
ကာဇာကစ္စတန်နိုင်ငံရှိ ဘ၀ဒုက္ခဒဏ်ရာများကို ခံနိုင်စွမ်းမရှိတော့သည့် ဆင်းရဲသားတစ်ဦးသည် အရက်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ရန် မီးရထားမောင်းနှင် လာသည့်လမ်းပေါ် လဲလျောင်းနေစဉ် သူ၏ခွေးလေးက ရထားလမ်းပေါ်မှ အတင်းဆွဲခေါ်ကာ ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ကြောင်း စက်တင်ဘာ၁၁ရက် သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အဆိုပါ ခွေးကလေးသူ၏သခင်အား ရထားလမ်းပေါ်မှ ဆွဲခေါ်ရန် ကြိုးပမ်းနေမှုကို ရထားမောင်းနှင်သူက မြင်၍အရေးပေါ် ဘရိတ်အုပ်ခဲ့သော်လည်း ခွေးလေးမှာ သေဆုံးခဲ့ပြီး သခင်ဖြစ်သူကို ဆေးရုံသို့ အရေးပေါ်တင်ပေးခဲ့ရကြောင်း သိရသည်။
ref: ပြည်မြန်မာ
