Wednesday, December 30, 2015
ကမ္ဘာ့အကြီးဆုံး ကန္တာရကြီးများ
ကမ္ဘာ့အကြီးဆုံး ကန္တာရများအကြောင်းကို တင်ပြပေးချင်ပါသည်။
ကန္တာရဆိုလျှင် သဲပြင် အတိပြီးသော သဲကန္တာရများကိုသာ မြင်ယောင်တတ်ကြပါသည်။
သို့ပေမယ့် ကန္တာရဆိုသည်မှာ တစ်နှစ်လျှင် မိုးရေ(သို့) ဆီးနှင်းများ ကျရောက်မှု
၁၀ လက်မ (254 millimeters) ထက်နည်းပြီး ကျရောက်ရာဒေသတွေကို ဆိုလိုပါသည်။
ထို့နောက် ကန္တာရ (Desert) အတွင်းတွင် အပင်နှင့် တိရိစ္ဆာန်များ မရှိသလောက် နည်းပါးကြပါသည်။
ထို့ကြောင့် ကမ္ဘာ့အကြီးဆုံးကန္တာရ များအကြောင်းရေးလျှင် သဲကန္တာရ များသာမက
ကန္တာရ အင်္ဂါရပ်နှင့်ညီသော ရေခဲပြင် ကန္တာရကိုပါ ထည့်သွင်းတတ်ကြပါသည်။
(၁) မှ (၁၀) အထိ စုစည်းတင်ပြပေးလိုက်ပါသည်။
( ၁ ) အန္တာတိက (Antarctica )
Antarctica 6 900x450
ကမ္ဘာတောင်ဝင်ရိုးစွန်းတွင် တည်ရှိသော အန္တာတိက ဒေသသည် ကမ္ဘာ့အကြီးဆုံး
ကန္တာရ အဖြစ် မှတ်တမ်းတင်ထားကြပါသည်။Cold Winter အမျိုးအစား ကန္တာရတစ်ခု
ဖြစ်သည်နှင့်အညီ ရေခဲပြင်များသာ ဖုံးအုပ်နေကြပါသည်။ ကန္တာရတစ်ခု အဓိပ္ပါယ်သတ်မှတ်ချက်
များနှင့်လည်းကိုက်ညီမှု ရှိပါသည်။ ပျမ်းမျှအားဖြင့် တစ်နှစ်ကို ဆီးနှင်းများ 2 လက်မ (50 millimeters)
ထက်နည်းပြီးတော့ ကျဆင်းပါသည်။ ကျယ်ပြောလှသော ရေခဲပြင်များက ၉၉ ရာခိုင်နှုန်းလောက်
ဖုံးအုပ်နေပါသည်။ 14,000,000 square kilometers  (သို့) 5,400,000 စတုရန်းမိုင် ကျယ်ပါသည်။
2 537px Antarctica (orthographic projection) svg
Monday, December 28, 2015
ရှားပါး ကြောင်မျိုးနွယ်ဝင်များ
(1)Bobcat
ကြီးမားတဲ့ ကြောင်မျိုးနွယ်ဝင် bobcat ဟာ အမေရိက မြောက်ပိုင်းမှာနေထိုင်ကျက်စားပါတယ်။
ဖြစ်ပါတယ်။သူတို့ ဟာအများအားဖြင့်ကြီးမားသောကိုယ်ထည် ရှိကြပြီး တစ်ကောင်တည်း အမဲလိုက်
ကြပါတယ်။
အံ့ဖွယ်လက်ရာ အနုပညာ
ဒီတစ်ပတ် ထူးထူးခြားခြားအနုပညာ ကတော့ စိတ်ကူးကောင်းပါတယ်။
Zac Freeman ဆိုတဲ့ လူတစ်ယောက်ဟာ စွန့် ပစ်အရာများနဲ့ လက်ရာမြောက်စွာ
ဖန်တီးမှုပါ။ သူဟာ ကြယ်သီးဟောင်းများ ၊ ကီးဘုတ်သရေသီး အဟောင်းများနဲ့ 
အခြားစွန့် ပစ်အရာ အသေးအမွှား များနဲ့ အံ့ဖွယ်ဖန်တီးမှုများကိုအားပေးလိုက်ကြပါအုံးနော်။ 
https://lh3.googleusercontent.com/-u9Nl1cClBrA/UBAgmmQIOwI/AAAAAAAAAME/_D-Otvdsats/s400/index.jpg
465x572xzacfreeman 325354345 large jpg pagespeed
Saturday, December 26, 2015
ထူးခြားလှပတောင်ပေါ်မြို့ ကလေး(၅) Ronda
Ronda 2
ဒီတစ်ခါတင်ပြပေးချင်တဲ့ လှပတဲ့တောင်ပေါ်မြို့ကလေးကတော့ စပိန်နိုင်ငံမှတည်ရှိတဲ့
Ronda မြို့ကလေးအကြောင်းပဲဖြစ်ပါသည်။ ဒီမြို့ကလေးသည် စပိန်နိုင်ငံ Malaga
စီရင်စု ထဲမှာ တည်ရှိပြီး Malaga မြို့၏အနောက်ဘက် ၆၁ မိုင်အကွာမှာတည်ရှိပါသည်။
ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ Andalusiaဒေသအတွင်းပါဝင်ပါသည်။
ပျမ်းမျှလူဦးရေကတော့ ၃၅၀၀၀ ခန့်ရှိပါသည်။
411558671 ruta de los pueblos blancos white town
Wednesday, December 23, 2015
ကမ္ဘာပေါ်မှတွင်းပေါက်ကြီးများ
ကမ္ဘာပေါ်မှ တွင်းပေါက်ကြီးများကို တင်ပေးတာပါ။
ဖြစ်ပေါ်လာတာပါ။အရမ်းကြီးမားတဲ့ တွင်းကြီးတွေကြတော့ လူတွေရဲ့
အဖိုးတန် ရတနာများကို တူးယူသောကြောင့်ဖြစ်ပေါ်လာတာပါ။
ကျွန်တော်တို့ လူသားတွေဟာ ကိုယ်နေထိုင်တဲ့ ကမ္ဘာကြီးကို ပြန်လည်ပြီး
အပေါက်တွေဖောက်နေကြတာကို တွေ့ မြင်ရမှာပါဗျာ...
(၁)Chuquicamata, Chile
index
ဒီတွင်းကြီးကတော့ ချီလီနိုင်ငံမှာပါ။ကြေးနီမိုင်းတွင်းပါ။မိုင်းတွင်းအနက်
850 m ရှိပြီး  ကမ္ဘာကြေးနီအများဆုံးထုတ်လုပ်ရာနေရာပါ။
(၂)Udachnaya Pipe, Russia
2 800px Udachnaya pipe 
 ဒီတွင်းပေါက်ကြီးကတော့ ရုရှား နိုင်ငံက စိန်တွင်းကြီးပါ။
1955 ခုနှစ်ထဲကတွေ့ ရှိထုတ်လုပ်ခဲ့တဲ့ ဒီစိန်တွင်းဟာ 600 m
နက်ပါတယ်။
Tuesday, December 22, 2015
အသဲထိပ်ဖွယ် ရှုခင်းကြည့်လျှောက်လမ်းများ
အရင်က ကောင်းကင်လျှောက်လမ်းဆိုပြီး တစ်ခုတင်ပေးဖူးပါတယ်။
အခုတော့ (၁၀)မျိုးတင်ပေးပါမယ်...
(၁) Top of Tyrol
   Austria မှာရှိတာပါ။
နှစ်သစ်ကူးနေ့ သတ်မှတ်ခဲ့ပုံများ
new year
ကမ္ဘာတစ်ဝန်းဒေသ အသီးသီးတွင် နှစ်သစ်ကူးနေ့ကို ပျော်ရွှင်စွာ ကျင်းပတတ်ကြပါသည်။
အထူးသဖြင့် အနောက်နိုင်ငံများတွင် ဇန်န၀ါရီ ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့ အဖြစ်
ကျင်းပကြပြီး ယခုအခါတွင် ထိုအလေ့အထသည် ကမ္ဘာတ၀န်းလုံးမှ လက်ခံကျင်းပ
နေကြပါသည်။ သို့သော် ထိုအနောက်နိုင်ငံများတွင်ပင် မူလက ဇန်န၀ါရီလ ၁ ရက်နေ့
တွင် ကျင်းပခြင်းမဟုတ်ပဲ နောက်ပိုင်းကျမှ ပြောင်းလဲကျင်းပခဲ့ကြခြင်းဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် လူမျိုးအလိုက်၊ဘာသာအလိုက် ကိုယ့်မူဖြင့်ကိုယ် နှစ်များကို ရေတွက်
မှတ်သားခြင်း အလေ့သည် လူ့ယဉ်ကျေးမှု ထွန်းကားလာချိန်တကည်းက ရှိခဲ့ကြပါသည်။
နှစ်တစ်နှစ် ကုန်ဆုံးပြီးနောက်တစ်နှစ်၏ အဦးအစရက်တွင် နှစ်သစ်ကူးပွဲကျင်းပလေ့
ရှိကြမည်ဟု ခန့်မှန်းကြသော်လည်း မည်သည့်အချိန်မှ စတင်၍ ကျင်းပခဲ့ကြောင်းတော့
အတိအကျ မသိရှိရပါ။
list 5 ancinet new year wepet renpet 152203454 E
Sunday, December 20, 2015
အကောင်ရေ သိန်းချီတဲ့ လင်းနို့ အသေကောင်တွေ ကောင်းကင်ကနေ ပြုတ်ကျလာ
swarm of bats 3001740 jpg?itok= Ub Lr5 NBz
သြစတြေးလျ ကို ဖြတ်သန်းသွားတဲ့ ပြင်းထန်တဲ့အပူလှိုင်းကြောင့် လင်းနို့ ကောင်ရေ တစ်သိန်းခန့်  ကောင်းကင်က ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အပူချိန်ဟာ ၄၃ ဒီဂရီဆဲလ်စီးယပ်စ် အထိမြင့်တက်ခဲ့ပြီး တောင်ပိုင်း ကွင်းစ်လန်းပြည်နယ်မှာ အခုလို လင်းနို့ အသေကောင်မိုးရွာချ ခဲ့တာဖြစ်တယ်လို့ သြစတြေးလျအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒီလင်းနို့ အသေကောင်တွေ ကောင်းကင်ကပြုတ်ကျမှုကြောင့် တစ်ချို့ မြို့ နယ်တွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပြီး စည်ပင်ဝန်ထမ်းတွေ ဟာလည်း ဒီအသေကောင်တွေကို သစ်ပင်ချုံပုတ်တွေကနေ ဖယ်ရှားပစ်ဖို့  အလုပ်ရှုပ်စေခဲ့တယ်လို့ သိရပါတယ်။ မြို့ သူမြို့ သားတွေဟာလည်း ဒီလင်းနို့ အသေကောင်တွေရဲ့ ပုပ်ပွ နံစော်တဲ့ အနံ့ ကို လေးရက်တိတိ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ အနည်းဆုံး ၁၆ ယောက်ရှိတဲ့ မြို့ ခံတွေဟာ သေခါနီးလင်းနို့ တွေရဲ့ ကုတ်ခြစ်ရာတွေကြောင့် ရောဂါပိုးကူးစက်မှုမခံရအောင် ကုသခဲ့ရပါတယ်။
“သူတို့ ကို သွားမကိုင်မထိကြပါနဲ့ ။ တစ်ချို့ ကောင်တွေက နာကျင်ပြီးရန်လိုနေကြတာပါ။ တကယ်လို့ သူတို့  ကြောင့် ခင်ဗျားတို့ အရေပြားတွေ ထိခိုက်ပွန်းပဲ့ခဲ့မယ်ဆိုရင် ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်” လို့ လင်းနို့  အသေကောင်တွေကို ရှင်းလင်းကယ်ဆယ်ရေးလုပ်နေတဲ့ အစီအစဉ်ရဲ့ အကြီးအကဲက မြို့ သားတွေကို သူတို့  ကိုယ်တိုင် ဒီအသေကောင်တွေကို မရှင်းလင်းဖို့ ကြေငြာသတိပေးခဲ့ပါတယ်။
Ref: mirror.co.uk
/Trend Myanmar
ကလေးဘ၀ကတည်းက မျက်စိကွယ်ခဲ့ရာကနေ စားပွဲခုံနဲ့ ခေါင်းဆောင့်မိပြီး မျက်စိပြန်မြင်လာတဲ့ အမျိုးသမီး
index 94
အသက် ၁၁ နှစ်အရွယ်ကတည်းက မျက်စိကွယ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ ကော်ဖီစားပွဲခုံနဲ့ ခေါင်းဆောင့်မိပြီး နောက်မှာ ထူးဆန်းစွာ အမြင်အာရုံ တစ်ချို့ တစ်ဝက်ပြန်ရခဲ့ပါတယ်။အကြိတ်က မျက်စိအာရုံကြောကို ဖိမိသလိုဖြစ်ပြီး ကလေးဘ၀ကတည်းက မျက်စိကွယ်ခဲ့ရသူ Lisa Reid ရဲ့ ဘ၀ဟာ တစ်ညမှာ အကြီးအကျယ်ပြောင်းလဲခဲ့ပါတယ်။
Lisa ဟာ ညအိပ်ရာဝင်ခါနီး သူမရဲ့လမ်းပြခွေးလေး Ami ကို အိပ်ရာဝင်အနမ်းလေးပေးဖို့ ဒူးထောက်ထိုင်လိုက် ချိန်မှာ ကော်ဖီစားပွဲခုံနဲ့ ခေါင်းဆောင့်မိသွားခဲ့ပါတယ်။ နာသွားတဲ့ခေါင်းကို ပွတ်ပြီး အိပ်ရာဝင်ခဲ့တဲ့ Lisa တစ်ယောက် မနက်မိုးလင်းချိန်မှာတော့ အမြင်အာရုံ တစ်စိတ်တစ်ပိုင်းပြန်ရနေတာကို ပျော်ရွှင်ဖွယ်ရာ တွေ့ မြင်ခဲ့ရပါတယ်။
“ ဘယ်လိုမျိုးခံစားရလဲဆိုတာကို ဖော်ပြဖို့ ကျွန်မစကားလုံးတောင်ရှာမရပါဘူး” လို့ သူမက Daily Mail Australia သတင်းဌာနကို ပြောပြခဲ့ပါတယ်။ သူမဟာ သာမန်လူတစ်ယောက်လို မျက်စိပြန်မြင်ခဲ့ရတာမဟုတ်ပေမယ့် စားပွဲခုံနဲ့ ခေါင်းနဲ့ ဆောင့်မိမှုဟာ  သူမကို အမြင်အာရုံ တစ်စိတ်တစ်ပိုင်းပြန်ရစေခဲ့လဲဆိုတာကို အခုထိ ဘယ်သူမှရှင်းပြနိုင်ခြင်းမရှိသေးပါဘူး။
နံရံပေါ်မှအနုပညာ
ထူးထူးခြားခြား အနုပညာ များကို အရင်ကလဲ ရှာဖွေ တင်ပြခဲ့ပါတယ်။
အနုစိတ်နိုင်လွန်း ပြီး တော်ရုံလိုက်မလုပ်နိုင် ၊ မတွေးနိုင်တဲ့ အနုပညာမြောက်
ဖန်တီးမှုများပါ။ အခုလဲ ၀က်အူရစ်တိုင်များ ဖြင့် စိတ်ရှည် ၊ လက်ရှည်ဖန်တီးထား
သော ပုံများကို တင်ပြပေးပါ့မယ်။ ဖန်တီးသူ Andrew Myers ၏ ကြိုးပန်းချက်ကို
ဝိုင်းဝန်ချီးကျူး လိုက်ရအောင်နော်...
ဒီလိုလက်ရာမြောက်တဲ့ ပုံတစ်ခုဖြစ်ဖို့ Myers ဟာ ၀က်အူရစ်ပေါင်း ထောင်ပေါင်းများစွာ
ကို အသုံးပြုခဲ့ရပါတယ်။ ထိုဝက်အူရစ်များကို အနိမ့်အမြင့် မတူစေပဲ ထည့်သွင်းပေးခြင်းအားဖြင့်
3Dပုံများရရှိအောင် ကြိုးစားဖန်တီးခဲ့ပါတယ်။
1082062719
ကမ္ဘာတလွှားတောင်ပေါ်လမ်းများ (၁)
(၁)ကမ္ဘာတလွှားမှာရှိတဲ့ လှပပြီး အသဲယားစဖွယ်ကောင်းတဲ့တောင်ပေါ်လမ်းများကိုတင်ပြပါမယ်နော်...
ကဲပထမဆုံးအနေနဲ့  လှပတဲ့လမ်းကလေးနဲ့ စလိုက်ရအောင်နော်...
ဒါကတော့ ပြင်သစ်နိုင်ငံ မှာရှိတဲ့ Colde Turini လမ်းပါ...
130131066147
ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ဒီလမ်းလေးဟာ ပင်လယ်ပြင်အမှတ်ထက် (၁)မိုင်ကျော်မြင့်ပါတယ်...
Saturday, December 19, 2015
အမှတ်တမဲ့ အလွဲများ ( ၄၅ )
ဒီတစ်ပတ်အတွက် ထပ်ပြီး တင်ပေးလိုက်ပါတယ်။
အားပေးကြပါအုံးဗျာ..........
ဒီနေ့  အိမ်ကလူတွေတော့ ငတ်ပါပြီ...
FB IMG 1445176192618
သြော်... ရင်ကို ထိတ်သွားတာပဲ
FB IMG 1442077024420
မြန်မာပြည်မှ အလွဲများ ( ၄ )
မြန်မာပြည်တွင်း ပြုံးရွှင်စရာကောင်းတဲ့ ပုံလေးတွေကို စုစည်းတင်ပြလာတာ
အပိုင်း(၄)ကိုရောက်လာပါပြီ။ Facebook မှာ မူရင်းတင်ကြသူများကိုရော
လာရောက် ပုံတင်ပေးသူ သူငယ်ချင်းများကိုရော ၊ အားလုံးကို ကျေးဇူးတင်
ပါသည်။  ဖြစ်တတ်ပျက်တတ် တာလေးတွေကို အပြုသဘောဆောင်ပြီး
ပြုံးပျော်ရွှင်မြူးစွာဖြင့် အားပေးနိုင်ကြပါစေဗျာ............
... နိုင်ငံခြားဇာတ်ကားတွေထက် သာတယ်နော်
FB IMG 1449404181296
တို့ ၀န်ကြီး ကတော့ ကားမစီးနိုင်ရှာပါဘူး....
FB IMG 1447039048656
Monday, December 14, 2015
ထူးခြားလှပသော ကမ္ဘာ့နေရာဒေသများ (၁)
(၁) Salar de Uyuni
Salar de Uyuni jpg 638x0 q80 crop smart
ပုံကိုကြည့်လျှင် သာမာန်ရေခဲပြင်ကြီး တစ်ခုလို့ ထင်စရာပါ။
သို့သော် ထိုနေရာသည် ကမ္ဘာ့အကြီးဆုံး ဆား မျက်နှာပြင်ကြီးဖြစ်ပါသည်။
ဘိုလီဗီးယားနိုင်ငံ ၏အနောက်တောင်ဘက်တွင် တည်ရှိပြီး ၄၀၈၆ စတုရန်းမိုင်
ကျယ်ဝန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၆၅၆ မီတာ(၁၁၉၉၅ ပေ)
အမြင့်မှာ တည်ရှိပါသည်။
(၂) Los Glaciares
Mt Fitz Roy jpg 638x0 q80 crop smart
အာဂျင်တီးနားနိုင်ငံ၏ အနောက်တောင်ဘက်တွင် ရှိပြီးချီလီနိုင်ငံနှင့် နယ်နမိတ်ချင်း
ဆက်စပ်နေပါသည်။ ၂၈၀၇ စတုရန်းမိုင် ကျယ်ဝန်းသော ဒီတောင်တန်းဒေသကို
အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ထားပါသည်။ လှပသော ရေခဲနေသော
အစိတ်အပိုင်းများစွာပါဝင်ပြီး ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်
သတ်မှတ်ထားပါသည်။
Sunday, December 13, 2015
ဒဏ္ဍာရီလာ သတ္တ၀ါဆန်းလား...Montauk Monster
http://i.imgsafe.org/e61e5a5.jpg
၂၀၀၈ ခုနှစ် ဇူလိုင်လ အတွင်း၌ အမေရိကန်နိုင်ငံ မွန်းတောက်ခရိုင်(Montauk)
အတွင်း ကမ်းခြေပေါ်တွင် အမျိုးအမည်မသိသော သတ္တ၀ါဆန်းတစ်ကောင်
လာရောက်သောင်တင်နေပါသည်။ ပထမဆုံး စတင်တွေ့ရှိခဲ့သူများမှာ
Montauk မြို့မှ အသက် ၂၆ နှစ်အရွယ် Jenna Hewitt နှင့် သူငယ်ချင်းသုံးယောက်
ကမ်းခြေတွင် လမ်းလျောက်နေရင်း အမှတ်မထင်တွေ့ရှိခဲ့ကြတာပါ။
ထိုသတ္တ၀ါသည် ပုံပါအတိုင်း ခွေးကဲ့သို့ခန္ဓာကိုယ် ရှိနေပြီး ခေါင်းပိုင်းကတော့
ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေပါသည်။ မည်သည့်သတ္တ၀ါဟု အမျိုးအမည်မသိ
သဖြင့် မွန်းတောက် မွန်းစတား ( Montauk Monster )ဟုသာ သတင်းစာစောင်
များတွင် ပါလာပါသည်။
http://i.imgsafe.org/b8dffef.jpg
Sunday, December 6, 2015
အမှတ်တမဲ့ အလွဲများ ( ၄၄ )
ဒီတစ်ပတ်အတွက် အလွဲများလာပါပြီ...
ဟင် ဘယ်လိုကြီးလဲဟ.......
http://i.imgsafe.org/4fe7e06.jpg
မှန်အကြည်နဲ့ဆိုတော့ ဘယ်လိုလုပ်ပြီးတတ်ရဲမှာလဲ
http://i.imgsafe.org/42e19dc.jpg
ကမ္ဘာ့ အသေးဆုံးအိမ်းလေး
http://i.imgsafe.org/0cef2a2.jpg
ကမ္ဘာ့ အသေးဆုံးအိမ်းလေး ကိုတင်ပေးပါမယ်။သူကတော့အေးအေးဆေးဆေး
နေချင်လို့ ဖန်တီးထားတာဖြစ်မှာပါ။ 1 square meter ရှိတဲ့ ဒီအိမ်းလေးကို
Van Bo Le-Mentzel ကတည်ထွင်ထားတာပါ။ဒီမှာ ဆိုရင်တော့ ကျူးကျော်
ဆိုပြီးအဖျက်ခံရနိုင်ပါတယ်နော်...
http://i.imgsafe.org/0ed320d.jpg
Friday, December 4, 2015
ထိပ်ပြားနေသောကမ္ဘာ့အကြီးဆုံးတောင်
http://i.imgsafe.org/27e7109.jpg
ထိပ်ပိုင်းပြားနေတဲ့တောင်တွေထဲမှာတော့ ဒီတောင်ကအကြီးဆုံးပါ...
ဒီRoraima တောင်ကိုတော့ ဗင်နီဇွဲလား နိုင်ငံမှာ တည်ရှိပါတယ်။
http://i.imgsafe.org/266cf52.jpg
ကမ္ဘာကျော် လီဒို-မြန်မာ လမ်းမကြီး
http://i.imgsafe.org/ee08de3.jpg
ကျွန်တော်တို့မြန်မာနိုင်ငံမှ ကမ္ဘာကျော်ခဲ့သော လမ်းမကြီးများ
ရှိကြပါသည်။ ထိုအထဲမှ ဒုတိယကမ္ဘာစစ်အတွင်းတွင် ကမ္ဘာကျော်
လမ်းမကြီးများအဖြစ်ဖောက်လုပ်ခဲ့သော လီဒို - မြန်မာ လမ်းမကြီးနှင့်
သေမင်းတမာန် မီးရထားလမ်းတို့မှာ နာမည်ဆိုးနှင့်ရော ခက်ခဲကြမ်းတမ်းမှု
များကိုအောင်မြင်စွာ ကျော်လွှားနိုင်ခဲ့မှုတွင်ပါ နာမည်ကျော်ခဲ့ကြပါသည်။
ထိုအထဲမှ ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယနိုင်ငံ မှ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး
တရုတ်နိုင်ငံကိုစစ်လက်နက် ပစ္စည်းကိရိယာများ သယ်ပို့ရန်ဖောက်လုပ်ခဲ့သော
လီဒို လမ်းမကြီးသည် အလွန်ထူးခြားသည့် အင်ဂျင်နီယာ လက်ရာများတွင်
တစ်ခုအပါအ၀င်ဖြစ်ပါသည်။
http://i.imgsafe.org/eb4e5a2.jpg
Related Posts Plugin for WordPress, Blogger...