Tuesday, February 7, 2017

ကမ္ဘာ့အရှည်ဆုံးတံတားများ

ကမ္ဘာ့အရှည်လျားဆုံး တံတားများကို အမှတ်စဉ် (၁) မှ (၁၀) အထိ
စုစည်းတင်ပေးလိုက်ပါသည်။ အခက်အလက်အများစုကို WIKI
မှရယူ တင်ပြထားပါသည်။

၁ ။ Danyang – Kunshan Grand Bridge, China

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Shanghai နှင့် Nanjing တို့အကြား ဆက်သွယ်ထားသော
မီးရထားလမ်းပေါ်ရှိ Danyang–Kunshan Grand တံတားကြီးကို ကမ္ဘာ့အရှည်
ဆုံးတံတားကြီး အဖြစ်သတ်မှတ်ထားပါသည်။ ၂၀၁၁ ခုနှစ်တွင် ဂင်းနစ်မှတ်တမ်း
၌ ကမ္ဘာ့ အရှည်ဆုံးတံတား(any type)အဖြစ် ၁၆၄.၈ ကီလိုမီတာ (၁၀၂.၄ မိုင်)
ဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။











Danyang–Kunshan Grand တံတားကြီး တည်ရှိနေပုံ
၂ ။ Changhua – Kaohsiung Viaduct, Taiwan



ထိုင်ဝမ်ရှိ Changhua – Kaohsiung Viaduct တံတားကြီးသည်လည်း မီးရထားလမ်း
တံတားဖြစ်ပြီး 157.317 km ( ၉၇.၈ မိုင် ) ဖြင့် ကမ္ဘာ့အရှည်ဆုံးတံတားများတွင်
နံပါတ်(၂) အဖြစ် သတ်မှတ်ခံရပါသည်။
၃ ။ . Tianjin Grand Bridge, China


တရုတ်နိုင်ငံ ဘေဂျင်း နှင့် ရှန်ဟိုင်းကြားရှိ အမြန်ရထားလမ်းပိုင်းပေါ်ရှိ
Tianjin Grand တံတားကြီးသည် ၂၀၁၀ ခုနှစ်တွင် ပြီးစီးပြီး ၂၀၁၁ ခုနှစ်တွင်
ဖွင့်လှစ်နိုင်ခဲ့ပါသည်။ 113.7 km (၇၀.၆ မိုင်) ရှည်ပြီး ၂၀၁၁ ခုနှစ်ဂင်းနစ်
မှတ်တမ်း၌ ကမ္ဘာ့ ဒုတိယအရှည်ဆုံး တံတားအဖြစ် သတ်မှတ်ခံခဲ့ရပါသည်။
နောက်ပိုင်းတွင် အခြားတံတားရှည်များ ထပ်မံဖွင့်လှစ်ဖို့ရှိသဖြင့်
အဆင့်သတ်မှတ်ချက် နောက်ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။
ယခု မှတ်တမ်း၌ ကမ္ဘာပေါ်တွင်တတိယ အရှည်ဆုံး တံတားကြီး ဖြစ်ပါသည်။

၎ ။ Weinan Weihe Grand Bridge, China

Weinan Weihe Grand တံတားကြီးသည် တရုတ်နိုင်ငံတွင်ပဲ ရှိသော
ကမ္ဘာ့အရှည်ဆုံး စာရင်းဝင် တံတားတစ်စင်း ဖြစ်ပါသည်။
Zhengzhou  နှင့် Xi’an တို့ကို ဆက်သွယ်ထားသော တံတားကြီး ဖြစ်ပြီး
79.732 km (၄၉.၅ မိုင်) ရှည်ပါသည်။

၅ ။ Bang Na Expressway, Thailand

ထိုင်းနိုင်ငံတွင် တည်ရှိသော Bang Na Expressway တံတားကြီးသည်လည်း
ကမ္ဘာ့အရှည်ဆုံး စာရင်းဝင်တံတားကြီး တစ်စင်းပါ။ ထိုတံတားကြီး၏
ထူးထူးခြားခြားမှတ်တမ်းတစ်ခုမှာ မော်တော်ကားသွား လမ်းမကြီးမျိုး
ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် ဂင်းနစ်မှတ်တမ်းတွင် ကမ္ဘာ့အရှည်ဆုံး ကားလမ်းမ
တံတားကြီး အဖြစ် သတ်မှတ်ဖော်ပြခြင်း ခံရပါသည်။
54 km (၃၃.၅ မိုင်) အထိရှည်လျားပါသည်။

၆ ။ Beijing Grand Bridge, China


Beijing Grand တံတားကြီးသည် ဘေဂျင်း - ရှန်ဟိုင်း အမြန်မီးရထား
လမ်းပေါ်ရှိ နောက်ထပ်တံတားရှည်ကြီး တစ်စင်းဖြစ်ပါသည်။48.153 km
(၂၉.၉ မိုင်) အထိရှည်လျားပြီး ၂၀၁၀ တွင်ပြီးစီးခဲ့၍ ၂၀၁၁ တွင်
ဖွင့်လှစ်ခဲ့သည့် ကမ္ဘာ့ အရှည်ဆုံး တံတားကြီး နံပါတ်(၆) ဖြစ်ပါသည်။

Beijing Grand တံတားကြီး တည်ရှိနေပုံ
၇ ။ Lake Pontchartrain Causeway, USA

United States မှာတည်ရှိတဲ့ နှစ်စင်းအပြိုင်တည်ဆောက်ထားသောတံတား
တစ်စင်းပါ။တံတားအပြိုင်နှစ်ခုလုံးဟာ 23.9 မိုင် (38.35 km) အထိရှည်ပါတယ်။
ဒီတံတားကြီးဟာ ရေပေါ်တွင် တစ်ဆက်တည်းရှိသော တံတားများတွင်
ကမ္ဘာ့အရှည်ဆုံးတံတား အဖြစ် 1969 ခုနှစ်ထဲက ဂင်းနစ်စံချိန်
တင်ထားခဲ့တာပါ။

အခြားတံတားများသည် ကုန်းပေါ်တွင် များစွာ
ရှည်ကြပါသည်။ ဒီတံတားကြီးကတော့ ရေပေါ်တွင် တစ်ဆက်တည်း
တည်ဆောက်ထားသောတံတားများတွင် ကမ္ဘာ့အရှည်ဆုံးအဖြစ် ယခု
အချိန်အထိ စံချိန်တင်ထားနိုင်စဲပါ။

၈ ။ Manchac swamp Bridge, USA

Manchac Swamp တံတားကြီးသည်လည်း အမေရိကန်နိုင်ငံတွင် တည်ရှိပြီး
 38.442 km (၂၂.၈ မိုင်) ရှည်ပါသည်။
၉ ။ Yangcun Bridge, China

Yangcun တံတားကြီးသည် တရုတ်နိုင်ငံတွင် တည်ဆောက်ထားသော
ကမ္ဘာ့အရှည်ဆုံး တံတားများ စာရင်းဝင် တံတားတစ်စင်း ဖြစ်ပါသည်။
35.812 km (၂၂.၃ မိုင်) ရှည်ပါသည်။

၁၀ ။ Hangzhou Bridge, China

တရုတ်နိုင်ငံ အရှေ့ဘက်စွန်းပိုင်းတွင် တည်ရှိသော Hangzhou တံတားကြီး
သည်လည်း 35.673 km (၂၂.၂ မိုင်) ရှည်ပါသည်။

Hangzhou တံတားကြီး တည်ရှိနေပုံ

ကမ္ဘာ့အရှည်ဆုံး တံတားများတွင် တရုတ်နိုင်ငံ မှ အများဆုံး ပါဝင်နေပါ
သည်။အများအားဖြင့် အမြန်မီးရထားလမ်းများ ဖြစ်ကြပါသည်။
ဟိုင်းဝေး ကားလမ်းမတော့ နည်းပါသည်။ဒီလောက်ဆိုလျှင်
ကမ္ဘာ့အရှည်ဆုံးတံတားကြီးများ အကြောင်း တော်လောက်ပါပြီ။
ယခင် တစ်ခါရေးတုံးက စာရင်းထဲမှ (၁) ခုသာပြန်ပါလာပါသည်။
ကျန်တဲ့ အကြောင်းများက အသစ်ပြီးစီး၍ ထပ်တင်သော စံချိန်များပါ။
နောက်လည်း ထပ်မံတည်ဆောက်နေသော တံတားရှည်ကြီးများ
ရှိပါသေးသည်။ထိုတံတားများပြီးလျှင်လည်း ကမ္ဘာ့စံချိန်များ ထပ်မံ
ပြောင်းလဲဖို့ ရှိပါသေးသည်။
Dec 5, 2012 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...