall ရေခဲပြင်ကြီး၏ အောက်တွင် တည်ရှိနေခြင်း ဖြစ်ပါသည်။ Mendenhall ရေခဲပြင်ကြီးသည် ၁၃.၆ မိုင် (21.9 km) အထိ ရှည်လျားသည့် တောင်ကြားအတွင်း တည်ရှိနေခြင်း ဖြစ်ပါသည်။ ထိုရေခဲပြင်၏ အောက်တွင် သဘာဝအလျောက် ဖြစ်တည်နေသော ရေခဲလှိုဏ်ဂူ၏ သဘာဝအလှများကြောင့် ကျော်ကြားနေရခြင်း ဖြစ်ပါသည်။ ကြည့်နေရာ စိမ်းပြာရောင် ရေခဲနံရံများ ၊ အမိုးများနှင့် ရေတံခွန်များလည်း တည်ရှိနေသလို အောက်တွင် စီးဆင်းနေသည့် ရေပြင်ကိုလည်း တွေ့မြင်ရပါသည်။ ထို့ပြင် ကြီးမားလှသော ရေခဲတိုင်ကြီးများလည်း တည်ရှိနေပါသည်။ စိမ်းပြာရောင် ရေခဲလှိုဏ်ဂူကြီးကို ကြည့်လိုက်ရအောင်ဗျာ…

ကမ္ဘာအကြီးဆုံး နှင့် အလှပဆုံးစာရင်းဝင် Victoria ရေတံခွန်ကြီး

အာဖရိကတိုက်ရှိ Victoria ရေတံခွန်ကြီးသည် ကမ္ဘာ့အလှပဆုံး ရေတံခွန်များတွင် တစ်ခုအပါအ၀င်အဖြစ် သတ်မှတ်ခံရအောင် အလွန်ကိုကြီးမားလှပ နေပါသည်။ ထို့ပြင် ကမ္ဘာ့အကြီးဆုံး ရေတံခွန်ကြီးအဖြစ်လည်း သတ်မှတ်ထားကြသလို ကမ္ဘာ့အန္တရာယ်အများဆုံး သဘာဝရေကန် (Devil's Pool) တည်ရှိနေခြင်းကြောင့်လည်း ပိုမို၍ကမ္ဘာကျော်နေရပါသည်။

Victoria ရေတံခွန်ကြီးသည် အာဖရိကတိုက် တောင်ဘက်စွန်းပိုင်း ၊ ဇန်ဘီယာ နှင့် ဇင်ဘာဘွေနိုင်ငံတို့၏ နှစ်နိုင်ငံနယ်ခြားစည်းဖြစ်သော Zambezi မြစ်ကြီးပေါ်တွင် တည်ရှိနေပါသည်။ ကုန်းမြေနှစ်ခုကြားချိုင့်ဝှမ်းအတွင်းသို့ တစ်ဟုန်ထိုးစီးဆင်းသွားသည့် ရေတံခွန်ကြီး ဖြစ်ပါသည်။

Victoria ရေတံခွန်ကြီးသည် အမြင့်အားဖြင့် ၃၆၀ ပေ (၁၀၈ မီတာ) မြင့်ပြီး အကျယ်အားဖြင့် ၅၆၀၄ ပေ (၁၇၀၈ မီတာ) အထိ ကြီးမားသော တစ်ဆက်တစ်စပ်တည်း စီးဆင်းနေသည့် ရေတံခွန်များတွင် ကမ္ဘာ့အကြီးဆုံးလည်း ဖြစ်ပါသည်။ Victoria ရေတံခွန်ကြီးနှင့် နှိုင်းယှဉ်နိုင်သော ရေတံခွန်မှာ အာဂျင်တီးနား နှင့် ဘရာဇီးနိုင်ငံတို့အကြားရှိ Iguazu ရေတံခွန်ကြီးဖြစ်ပြီး ကြီးမားမှုမှာလည်း Victoria ရေတံခွန်ထက် ပိုကြီးပါသည်။ သို့သော် Iguazu ရေတံခွန်ကြီးသည် တစ်ဆက်တည်း ကျဆင်းနေသော ရေတံခွန်မျိုး မဟုတ်ဘဲ အပိုင်း နှစ်ခု ခွဲကာ ကျဆင်းနေသည့် ရေတံခွန်မျိုး ဖြစ်ပါသည်။

ဂျပန်နိုင်ငံမှ ထူးထူးခြားခြား မြေခွေးရွာ

အများအားဖြင့် မြေခွေးဆိုလျှင် ကြောက်လန့်စရာတိရိစ္ဆာန်တစ်မျိုးဟု ထင်တတ်ကြပေမယ့် ဂျပန်နိုင်ငံတွင်တော့ ထိုမြေခွေးလေးများကို လွတ်လပ်စွာ နေထိုင်နိုင်ရန် သီးခြားရွာတည်ပေးထားပါသည်။ ဂျပန်နိုင်ငံတွင် ကြောင်ကျွန်း ၊ ယုန်ကျွန်း စသည်ဖြင့် ထူးထူးခြားခြား နေရာများတည်ရှိသလို ယခု မြေခွေးရွာလေးကိုလည်း သီးခြားဘေးမဲ့ပေးထားသည့် နေရာတစ်နေရာအဖြစ် တည်ရှိနေပါသည်။ နေခရမ်းမှ ကြောင်ကျွန်း နှင့် ယုန်ကျွန်းအကြောင်းကို ယခင်က တင်ပြပေးဖူးပါသည်။

မြေခွေးရွာလေးသည် ဂျပန်နိုင်ငံ Miyagi စီရင်စုတွင် တည်ရှိပါသည်။ Zao မြေခွေးရွာလေးဟု အမည်ရှိပြီး မြေခွေးလေးများကို အရောင်အသွေးစုံလင်စွာဖြင့် ချစ်စဖွယ်ကောင်းစွာ များပြားစွာ တွေ့မြင်ရမည် ဖြစ်ပါသည်။ ထိုရွာတွင် အရောင်နှင့် အမျိုးအနွယ်ကွဲသော မြေခွေးမျိုးပေါင်း ၆ မျိုးရှိပြီး လွတ်လပ်စွာ နေထိုင်ကျက်စားနိုင်ရန် စီစဉ်ပေးထားပါသည်။

လာရောက်လည်ပတ်သူများ အနေဖြင့် ၀င်ကြေးပေး၍ မြေခွေးလေးများကို အနီးကပ် လေ့လာအစားကျွေးနိုင်ပါသည်။ မြေခွေးလေးများကလည်း လူများနှင့် ယဉ်ပါးနေကာ အစားကျွေးသူနား ၀ိုင်းကာနေကြပါသည်။ ဒါပေမယ့် မြေခွေးဆိုတာ အိမ်မွေးတိရိစ္ဆာန်စစ်စစ်တော့ မဟုတ်ပါဘူး။ လာရောက်သူများအနေဖြင့် မြေခွေးလေးများကို လွတ်လပ်စွာ အစာကျွေး အနီးကပ်နေထိုင်နိုင်ပေမယ့် ပါးစပ်ကို ဆော့ကိုင်ခြင်းမျိုး ၊ အလွန်အရဲကိုးသော အပြုအမူမျိုးကိုတော့ မပြုလုပ်ကြရန် သတိပေးထားပါသည်။ ထို့ပြင် ကလေးငယ်များကို ခေါ်ဆောင်လာခြင်းမျိုးကိုလည်း သတိပေး တားမြစ်ထားပါသည်။ တွေ့မြင်သမျှ မြေခွေးလေးများသည် ချစ်စဖွယ်ကောင်းလှအောင် ယဉ်ပါးနေကြပေမယ့် ကိုက်ခဲတတ်သည့် တိရိစ္ဆာန်မျိုးများ ဖြစ်ကြောင်း သတိပေးထားပါသည်။
Related Posts Plugin for WordPress, Blogger...