
ပုဂ္ဂလိက ကုမ္ဂဏီတစ်ခုက ရေပေါ်မှာ အလွယ်တကူလှုပ်ရှားသွား လာနိုင်အောင် ဖန်တီးထားသည့် Orsosကျွန်းကို စင်ကာပူဒေါ်လာ ၈ဒဿမ၆သန်းဖြင့် ရောင်းချမည်ဟုဆိုသည်။ ၃၇မီတာ(ပေ၁ဝဝကျော်) ရှည်လျားသည့် အဆိုပါကျွန်းမှာ စက်ပစ္စည်းများ တပ်ဆင်ထားခြင်းမရှိဘဲ ရေပေါ်မှာ ပေါလောမျောပါ နေနိုင်သည်ဟု ယင်းကျွန်းကိုတည်ထောင်သူ Gabor Orsosက ပြောကြားသည်။ ဒီကျွန်းကို ဝယ်ဖို့အတွက် ကမ္ဘာတစ်လွှားက လူအများကြီးက စိတ်ဝင်စားကြတယ်ဗျ။ ဝယ်ချင်တဲ့သူတွေက ကျုပ်ကိုစရံငွေတောင် ကြိုပေးထားကြတယ်ဗျ" ဟုဟန်ဂေရီနိုင်ငံသား စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးကဆိုသည်။ အဆိုပါကျွန်းမှာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတမျှတမှုရှိပြီး ယင်းကျွန်းတွင်သုံးသော စွမ်းအင်များအတွက် နေရောင်ခြည်စွမ်းအင်နှင့် လေအားလျှပ်စစ်စွမ်းအင်တို့ကိုသာ မှီခိုထားသောကြောင့် စွမ်းအင်ဖူလုံသည်ဟုလည်း သိရသည်။ အဆိုပါကျွန်းမှာ လူ၁၂ယောက်စာနေနိုင်သော ၁ဝဝဝစတုရန်းမီတာ ကျယ်ဝန်းသည့် လူနေအဆောက်အဦးများလည်း ရှိသည်။
ref: ပြည်မြန်မာ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။