
အသက် ၄၂ နှစ်အရွယ်ရှိ ဂယ်ရီကွန်နရီဆိုသူသည် တောင်ပံဝတ်စုံကို ၀တ်ဆင်ကာ
လေထီးလုံးဝမပါဘဲ ပေပေါင်း၂၄၀၀ အမြင့်မှနေ၍ ကတ်ထူဘူးများပေါ်သို့
ခုန်ချခဲ့ကြောင်း DMသတင်းဌာနက မေလ၂၃ ရက်နေ့တွင် ဖော်ပြသည်။ ယင်းသို့
ခုန်ချရာတွင် သူသည် တစ်နာရီလျှင် မိုင်၆၀နှုန်းဖြင့်
ကျဆင်းခဲ့သည်။ယင်းကဲ့သို့အောင်မြင်စွာ ခုန်ချနိုင်ခဲ့ပြီးနောက် သူသည်
လေထီးမပါဘဲ ကောင်းကင်မှခုန်ချခဲ့သည့် ကမ္ဘာ့ပထမဆုံး လူသားဖြစ်လာခဲ့သည်။
သူသည် ဗြိတိန်နိုင်ငံ ဘာကင်ဟမ်ရှိုင်းယားပြည်နယ် မာလိုးဒေသရှိ
လယ်ကွင်းတစ်ကွင်း အထက်တွင် ပျံဝဲနေသော ရဟတ်ယာဉ်ပေါ်မှနေ၍
ခုန်ချခဲ့ခြင်းဖြစ်သည်။ သူသည် ကတ်ထူဘူးပေါင်း ၁၈,၆၀၀ကို ၁၂ပေ မြင့်အောင်
ထပ်ထားအပေါ်သို့ ခုန်ချခဲ့ခြင်းဖြစ်သည်။ခင်းထားသော ကတ်ထူဘူးများ၏ စုစုပေါင်း
ထုထည်သည် ပေ၄၀ရှိကြောင်း သိရသည်။
ref: ပြည်မြန်မာ