Thursday, September 13, 2018

စပိန်နိုင်ငံမှ မြို့တွင်းတိုက်ခိုက် ပွဲတော်

စပိန်နိုင်ငံ Alicante မှ lbi မြို့လေးတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် Els Enfarinats ပွဲတော်သည် မြို့သူမြို့သားအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလေ့ ရှိကြပါသည်။ ထိုပွဲတော်တွင် အဖွဲ့နှစ်ဖွဲ့ခွဲကာ ဂျုံမှုန့်များ၊ ကြက်ဥများ၊ ရောင်စုံအမှုန့်များ၊ ဗျောက်အိုးနှင့် မီးပန်းများသုံးကာ တစ်နေ့လုံး ပျော်ရွှင်စွာ တိုက်ခိုက်ဆော့ကစားတတ်ကြပါသည်။

နှစ်စဉ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် lbi မြို့သားများသည် Els Enfarinats ပွဲတော် (သို့) Food Fight ပွဲတော်ကို ကျင်းပလေ့ရှိပါသည်။ ပွဲတော်ကျင်းပသည့်နေ့ မနက် ၈ နာရီမှစကာ အိမ်ထောင်ရှင်များ ပါဝင်သော Els Enfarinats အဖွဲ့က မြို့ကို တစ်ရက်ကြာ ထိန်းချုပ်ကြပြီး ဥပဒေအသစ် ၊ အမိန့်အသစ်များ ပြဋ္ဌာန်းကြပါသည်။ ပြဋ္ဌာန်းသော ဥပဒေများမှာ ရယ်စရာကောင်းသော ဟာသဆန်ဆန် ဥပဒေများဖြစ်ပြီး ချိုးဖောက်မနာခံသူများကို တိုက်ခိုက်ဖမ်းဆီးခြင်း ၊ ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်ကြပါသည်။

အခြား La Oposicio ဟု အမည်ပေးထားသည့် အဖွဲ့က Els Engarinats အဖွဲ့၏ ဥပဒေသစ်များကို ဆန့်ကျင်တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ထိုသို့တိုက်ခိုက်ရာတွင်လည်း တစ်ဦးနှင့်တစ်ဦး စိတ်ဆိုးမှုမရှိဘဲ ပျော်ရွှင်စွာဖြင့် ဆင်နွှဲလေ့ရှိပါသည်။

ကတ်ထူစက္ကူပုံးကြီးများနှင့် ဆောက်ထားသော ရဲတိုက်ကြီးများ

ပစ္စည်းများ ထုပ်ပိုးရာတွင် သုံးသည့် ကတ်ထူစက္ကူပုံးကြီးများကို အသုံးပြုကာ ရဲတိုက်ပုံစံ အဆောက်အဦကြီးများကို ဗြိတိန်နိုင်ငံ၊ လစ်ဗာပူးမြို့တွင် တည်ဆောက်ပြသခဲ့ပါသည်။ ပြင်သစ်အနုပညာရှင် Olivier မှ လစ်ဗာပူးမြို့၏ Williamson Square တွင် ၁၃ ရာစုအစောပိုင်း မှ ၁၈ ရာစုအစောပိုင်း ကာလအတွင်း တည်ဆောက်ခဲ့ကြသည့် ရဲတိုက်အဆောက်အဦများ ပုံစံအတိုင်း တည်ဆောက်ပြသခဲ့ခြင်းပါ။ ထို ရဲတိုက်အဆောက်အဦပေါင်း ၆ ခုကို ကတ်ထူစက္ကူပုံး အလွတ်များနှင့် တိပ်ပြားများကိုသာ အသုံးပြု၍ ဆက်စပ်တည်ဆောက်ပြသခဲ့ခြင်း ဖြစ်ပါသည်။

ဆတ်ဆတ်ထိမခံတဲ့သူတွေအကြောင်း


လေ့လာချက်များအရ လူဦးရေရဲ့ ၁၅ကနေ ၂၀ရာခိုင်နှုန်းတွေဟာ တော်တော်လေးကို ဆတ်ဆတ်ထိမခံကြတဲ့သူပါ။ ဒါပေမယ့် လူတော်တော်များများဟာ အဲ့ဒါကဘာကိုဆိုလိုတာလည်းဆိုတာ မသိကြပါဘူး။ ဆတ်ဆတ်ထိမခံတတ်ကြတဲ့သူတွေမှာ တိကျပြီး မြင်သာတဲ့ အကျင့်တွေရှိကြပါတယ်။

၁။ သူတို့ဟာ လုပ်စရာအများကြီးရှိတဲ့အခါမှာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်တတ်ကြပါတယ်။
ဆတ်ဆတ်ထိမခံကြတဲ့ သူတွေဟာ လုပ်စရာအများကြီးရှိတဲ့အခါမှာ လက်ရှိအလုပ်တစ်ခုကိုတောင် ပြီးမြှောက်အောင် လုပ်ဖို့ အတော်လေး ခဲယဉ်းသွားလေ့ရှိပါတယ်။ သူတို့ဟာ စိတ်လှုပ်ရှားလာပြီး စိတ်ဖိစီးမှု အဆင့်တိုးလာတဲ့အပြင် အကြံဥာဏ်သစ်တွေ ထုတ်လုပ်နိုင်စွမ်းလည်း လျော့ကျလာပါတယ်။

၂။ သူတို့ဟာ ဆူညံတဲ့ပတ်ဝန်းကျင်ကို ပရမ်းပတာဖြစ်တယ်လို့ တွေးတယ်။
အရမ်းကို ဆတ်ဆတ်ထိမခံတဲ့သူတွေဟာ သူတို့အနားမှာ ရှုပ်ယှက်နေတဲ့ အမြင်၊ အသံ၊ အနံ့နဲ့ လှုပ်ရှားမှုတွေအပေါ် ပိုပြီးအာရုံရောက်ပြီး ရုံးအလုပ်မှာ ကောင်းကောင်းအာရုံမစိုက်နိုင်ဖြစ်တတ်ပါတယ်။

ပညာရေးဖြင့် ခေတ်မှီသောနိုင်ငံ တည်ထောင်ခဲ့သူ

၁၉ ရာစု အစောပိုင်းကာလက ဂျပန်နိုင်ငံဟာ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံငယ်လေးတစ်ခုပါ။ ဆာမူရိုင်း ဓါးသမားတွေ၊ မိသားစုတွေ နဲ့ တိုက်ခိုက်နေကြဆဲ ကာလပေါ့..။ ဂျပန်ဧကရာဇ် အင်ပါယာ ဟာလည်း ပြောင်းလဲမှုတွေ စ လုပ်နေစဉ်ကာလ ဖြစ်ပါတယ်။ ဒတ်ခ်ျ နယ်ချဲ့ ကိုလိုနီများလည်း ရောက်ရှိလို့နေပါတယ်။

ယူကီချီ ဖူကူဇာဝါ (Yukichi Fukuzawa) ဟာ ၁၈၃၅ ခုနှစ်မှာ အဆင့်နိမ့်တဲ့ ဆာမူရိုင်းမိသားစုမှ မွေးဖွားခဲ့တဲ့ သာမန်ပြည်သူတစ်ဦးဖြစ်ပါတယ်။ အသက် (၅) နှစ်အရွယ်မှာ ဟန် (ခန်းဂျီး) စာပေ ရေးဖတ်နည်းများကို သင်ကြားခဲ့ရပြီး အသက် ၁၄ နှစ်မှာတော့ အဆင့်မြင့်တဲ့ ဂျပန်စာပေ ရေးသားနည်းများကို သင်ကြားခဲ့ရပါတယ်။ ဒါဟာ.. ဂျပန်တို့ရဲ့ ရှေး ထုံးစံ စာသင်ကြားနည်းပါပဲ။

အသက် ၁၉ နှစ်မှာ ဒတ်ခ်ျ ကိုလိုနီတွေရှိတဲ့ နာကာဆာကီသို့ အကိုဖြစ်သူနှင့်အတူ သွားရောက်ကာ ဒတ်ခ်ျ စာသင်ကျောင်းကို တက်ရောက်ခဲ့ပါတယ်။ ဒတ်ခ်ျ ဘာသာစကားကို သုံးနှစ်ကြာ တတ်ရောက်ခဲ့ပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လာတဲ့အတွက် ဇာတိမြေမှာ ဘာသာရပ် ဆရာ ပြန်လုပ်ခဲ့ပါတယ်။ ဒါပေမယ့်.. သူ့အတွေးတွေထဲမှာတော့ အနောက်နိုင်ငံက ပညာရေးစနစ်နဲ့ ယဉ်ကျေးမှုတွေကို လေ့လာချင်တဲ့စိတ်များ ကိန်းအောင်းနေခဲ့ပါတယ်။

လက်ရာမြောက်လှသော မျက်နှာပြင်ပေါ်မှ ပန်းချီများ (၆)

Laura ဆိုသည့် ပန်းချီပညာရှင်တစ်ယောက်၏ စိတ်ကူးဆန်းသစ်ပုံဖော်မှုများပါ။ မျက်နှာပြင်ပေါ်တွင် လိုချင်တဲ့ ပုံရရန် နေရာချရေးဆွဲထားတဲ့ ပုံလေးများ ဖြစ်ပါတယ်။

ကိုယ်ပျောက်ဝိဇ္ဇာလေးများ

ကလေးငယ်များရဲ့ ချစ်စဖွယ်ပုန်းအောင်းနေကြပုံလေးတွေကို တင်ပေးလိုက်ပါတယ်။ ဥာဏ်ကြီးရှင် သားသားမီးမီးလေးများက အလွန်လုံခြုံစွာ ပုန်းအောင်နေကြပုံလေးတွေက တွေ့မြင်ရသူကို စိတ်ပျော်ရွှင်စေနိုင်မှာပါ။


Related Posts Plugin for WordPress, Blogger...