Sunday, April 29, 2018

ခရီးလှည့်နေသည့် "လ" မင်းကြီး

ကြီးမားလှတဲ့ လ ပုံစံတူ ဘော်လုံးကြီးဟာ ကမ္ဘာ့နိုင်ငံများကို လှည့်လည်ပြသခဲ့ပါတယ်။ ဗြိတိန်နိုင်ငံပညာရှင် Luke Jerram က ပြုလုပ်ခဲ့တဲ့ ပြကွက်တစ်ခုဖြစ်ပြီး လ နဲ့ တူညီမှုရှိအောင် အသေးစိတ် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ Nasa မှ ရိုက်ကူးထားသည့် လ ရဲ့ အသေးစိတ်ပုံကို အခြေခံရယူထားပြီး 1:500,000 ဆ အချိုးစကေးကိုက်အောင် ဖန်တီးခဲ့ခြင်းပါ။ ထို လပုံစံတူ ဘော်လုံးကြီးဟာ အချင်းအားဖြင့် (၇)မီတာ ၊ လုံးပတ် ၂၁ပေပါတ်လည်ခန့် ရှိပါတယ်။ ထိုဘောလုံးကြီးကို Museum of the Moon ဟု အမည်ပေးထားပြီး နယ်သာလန် ၊ ဘယ်လ်ဂျီယံ ၊ ပြင်သစ် နှင့် ဗြိတိန်နိုင်ငံတို့ရှိ မြို့ကြီး ၆ မြို့ရဲ့ ရုံတွင်း ၊ ရုံပြင် နေရာအသီးသီးတို့တွင် ရပ်နားပြသခဲ့ပါတယ်။

လူတချို့ ဘယ်သန် ဘာကြောင့်ဖြစ်ရတာလဲ


လူအများစုကတော့ ညာသန်တွေပါ။ မြန်မာတွေအမြင်မှာဆိုရင် ဘယ်သန်တွေကို သိပ်မကြိုက်ကြဘူး။ မိန်းမ ဘယ်သုံး အိမ်ထောင်ပြုန်းလို့တောင် စကားရှိတယ် မို့လား။ ဒါကလည်း ညာသန်အများစုရှိတဲ့ လူသားကမ္ဘာမှာ ထူးခြားပြီး ပြောင်းပြန် ဖြစ်နေလို့လား။ တကယ်ပဲ မကောင်းလို့လား မပြောတတ်ပေမယ့် ရှေးစကားအဖြစ်တော့ ရှိနေတာပါ။ အခုတော့ ဘယ်သန်တွေအကြောင်း သိပ္ပံနည်းကျကျ လေ့လာချက်တွေလုပ်လာပြီး သိလာ ရပါတယ်။ နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။

သိရသလောက် ဘယ်သန်တွေက ညာသန်သမားတွေထက်စာရင် ဖန်တီးနိုင်မှု စွမ်းရည်ရော ရည်မှန်းချက် မြင့်မားထားရှိ ကြိုးစားမှုပါ အားကောင်းတယ်လို့ ဆိုပါတယ်။ စာရေးသူငယ်စဉ်က ကြည့်ဖူးတဲ့ လက်ဝှေ့ပွဲတွေမှာ ဆိုရင် ဘယ်သန်လက်ဝှေ့သမားတွေက ထိုးသတ်ဟန်နည်းနည်းဆန်းပြီး ပြိုင်ဖက်ကို အသာစီးရတာ အခု ထိအောင် မှတ်မိနေပါသေးတယ်။ ပြီးတော့ ဘောလုံးမှာဆိုရင်လည်း ဘယ်ခြေနဲ့ ကောင်းကောင်း ကန်နိုင်သူ တွေက အခုထိအောင် ဆရာကျနေတာဆိုတော့ အခုသိလာရတဲ့ ဘယ်သန်တွေက ပိုတော်တယ်ဆိုတာ လက်ခံရမလိုပါပဲ။

အီဂျစ်၌ တွေ့မြင်ကြရသည့် ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသားနှင့် အရပ်အပုဆုံး အမျိုးသမီး

တူရကီနိုင်ငံမှ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသားဖြစ်သူ Sultan Kosen နှင့် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးဖြစ်သူ အိန္ဒိယနိုင်ငံမှ Jyoti Amge တို့သည် အီဂျစ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိလာခဲ့ပါသည်။ Sultan Kosen သည် အရပ်အမြင့် (၈ ပေ ၂.၈ လက်မ) 251 cm ဖြင့် ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသားအဖြစ် စံချိန်တင်ထားသလို Jyoti Amge သည်လည်း အရပ်အမြင့် (၂၄.၇ လက်မ) 62.8 cm ဖြင့် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးအဖြစ်စံချိန်တင်ထားသူ ဖြစ်ပါသည်။ ထိုသို့ ဆန့်ကျင်ဘက်ရှိသူ နှစ်ဦးကို အီဂျစ်နိုင်ငံ ပိရမစ်ကြီးများသို့ အလည်အပတ်ထွက်လာစဉ် ယှဉ်တွဲတွေ့ရှိခဲ့ရပြီး ကမ္ဘာ့သတင်းမီဒီယာများတွင် အထူးတလည် ဖော်ပြခြင်းခံခဲ့ရပါသည်။

ရှေးဟောင်း မာယာလူမျိုးတွေရဲ့ အဆောက်အအုံ သောင်းချီ တွေ့ရှိ


ဂွါတီမာလာနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ တောနက်ထဲကနေ မြို့တွေ၊ ခံတပ်တွေ၊ လယ်ယာမြေတွေနဲ့ လမ်းမကြီးတွေတွေ့ရှိခဲ့ပါတယ်။ အဲဒီနေရာကို Scan ဖတ် စစ်ဆေးခဲ့ရာမှာ ၇ ထပ်ပိရမစ်တစ်ခု အပါအဝင် အရင်တုန်းက မသိခဲ့ရတဲ့ အဆောက်အအုံ ၆၀၀၀၀ တွေ့ရှိခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ ဒီဒေသဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ ဝန်းကျင်က (ရှေးဟောင်းပညာရှင်တွေကမြွှေဘုရင်တွေ (Snake Kings) လို့ ခေါ်ကြတဲ့ ထူးခြားဆန်းကျယ် မာယာမင်းဆက် ဦးဆောင်တဲ့) အဆင့်မြင့် လူ့အဖွဲ့အစည်း တစ်ရပ် နေထိုင်ခဲ့တယ်လို့ ယူဆစရာဖြစ်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဝေဟင်က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲကနေ သစ်ပင်ပုံရိပ်တွေကို ဖယ်ရှားပစ်နိုင်တဲ့ LiDAR နည်းပညာ အသုံးပြုပြီး မြေအောက်မှာ ပျောက်ကွယ်နေတဲ့ ရှေးဟောင်း လူ့အဖွဲ့အစည်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အစောပိုင်းက မာယာလူမျိုးတွေရဲ့ လူဦးရေခန့်မှန်းချက်တွေမှာ မာယာလူမျိုး ၂ သန်းထက် မကျော်ခဲ့ဘူးလို့ ဆိုခဲ့ပေမယ့် အခုတွေ့ရှိမှုကြောင့် မာယာလူဦးရေ သန်း ၂၀ လောက်ရှိခဲ့မယ်လို့ ယူဆစရာဖြစ်လာတယ်ဆိုပြီး LiDAR နည်းပညာ နောက်ကွယ်က သုတေသီတွေက ပြောပါတယ်။
Credit:Yoyarlay

ကမ္ဘာလှည့်နေသည့် ပင်လယ်ပျော်ဘဲရုပ်ကြီး

အလွန်ကြီးမားလှတဲ့ ဘဲရုပ်ကြီးတစ်ရုပ်ဟာ ကမ္ဘာ့နိုင်ငံ အများအပြားကို ပင်လယ်ခရီးနဲ့ လှည့်လည်နေတာ ကြာပါပြီ။ ၂၀၀၇ ခုနှစ်ကတည်းက ဒတ်ခ်ျအနုပညာရှင် Florentijn Hofman က ဖန်တီးထားပြီး ပင်လယ်ထဲ မျှောလိုက်တဲ့ ရော်ဘာနဲ့ပြုလုပ်ထားတဲ့ ဘဲရုပ်ကြီးပါ။ အခုဆိုရင် ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ဆိပ်ကမ်းမြို့များကို လည်ပတ်မျောပါနေတာ ၁၀ နှစ်ကျော်ကြာလာပါပြီ။

ထိုရော်ဘာဘဲရုပ်ကြီးဟာ အမြင့် 18 m အထိရှိပါတယ်။ ဒါဟာ ၆ ထပ်တိုက်တစ်တိုက်ရဲ့ အမြင့်နဲ့ အတူတူပါပဲ။ ထိုအရုပ်ကြီးကို မျောပါရောက်ရှိလာတဲ့ နိုင်ငံများသည် ခေတ္တခဏသာထားတာ ပင်လယ်ထဲ ပြန်မျှောပေးလိုက်ကြပါတယ်။ ဒါကြောင့်လည်း ဘဲရုပ်ကြီးအနေနဲ့ နိုင်ငံအသီးသီးကို ခြေဆန့်ကာ ပင်လယ်ပျော်ကြီးအဖြစ် လည်ပတ်နေနိုင်ခြင်း ဖြစ်ပါတယ်။ ဘဲရုပ်ကြီး ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ရောက်လာလျှင် ကမ္ဘာ့မီဒီယာများတွင် ဝိုင်းဝန်းဖော်ပြကြသလို လာရောက်လည်ပတ်ကြည့်ရှု့သူ များပြားလှပါတယ်။

ယခုလည်း ၂၀၁၇ ၊ ဒီဇင်ဘာလထဲတွင် တရုတ်နိုင်ငံ ၊ ကူမင်းမြို့သို့ အကြိမ် ၃၀ မြောက် ဆိပ်ကမ်းမြို့သို့ ဆိုက်ရောက်ခြင်းအဖြစ် ရောက်ရှိလာသော ပုံများဖြစ်ပါတယ်။ ယခင်ကလည်း တရုတ်နိုင်ငံသို့ ၂၀၁၃ ခုတွင် ဘေဂျင်း နှင့် ၂၀၁၄ ခုနှစ်တွင် ရှန်ဟိုင်းမြို့များသို့ လာရောက်လည်ပတ်ဖူးပါတယ်။ ယခုလည်း အကြိမ် ၃၀ မြောက် ဆိုက်ကပ်ခြင်း ဖြစ်သလို ထပ်မံပြီး နောက်ထပ် နိုင်ငံအသီးသီးကို လည်ပတ်နေအုံးမည် ဖြစ်ပါတယ်။

ကမ္ဘာ့အသေးဆုံးဖုန်းလေး Zanco Tiny T1


ယခုခေတ်ဖုန်းအသုံးပြုသူများသည် စမတ်ဖုန်းဆိုလျှင် ဖုန်းမျက်နှာပြင်ကြီးကြီး ၊ အရည်အသွေးကောင်းကောင်း ၊ လုပ်ဆောင်ချက်စုံလင် ပေါ့ပါးကြတာကို ရွေးချယ်တတ်ကြပါသည်။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးဖြင့် ဖုန်းသေးသေးသာ ကိုင်ဆောင်ခြင်ကြသူများလည်း ရှိတတ်ကြပါသည်။

ထိုသူများအတွက် ယခု Zanco Tiny T1 ဖုန်းလေးကတော့ လိုအပ်တာထက်တောင် ပိုသေးနေပါသေးသည်။ ထိုဖုန်းလေးကို 0.49 လက်မသာရှိသည့် OLED screen အမျိုးအစားအသုံးပြုထားပြီး 64×12 pixels ရှိပါသည်။ အလေးချိန်အားဖြင့် 13 g ပဲရှိပါသည်။

Zanco Tiny T1 ဖုန်းလေးတွင် ဖုန်းအဆက်အသွယ်ပေါင်း ၃၀၀ အထိ မှတ်သားထားနိုင်သလို ဖုန်းခေါ်ဆိုခြင်း ၊ စာတိုmessage ပေးပို့ခြင်းကဲ့သို့ မိုဘိုင်းဖုန်းနှင့် ပတ်သတ်သည့် လုပ်ဆောင်ချက်များကို ပြည့်စုံစွာပါဝင်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

အာတိတ်ဒေသမှ ရေခဲနှင်းသစ်ပင်များရဲ့သဘာဝအလှ

ကျော်ကြားသောဓာတ်ပုံပညာရှင်တစ်ဦးဖြစ်သူ Bazanov Andrew Sergeevich မှ ဖင်လန်နိုင်ငံ၊ Riisitunturi National Park ၏ ရေခဲနေသောနေရာများအတွင်း လှည့်လည်သွားရောက်ကာ ရိုက်ကူးထားသော ဓာတ်ပုံများ ဖြစ်ပါတယ်။ ထိုဒေသသည် မြောက်ဝင်ရိုးစွန်းဒေသအတွင်း တည်ရှိနေပြီး အပူချိန်မှာ (-40°C) အထိကျဆင်းနေပါတယ်။ ထိုဒေသမှ အေးမြလွန်းသဖြင့် သဘာဝအတိုင်း ဖြစ်လာသော ရေခဲနှင်းသစ်ပင်များရဲ့ အလှကို တင်ပေးလိုက်ပါတယ်။

ဂင်းနစ်ကမ္ဘာ့စံချိန်တင် လူအများဖြင့်ပုံဖော်ခဲ့သည့် မြန်မာပြည်မြေပုံကြီး

ဂင်းနစ်ကမ္ဘာ့မှတ်တမ်း စံချိန်တင်နိုင်ရန် ကမ္ဘာတစ်ဝှမ်းမှ  အမျိုးမျိုးအဖုံဖုံဖြင့် ကြိုးစားတတ်ကြပါတယ်။ ယခု မြန်မာနိုင်ငံ အနေဖြင့်လည်း လူအများဖြင့် ပုံဖော်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး နိုင်ငံ/တိုက်ကြီးတစ်ခု၏ မြေပုံကြီးအဖြစ် စံချိန်တင်နိုင်ခဲ့ပါသည်။

ထိုမှတ်တမ်းကို မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တယ်လီနောမြန်မာမှ ဦးဆောင်ကာ မကွေးမြို့သူ/မြို့သားများဖြင့် ၂၀၁၈ ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၊ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ လူအင်အား ၃၄၆၆ ဦးပါဝင်ပုံဖော်ခဲ့ကာ ကမ္ဘာပေါ်တွင် လူအင်အားဖြင့် ပုံဖော်သည့် နိုင်ငံ(သို့) တိုက်ကြီးတစ်ခု ပုံများတွင် အကြီးဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ကမ္ဘာပေါ်တွင် ထိုကဲ့သို့ လူအင်အားအများအပြားဖြင့် ရုပ်ပုံများ ပုံဖော်စံချိန်တင်မှုများ ယခင်ကတည်းက များစွာရှိခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး အလံကြီး ၊ အကြီးဆုံး ကာတွန်းရုပ် ၊ အကြီးဆုံး သဘောင်္ပုံ ၊ အကြီးဆုံးကြယ်ကြီး ၊ အကြီးဆုံး ပြုံးနေသောပုံ ၊ အကြီးဆုံး ကင်မယာပုံ ၊ အကြီးဆုံး ပီဇာပုံကြီး ၊ အကြီးဆုံး လက်ပုံကြီး စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးဖြင့် စံချိန်တင်ခဲ့ကြပါတယ်။ ယခု နိုင်ငံမြေပုံခေါင်းစဉ်ဖြင့်တော့ မြန်မာနိုင်ငံမှ နောက်ဆုံးစံချိန်တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အမှတ်တမဲ့ အလွဲများ ( ၉၇ )

ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...

ပန့်ကေတော့ အပျက်မခံနိုင်ပါဘူး...

အူးးးးးး

အသက်ဝင်လှပသော 3D ပန်းချီများ (၁၁)

ယခုတွေ့မြင်ရတဲ့ 3D ပန်းချီပုံလေးများကတော့ အနုပညာရှင် Sandor Vamos ရဲ့လက်ရာများ ဖြစ်ပါတယ်။

လမ်းမအလယ်မှ အသက်ဝင်သောပန်းချီများ(၆)

လမ်းမပေါ်ကတကယ်အသက်ဝင်တဲ့ 3D ပန်ချီးကားတွေပါ။ 3D ပညာရှင် Chris Carlson မှ ရေးဆွဲထားသော ပုံများ ဖြစ်ပါသည်။

ကမ္ဘာတစ်လွှား အလှပဆုံး ပြဇာတ်ရုံကြီးများ

သူငယ်ချင်းတို့ကို ကမ္ဘာတစ်လွှားမှ ခမ်းနားလှပလွန်းတဲ့ ပြဇာတ်ရုံကြီးများကို တင်ပြပေးပါမယ်။ ကြီးမားကျယ်ပြန့်ရုံသာမက ပြဇာတ်ရုံထဲဝင်လိုက်သည်နှင့် ငေးမောအံ့သြဖွယ်ကောင်းလှအောင် ဆွဲဆောင်နိုင်တဲ့ ပြဇာတ်ရုံကြီးများ ဖြစ်ပါတယ်။

ရုရှနိုင်ငံ စိန့်ပီတာစဘက်မြို့ကြီးမှ Mariinsky ပြဇာတ်ရုံကြီး

တရုတ်နိုင်ငံ ၊ ဟာဘင်းရှိ ပြဇာတ်ရုံကြီး

ဒီဇိုင်းဆန်းတဲ့ အလန်းစား စက်ဘီးများ

သယ်ယူပို့ဆောင်ရေးတွေ ဘယ်လိုပင်တိုးတက်လာပါစေ ၊ စက်ဘီးစီးခဲ့ကြရတာကို သတိရနေကြအုံးမှာ အမှန်ပါ။ အခုလည်း စက်ဘီးချစ်သူများအတွက် ဒီဇိုင်းဆန်းဆန်း အလန်းစား စက်ဘီးလေးများကို တင်ပေးလိုက်ပါတယ်။ ကြည့်လိုက်ကြပါအုံးဗျာ…

ဒဏ္ဍာရီထဲက နေရာလေးအလား Hobbiton ရွာလေး

သူငယ်ချင်းတို့အနေနဲ့ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ The Lord of The Rings ဇာတ်ကားထဲက တောင်ကုန်းအောက်မှာ ဆောက်ထားတဲ့ အိမ်ကလေးများကို တွေ့မြင်ဖူးကြမှာပါ။ တကယ်တော့ ဒီဒေသလေးဟာ နယူးဇီလန်နိုင်ငံ Matamata Piako ခရိုင်အတွင်းမှာ တည်ရှိတဲ့ အေးချမ်းလှပတဲ့ နေရာလေးဖြစ်ပါတယ်။ ဒီလို ဒဏ္ဍာရီထဲကကျေးရွာလေးလို တည်ရှိနေတဲ့ အိမ်ကလေးများဟာ The Lord of The Rings ဇာတ်ကားများရိုက်ကူးရန်အတွက် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့ လှပဆန်းပြားတဲ့ အိမ်ကလေးပေါင်း ၃၇ လုံးအပြင် လမ်းကလေးများ ၊ ခြံဝင်းများ ၊ ပန်းဥယျာဉ်များကိုလည်း တည်ဆောက်ခဲ့ရခြင်း ဖြစ်ပါတယ်။ ထိုဒေသဟာ မြက်ခင်းများ ထူထပ်စွာပေါက်ရောက်နေပြီး ကျွဲ ၊ နွား နှင့် သိုးများအဓိက မွေးမြူတတ်ကြပြီး သိုးမွေးများလည်း များစွာထွက်ရှိရာ ဒေသတစ်ခု ဖြစ်ပါတယ်။ ယခုအခါ The Lord of The Rings ဇာတ်ကားကြောင့် ကျော်ကြားလာခဲ့ပြီး လှပပြီး အမြင်ဆန်းပြားတဲ့ အိမ်ကလေးများတည်ရှိရာ ထိုကျေးရွာလေးကို ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်တတ်တဲ့ အဓိကနေရာတစ်နေရာ ဖြစ်နေပါပြီ။ Hobbiton ရွာလေးကို ကြည့်လိုက်ရအောင်နော်…

Sunday, April 22, 2018

၃၆ နှစ်ကြာ တောင်ကမ်းပါးစောက်များကို ဖြတ်ကျော်ဖောက်လုပ်ခဲ့သည့် တာ့ဖား ရေမြောင်း

ရေမြောင်းတစ်ခု ဖောက်လုပ်တာ အထူးအဆန်းမဟုတ်ဘူးဟု ထင်ရပေမယ့် ယခုတာ့ဖားရေးမြောင်းကတော့ နှစ်ပေါင်း ၃၆ နှစ်ကြာအောင် ခက်ခက်ခဲခဲ ဖောက်လုပ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ထို့ပြင် ထိုရေမြောင်းဟာ တောင်သုံးလုံးကို ကျော်ကာ ဖောက်လုပ်ခဲ့ရခြင်းဖြစ်ပြီး မီတာ ၃၀၀ မှ ၄၀၀ ကျော်အထိ မြင့်တဲ့ ကျောက်တောင် ကမ်းပါးစောက်များကို ခက်ခက်ခဲခဲ ဖောက်လုပ်ခဲ့ရခြင်းဖြစ်ပါတယ်။ ထိုရေမြောင်းရဲ့ အရှည်ကတော့ မီတာ တစ်သောင်းကျော် (၆ မိုင်ကျော်) အထိရှည်လျားခဲ့ပါတယ်။

ဘာကြောင့် ထိုရေမြောင်းကို ဒီလောက်ဝေးဝေး ဒုက္ခခံကာ ဖောက်လုပ်ခဲ့ရသလဲဆိုတာ နောက်ခံအကြောင်းအရင်း ရှိပါတယ်။ တကယ်တော့ တရုတ်ပြည် အနောက်ပိုင်းဒေသရှိ ကျွေးယိမြို့ ၊ ထွမ်ကျယ်ရွာလေးဟာ လူသူအရောက်အပေါက်နည်းပြီး ရေအလွန်ရှားပါးတဲ့ ရွာလေးဖြစ်ပါတယ်။ သုံးရေမပြောနဲ့ သောက်ရေပင် ရှားပါးလှသည့် တောင်ကမ်းပါးများ ၀န်းရံနေတဲ့ ရွာလေးပါ။ ဒါကြောင့်လည်း ဒေသခံရွာသားများ အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို စိတ်ရှိသလို မလုပ်နိုင်ဘဲ ရေကိုချွေတာသုံးကြ၇ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ထိုရွာမှာ ဟွမ်တာ့ဖားဆိုသူ ရွာသူကြီးတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါတယ်။ သူရွာလူကြီး ဖြစ်ချိန်တွင် ရွာသားများရဲ့ ဆင်းရဲချို့တဲ့ရတဲ့ အကြောင်းအရင်းကို ဆန်းစစ်ကြည့်ပါတယ်။ သူ အဓိကမြင်တာကတော့ သူ့ရွာမှာ ရေအလွန်ရှားပါးမှုကြောင့်ပဲ ဖြစ်ပါတယ်။ ရေရှားပါးမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ မြေရှိသလောက် မလုပ်ကိုင်နိုင်ပဲ စားလောက်ယုံအနည်းငယ်သာ စိုက်ကြရပါတယ်။ မွေးမြူရေးလည်း မလုပ်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့်လည်း ရွာအတွက် မရှိမဖြစ် တူးမြောင်းတစ်ခု ဖောက်လုပ်ပေးဖို့ ကြံစည်ခဲ့ပါတယ်။

ကမ္ဘာကျော် အအိပ်ကြီးကြသူများ

ကြိုက်မရှက် ၊ ငိုက်မရှက်တဲ့။ ဒီစကားလေးအတိုင်း တကယ်အိပ်ချင်လာရင် လူကြားသူကြားမရှောင် ခြေပစ်လက်ပစ် အိပ်တတ် ငိုက်တတ်ကြပုံလေးများကို စုစည်းတင်ပေးလိုက်ပါတယ်။ ကြည့်ရှု့ပြီး ပြူံးပျော်ရွှင်လန်းနိုင်ကြပါစေဗျာ …

ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ကျွန်းကလေး

ကင်ညာနိုင်ငံမှ ဘောလုံးကွင်းတစ်ကွင်း၏ တ၀က်ခန့်သာ အကျယ်အ၀န်းရှိသော Migingo ကျွန်းကလေးပေါ်တွင် လူအများစုပုံနေထိုင်ကြသောကြောင့် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးကျွန်းအဖြစ် သတ်မှတ်ကြပါသည်။ Migingo ကျွန်းကလေးသည် အာဖရိကတိုက်၏ အကြီးဆုံးကန်ကြီးဖြစ်သည့် ဗစ်တိုးရီးယားကန်ကြီးအတွင်း တည်ရှိနေသည့် သေးငယ်ကျဉ်းမြောင်းသည့် ကျောက်ဆောင်ကျွန်းကလေးပင် ဖြစ်ပါသည်။
ဗစ်တိုးရီးယားကန်ကြီးသည် အပူပိုင်းဒေသရှိ ကန်ကြီးများတွင်လည်း အကြီးဆုံးဖြစ်ပါသည်။

Migingo ကျွန်းကလေးသည် ၀.၄၉ ဧကသာ ကျယ်ပြီး တရားဝင်နေထိုင်သူ ၁၃၁ ဦး (၂၀၀၉ ခုနှစ်စာရင်း) နေထိုင်ပြီး လုပ်ငန်းများနှင့် ဆက်စပ်ကာ လာရောက်နေထိုင်နေသူပေါင်း ၁၀၀၀ ကျော်အထိ ရှိကြပါသည်။ တရားဝင် အခြေချနေထိုင်သူ ၁၃၁ ဦးသာ ရှိသဖြင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးကျွန်းများတွင် အဆင့်(၃) ဟုသတ်မှတ်ထားသော်လည်း အခြားလာရောက်နေထိုင်လုပ်ကိုင် စားသောက်သူပေါင်း ၁၀၀၀ ကျော်ကိုပါ ထည့်သွင်းတွက်ချက်လျှင် ကျွန်း၏အကျယ်အ၀န်း သေးငယ်မှုကြောင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ကျွန်းအဖြစ်လည်း အများကသတ်မှတ်ကြခြင်း ဖြစ်ပါသည်။

ထိုကျွန်းကလေးတည်ရှိရာ အနီးတ၀ိုက်တွင် ငါးများအလွန်ပေါသောကြောင့် ငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးသူများ ၊ ရောင်းဝယ်ဖောက်ကားသူများစသည်ဖြင့် အများအပြား လာရောက်နေထိုင်ကြခြင်း ဖြစ်ပါသည်။

သဘာဝ သစ်ရွက် ပန်းပွင့်ပန်းခက်များဖြင့် ဖန်တီးထားသော ပုံများ (၁၀)

သဘာဝ ပန်းပွင့်ပန်းခက်များ ၊ သစ်ရွက်ကလေးများကို နေရာတကျ စီစဉ်ကာပုံလေးများအဖြစ် ဖန်တီးပုံဖော်ထားခြင်းပါ။ Helen Ahpornsiri ဆိုသူပညာရှင်တစ်ဦးမှ ဖန်တီးထားမှုများဖြစ်ပြီး သူမရဲ့ပုံလေးများရဲ့ ထူးခြားချက်မှာ အသေးစိတ် အရောင်အသွေးစုံလင်ပြီး လက်ရာမြောက် သေသပ်လှပမှုတို့ ဖြစ်ပါတယ်။


အသက်ဝင်လှပသော 3D ပန်းချီများ (၁၀)

ယခုတွေ့မြင်ရတဲ့ 3D ပန်းချီပုံလေးများကတော့ အနုပညာရှင် Nikola Culjic ရဲ့လက်ရာများ ဖြစ်ပါတယ်။


မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၄ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...

အနုစိတ် လက်ရာမြောက်လှသော ခဲသားပန်းပုရုပ်ကလေးများ (၆)

သေးငယ်တဲ့ ခဲတံခဲသားများပေါ်မှာ အနုစိတ်လက်ရာမြောက် ပန်းပုရုပ်ကလေးများအကြောင်း ယခင်က တင်ပေးဖူးပါတယ်။ ယခုလည်း Salavat Fidai ရဲ့ အနုစိတ် လက်ရာမြောက် ပန်းပုလေးများကို စုစည်း တင်ပေးလိုက်ပါတယ်။ သူရဲ့ ပန်းပုရုပ်လေးများကို အပြင်မှာ ကောင်းကောင်းကြည့်လိုရင် မှန်ဘီလူးတစ်လက်တော့ လိုပါတယ်။


Friday, April 6, 2018

အဆုံးမရှိစကြာဝ ဠာ

၁၉ ၉ ၀ ခုနှစ်ကတဲက နာဆာကနေ အာကာသတွင်း လွတ်တင်ထားခဲ့တဲ့ ဟလ်ဘယ် တယ်လီစကုတ် အာကာသယာဉ် (လူမပါ ) ဟာ စကြာဝ ဠာအတွင်း ဆက်လက်ခရီးနှင်နေပြီး မြေပြင်ကို ပုံတွေရိုက်ကူးပေးပို့ နေပါတယ်။

ကမ္ဘာမြေကနေ အလင်းနှစ် သန်းပေါင်း၃၅၀ (အလင်းနှစ်သည့် အာကာသဆိုင်ရာအတိုင်းအတာတခု ဖြစ်ပြီး  တစက်ကန့် လျှင် ကီလို မီတာသုံးသိန်းဖြစ်သည် ၊ ဥပမာ တနှစ်ကြာ အလင်းဖြတ်သွားသည်ကြချိန် အလင်းတနှစ်ဟုခေါ်ပါသည်၊ လနှင့် ကမ္ဘာအကွာအဝေးမှာ မိုင်ပေါင်း ၂၄၀၀၀၀ ရှိသဖြင့် အလင်းနှစ် တစက်ကန့် ကျော်သာရှိသည်) အကွာအဝေးမှာ မြင်တွေ့ ရတဲ့ စကြာဝ ဠာအစုအဝေးပုံတွေဖြစ်ပါတယ်။  .
Credit:SAW








Related Posts Plugin for WordPress, Blogger...