Sunday, April 29, 2018

ကမ္ဘာ့အသေးဆုံးဖုန်းလေး Zanco Tiny T1


ယခုခေတ်ဖုန်းအသုံးပြုသူများသည် စမတ်ဖုန်းဆိုလျှင် ဖုန်းမျက်နှာပြင်ကြီးကြီး ၊ အရည်အသွေးကောင်းကောင်း ၊ လုပ်ဆောင်ချက်စုံလင် ပေါ့ပါးကြတာကို ရွေးချယ်တတ်ကြပါသည်။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးဖြင့် ဖုန်းသေးသေးသာ ကိုင်ဆောင်ခြင်ကြသူများလည်း ရှိတတ်ကြပါသည်။

ထိုသူများအတွက် ယခု Zanco Tiny T1 ဖုန်းလေးကတော့ လိုအပ်တာထက်တောင် ပိုသေးနေပါသေးသည်။ ထိုဖုန်းလေးကို 0.49 လက်မသာရှိသည့် OLED screen အမျိုးအစားအသုံးပြုထားပြီး 64×12 pixels ရှိပါသည်။ အလေးချိန်အားဖြင့် 13 g ပဲရှိပါသည်။

Zanco Tiny T1 ဖုန်းလေးတွင် ဖုန်းအဆက်အသွယ်ပေါင်း ၃၀၀ အထိ မှတ်သားထားနိုင်သလို ဖုန်းခေါ်ဆိုခြင်း ၊ စာတိုmessage ပေးပို့ခြင်းကဲ့သို့ မိုဘိုင်းဖုန်းနှင့် ပတ်သတ်သည့် လုပ်ဆောင်ချက်များကို ပြည့်စုံစွာပါဝင်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...