Tuesday, October 31, 2017

ကမ္ဘာ့အမြင့်ဆုံး တံတားသစ်ကြီး Beipanjiang (Duge) တံတားကြီး

၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် Beipanjiang (Duge) တံတားကြီးကို ကမ္ဘာ့အမြင့်ဆုံး တံတားကြီးအဖြစ် သတ်မှတ်ခဲ့ပါသည်။ ထိုတံတားကြီးသည် တရုတ်နိုင်ငံ ၊ Liupanshui အနီးတွင် တည်ရှိပြီး တောင်နှစ်လုံးကြား ချိုင့်ဝှမ်းကို ဖြတ်ဖောက်ထားသည့် ကေဘယ်ကြိုးတံတား ဖြစ်ပါသည်။

Yunnan နှင့် Guizhou ပြည်နယ်တို့၏ နယ်ခြားမြစ်ဖြစ်သော Beipan မြစ်ကြီးတည်ရှိရာ တောင်နှစ်လုံးကြားကို ဖြတ်သန်းတည်ဆောက်ထားသည့် တံတားရှည်ကြီး ဖြစ်ပါသည်။ထိုတံတားကြီးသည် ၅၆၅ မီတာ (၁၈၅၄ ပေ) အထိ မြင့်ပါသည်။ ထိုအတိုင်းအတာသည် အထပ် ၂၀၀ ရှိသော မိုးမျှော်တိုက်ကြီး ပမာဏနှင့် ညီမျှပါသည်။ တံတားကြီး၏ အရှေ့ဘက် တံတားတိုင်တာဝါအမြင့်သည် ၂၆၉ မီတာ ( ၈၈၃ ပေ ) မြင့်ပါသည်။ ထိုတာဝါတံတားတိုင်သည်လည်း ကမ္ဘာ့အမြင့်ဆုံး တာဝါတိုင်များတွင် တစ်ခုအပါအ၀င် ဖြစ်ပါသည်။

Beipanjiang (Duge) တံတားကြီး၏ တောင်နှစ်လုံးကို ပေါင်းကူးပေးထားသည့် တံတားတိုင် နှစ်ခုကြား အကွာအဝေးသည် ၇၂၀ မီတာ (၂၃၆၀ ပေ) အရှည်ရှိပါသည်။ တံတားတစ်ခုလုံး၏ စုစုပေါင်း အရှည်သည် ၁၃၄၀ မီတာ (၄၄၀၀ ပေ) အထိရှိပါသည်။
Related Posts Plugin for WordPress, Blogger...