Sunday, April 29, 2018

ကမ္ဘာလှည့်နေသည့် ပင်လယ်ပျော်ဘဲရုပ်ကြီး

အလွန်ကြီးမားလှတဲ့ ဘဲရုပ်ကြီးတစ်ရုပ်ဟာ ကမ္ဘာ့နိုင်ငံ အများအပြားကို ပင်လယ်ခရီးနဲ့ လှည့်လည်နေတာ ကြာပါပြီ။ ၂၀၀၇ ခုနှစ်ကတည်းက ဒတ်ခ်ျအနုပညာရှင် Florentijn Hofman က ဖန်တီးထားပြီး ပင်လယ်ထဲ မျှောလိုက်တဲ့ ရော်ဘာနဲ့ပြုလုပ်ထားတဲ့ ဘဲရုပ်ကြီးပါ။ အခုဆိုရင် ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ဆိပ်ကမ်းမြို့များကို လည်ပတ်မျောပါနေတာ ၁၀ နှစ်ကျော်ကြာလာပါပြီ။

ထိုရော်ဘာဘဲရုပ်ကြီးဟာ အမြင့် 18 m အထိရှိပါတယ်။ ဒါဟာ ၆ ထပ်တိုက်တစ်တိုက်ရဲ့ အမြင့်နဲ့ အတူတူပါပဲ။ ထိုအရုပ်ကြီးကို မျောပါရောက်ရှိလာတဲ့ နိုင်ငံများသည် ခေတ္တခဏသာထားတာ ပင်လယ်ထဲ ပြန်မျှောပေးလိုက်ကြပါတယ်။ ဒါကြောင့်လည်း ဘဲရုပ်ကြီးအနေနဲ့ နိုင်ငံအသီးသီးကို ခြေဆန့်ကာ ပင်လယ်ပျော်ကြီးအဖြစ် လည်ပတ်နေနိုင်ခြင်း ဖြစ်ပါတယ်။ ဘဲရုပ်ကြီး ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ရောက်လာလျှင် ကမ္ဘာ့မီဒီယာများတွင် ဝိုင်းဝန်းဖော်ပြကြသလို လာရောက်လည်ပတ်ကြည့်ရှု့သူ များပြားလှပါတယ်။

ယခုလည်း ၂၀၁၇ ၊ ဒီဇင်ဘာလထဲတွင် တရုတ်နိုင်ငံ ၊ ကူမင်းမြို့သို့ အကြိမ် ၃၀ မြောက် ဆိပ်ကမ်းမြို့သို့ ဆိုက်ရောက်ခြင်းအဖြစ် ရောက်ရှိလာသော ပုံများဖြစ်ပါတယ်။ ယခင်ကလည်း တရုတ်နိုင်ငံသို့ ၂၀၁၃ ခုတွင် ဘေဂျင်း နှင့် ၂၀၁၄ ခုနှစ်တွင် ရှန်ဟိုင်းမြို့များသို့ လာရောက်လည်ပတ်ဖူးပါတယ်။ ယခုလည်း အကြိမ် ၃၀ မြောက် ဆိုက်ကပ်ခြင်း ဖြစ်သလို ထပ်မံပြီး နောက်ထပ် နိုင်ငံအသီးသီးကို လည်ပတ်နေအုံးမည် ဖြစ်ပါတယ်။




သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...