သူတို့ ရဲ့ အစားအစာကတော့ ယုန်ငယ်၊ယုန်ကြီးများ ၊ သမင်များနှင့် သေးငယ်သော ရှဥ့် ၊ ကြွက်များ
ဖြစ်ပါတယ်။သူတို့ ဟာအများအားဖြင့်ကြီးမားသောကိုယ်ထည် ရှိကြပြီး တစ်ကောင်တည်း အမဲလိုက်
ကြပါတယ်။
(2)Ocelot
Ocelot ကြောင်မျိုးများဟာ အပြင်ပန်းကြည့်ရင် အများအားဖြင့် အိမ်မွေးကြောင် များနှင့်ဆင်တူကြပါတယ်။
သူတို့ ရဲ့ အမွှေးဟာ ကျားသစ် (သို့ ) အမေရိက အလယ်ပိုင်း ဂျာဂွာကျားသစ်မျိုး နှင့်ဆင်ကြတယ်။
ရှဥ့် ၊ ကြွက်နှင့် အိမ်မြှောင်လို အကောင်မျိုး များအပြင် သမင်တို့ ဟာ သူကြိုက်တဲ့ အစာတွေပါ။
သူတို့ ကိုအများဆုံးတွေ့ ရတာကတော့ တောင်အမေရိက ၊ အလယ်အမေရိက နှင့် Mexico မှာပါ။
(3) Caracal Cat
သိကြပါသည်။အာဖရိက ရွှေကြောင် နှင့် ဆက်စပ်ကြပါတယ်။ သူတို့ ရဲ့ သစ်ပင်တက် နှင့် ခုန်လွှားခြင်းဟာ အရမ်း
ကောင်းပါတယ်။ တစ်ညတာလုံးအမဲ လိုက်တက်ကြတယ်။ သူတို့ ဟာ ရှဥ့် ၊ ကြွက်နှင့် တောဆိတ်လို အကောင်မျိုး
များအပြင် ရံဖန်ရံခါ ငှက်ကုလားအုတ် များကိုပါ ရအောင်ဖမ်းကြပါတယ်။ သူတို့ ကို အာရှတိုက်အနောက်ပိုင်းနှင့်
အာဖရိက ဘက်မှာ အများဆုံးတွေ့ ရပါတယ်။
(4) Jaguarundi
Jaguarundi ကြောင်ကြီးများကို Mexico ၊ အလယ်ပိုင်း နှင့်တောင်ပိုင်းအမေရိကမှာ တွေ့ ရပါသည်။
သူတို့ ဟာ ဖျံနှင့် တူကြပေမယ့် အရောင်ကတော့ခြောက်သွေ့ ကြပါသည်။နားရွက်တွေကလဲ ၀ိုင်းကြပါ
သည်။စပိန်လူမျိုးတွေကတော့ သူတို့ ကိုခြင်္သေ့ငယ်လေး တွေလို့ ခေါ်ကြပါသည်။
သူတို့ ဟာတစ်နေကုန်အမဲလိုက်ကြပြီး ၊ ယုန်များ၊ငှက်များ နှင့် သစ်သီးအချို့ ကိုလဲစားသုံးကြပါသည်။
(5)Marbled Cat
သူတို့ ဟာ အစာရှာဖွေချိန်အရွယ်မျိုးမှာ 45cm ရှိတက်ကြသည်။သူတို့ ဟာ india ဒေသမှ တောင်အာရှတစ်ခွင်
ခြေဆန့် လေ့ရှိပါသည်။သူတို့ ရဲ့ အစာကတော့ ရှဥ့်များ၊ ယုန် နှင့် ငှက်များပါပဲ။ကံမကောင်းစွာပဲ သူတို့ 
ဟာရှားပါးလာကြပါသည်။သူတို့ ဦးရေ ၁၀၀၀၀ အောက်မှာပဲရှိကြပါတယ်။တောတောင်တွေ နဲပါးလာချင်း
အမျှ သူတို့ လဲ နဲပါးလာပါသည်။အာရှတိုက် ၏ ရွှေကြောင်အဖြစ် ပညာရှင်များကသက်မှတ်ကြပါသည်။
ပုံကိုကြည့်လျှင် ဒီအမည်နဲ့ လိုက်ဖတ်တယ်ဆိုတာ လက်ခံကြမှာပါနော်....
ရှာဖွေရသလောက်ကို တင်ပေးလိုက်ပါတယ်။အမှားအယွင်းပါပါလျှင် ဘာသာပြန်သူ
ကျွန်တော်အမှားပါဟု ပြောကြားရင်း
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ......................နေခရမ်း
7/29/2012, 11:06 AM မှပို့အားပြန်လည်ပြင်ဆင်တင်ပြပါသည်။
ဖတ်ရတဲ့အတွက်ကျေးဇူးပါ..
ReplyDelete