
အမျိုးသမီး အများစုဟာ အသက် (၄၈) နှစ်အရွယ် ရောက်ရှိနေပြဆိုရင် အားငယ်တဲ့ စိတ်ဝင်လာတတ် ပါတယ်။ အဓိက ကတော့ အသက်ကြီး သွားပြီဆိုတဲ့ စိတ်ခံစားမှု ဖြစ်သွား တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့ အမျိုးသမီးတွေ ကတော့ အသက်ကြီးမှ ပိုချော၊ ပိုခန့်လာတတ် ပါတယ်။ ဒီလို အသက်ကြီးမှ ပိုလှလာတဲ့ သူတွေထဲမှာ ဂျပန်နိုင်ငံက ကာယဗလမယ် တိုမိုကိုကန်ဒါလည်း တစ်ဦး အပါအ၀င် ဖြစ်ပါတယ်။ တိုမိုကိုကန်ဒါဟာ အသက် (၄၈) နှစ်ရှိသွားပြီ ဖြစ်ပေမယ့် နုပျို လန်းဆန်းနေဆဲ ဖြစ်ပါတယ်။ ကာယဗလမယ် တစ်ယောက်ဖြစ်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ တိုမိုကိုကန်ဒါဟာ အမျိုးသမီး တစ်ဦး ပီသအောင် နေထိုင်နိုင်ခဲ့ပါတယ်။ ကာယဗလမယ် ဖြစ်တာကြောင့် ကိုယ်န္ဓာမှာ ကြွက်သားတွေ အများအပြားရှိ နေပေမယ့် မျက်နှာ အသွင်အပြင်က စွဲမက်စရာ ဖြစ်ပြီး၊ အသက် (၄၈)နှစ်ပြည့် သွားသည့်တိုင် အလှတရားကို ထိန်ထားနိုင်ဆဲ ဖြစ်ပါ တယ်။