Tuesday, August 14, 2012

အသက်အငယ်ဆုံး ဂီတပညာရှင်



အသက်၁၁နှစ်သာ ရှိသေးသည့် အီသန်ဘော်နစ်က နယူးယောက်မြို့ရှိ တစ်ကိုယ်တော်ဖျော်ဖြေပွဲများမှာ ထူးချွန်စွာ လက်စွမ်းပြနိုင်ခဲ့၍ အသက်အငယ်ဆုံး ဂီတပညာရှင်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှာ မှတ်တမ်းတင်သွားပြီဖြစ်သည်။ ၂၀၁၀ခုနှစ်၊ အောက်တိုဘာလ၊ သုံးရက်မှာ သူ့အသက်ကိုးနှစ်၊ ကိုးလနှင့် ကိုးရက်ပြည့်ချိန်ကတည်းက အီသန်သည် အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်က ဂီတဖျော်ဖြေရေး ပွဲတော်မှာ ကိုယ်ပိုင်သံစဉ်များနှင့် လက်စွမ်းပြခဲ့ပြီးဖြစ်သည်။ သူသည် အသက်သုံးနှစ်မှာကတည်းက စန္ဒရားကို စတင်တီးခတ်ခဲ့ပြီး၊ အသက်ငါးနှစ်အရွယ်မှာ ကိုယ်ပိုင်သံစဉ်များကိုပါ သီကုံးစပ်ဆိုနိုင်ပြီဖြစ်သည်။ အီသန်က ပြည်တွင်းမှာသာမက၊နိုင်ငံတကာရုပ်မြင်သံကြား အစီအစဉ်များမှာပါ အော်ပရာဝင်းဖရေးနှင့် တွဲဖက်ဖျော်ဖြေနိုင်ခဲ့သည်။ သူ့ဂီတဖျော်ဖြေပွဲများမှ ရရှိလာသည့် အကျိုးအမြတ် ကန်ဒေါ်လာသန်း၃၀ခန့်ကို ပရဟိတလုပ်ငန်းများအား လှူဒါန်းထားသလို၊ လူငယ်များကိုလည်း သူ့ကိုအားကျပြီး အတုယူနိုင်ရန် လမ်းပြနိုင်ခဲ့သည်။
REF: ပြည်မြန်မာ

ကမ္ဘာ့အကြီးဆုံး မြေပုံစာအုပ်ကြီး



လန်ဒန်က ဗြိတိန်စာကြည့်တိုက်မှာ အလျားခြောက်ပေ(၁.၈၅၄)၊ အနံငါးပေ(၁.၄၅မီတာ)ရှိပြီး၊ ၄၄၀ပေါင်(၂၀၀ကီလိုဂရမ်)လေးလံတဲ့ ကမ္ဘာ့မြေပုံစာအုပ်ကြီးဟာ အခုအချိန်မှာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်သွားပါပြီ။ ဒီစာအုပ်မှာ ဂြိုဟ်တုကရိုက်ယူထားတဲ့ ဓာတ်ပုံထောင် ပေါင်းများစွာပါဝင်ပြီး၊ စာမျက်နှာ ၆၁မျက်နှာရှိပါတယ်။ ကမ္ဘာတစ်လွှားက စာဖတ်ပရိသတ်တွေက ဒီစာအုပ်ကို လိုချင်နေပေမယ့် ဒီစာအုပ်ဟာ တစ်ကမ္ဘာလုံးမှာမှ ၃၁အုပ်စာပဲ ပုံနှိပ်ထားပါတယ်။
REF: ပြည်မြန်မာ

အမှတ်တမဲ့အလွဲများ(၁၀)

အမှတ်တမဲ့ အလွဲများ (၁၀) ပါဗျာ...
အဟဲ...ဒီကလေးငယ်ပေမဲ့ ဇကမသေးဘူးနော်...

Related Posts Plugin for WordPress, Blogger...