Wednesday, September 28, 2016
ပုံစံထူးခြား Armadillo Lizard အကောင်းလေးများ
အဆူးအတောင် ထူထူးထပ်ထပ်ဖြင့် ရှိနေသော Armadillo Lizard
အကောင်လေးများသည် ဖွတ်(ပုတက်)မျိုးနွယ်ဝင် အကောင်လေးများ
သာဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1475041631050.jpg
 သိပ္ပံဆိုင်ရာ အမည်အားဖြင့် Cordylus Cataphractus ဟု
အမည်ရပါသည်။မြန်မာပြည်မှ သင်းခွေချပ် နှင့်ပုံစံရော သဘောသဘာဝ
အချို့ပါ တူညီနေသော်လည်း သူ၏ အကြေးခွံတည်ရှိမှုပုံစံကတော့
မြန်မာပြည်မှ သင်းခွေချပ်နှင့် ကွဲလွဲမှု ရှိပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1475041648722.jpg
ထိုအကောင်ကလေးများကို တောင်အမေရိကတိုက်တွင် တွေ့မြင်နိုင်ပြီး
ကိုယ်ခန္ဓာအရှည်ဆုံး 25 cm (၁၀ လက်မ) ခန့်သာရှိပါသည်။
အခေါင်းကနေ ခဏ ထလို့ ရေတောင်းသောက်ပြီး ပြန်သေသွားသည့်ကလေး
http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1473742717593.jpg
ဘရာဇီးနိုင်ငံမှာ တကယ် ဖြစ်သွားတဲ့ ဖြစ်ရပ် ဖြစ်ပါ တယ်။ သေဆုံးပြီး သွားတဲ့ ကလေးငယ်ကို အခေါင်းသွင်းခါနီး အချိန် ရုတ်တရက် ရေ ထတောင်းသောက်ပြီး ချက်ချင်း ပြန်လှဲလျောင်း သေဆုံးခဲ့ ပါတယ်။
သက္ကရာဇ် ၂၀၁၂ ခုနှစ် ဇွန်လဆန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ Kelvin Santos လို့ အမည်ရတဲ့ ၂ နှစ်အရွယ် ကလေးငယ်ဟာ နှလုံး အသက်ရှု ရပ်ပြီး သေဆုံးတယ်လို့ဆေးရုံက ဆရာဝန်များက အတည်ပြုလိုက် ပါတယ်။ ဒါကြောင့်မို့ ရက်ပိုင်း အတွင်း သင်္ဂြုလ်ရန် စီစဉ်ပြီး အုတ်ဂူသွင်းခါနီးချိန် အခေါင်းကနေ ရုတ်တရက် ထလို့ "အဖေ ရေသောက်ချင်တယ်" လို့ ထ ရေရွတ်ပါတယ်။ မြင်နေရတဲ့ ပတ်ဝန်းကျင်က လူအားလုံး အလန့်တကြား အော်ဟစ် ကြပြီး ထွက်ပြေးသူက ပြေး ပါတယ်။
ဒါနဲ့ ပြန်လှဲလျောင်း သွားတဲ့ ကလေးငယ်ကို အဖေ ဖြစ်သူ က ပွေ့ ဖက်ပြီး ဆေးရုံကို နောက်တစ်ခါ ပြန်သွား ပါတယ်။ ဆေး ရုံမှာ နောက် တစ်ခါ သေချာ စစ်ဆေးပေမယ့် အသက်ရှင်တဲ့ လက္ခဏာ လုံးဝ မတွေ့ ပါဘူး။ သေတုန်းကလည်း နှလုံး အသက်ရှူ ရပ်လို့ သေဆုံးတယ်လို့ အတည်ပြုထားခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် အခေါင်း ကနေ ရုတ်တရက် ပြန်ထ လို့ စကားပြန်ပြောတာကိုတော့ ဘယ်သူမှ မစစ်ဆေး မဖော်ထုတ် နိုင်သေး ပါဘူး။
အသက်ရှူရပ်ပြီး သေတယ်လို့ အတည်ပြုထားတဲ့ လူတစ်ယောက်က မီးသဂြိုလ်ခါနီး၊ အခေါင်းသွင်း ခါနီး ပြန် အသက်ရှင်လာတဲ့ ဖြစ်ရပ်တွေတော့ များစွာ ရှိပါတယ်။ သို့ပေမယ့် Kelvin Santos လို့ အမည်ရတဲ့ ကလေးငယ် ကတော့ အဖေ့ထံ ရေတစ်ခွက် တောင်းဆိုပြီး တကယ် အပြီး သေဆုံး ခဲ့ ပါတယ်။
Ref: dailymail
Credit:innewmyanmar.com
ဒဏ္ဍာရီလာ ဧရာမ တောဝက်ထီးကြီးကို ပစ်သတ်ဖမ်းဆီးနိုင်ခဲ့တဲ့ Jett Webb
http://i1183.photobucket.com/albums/x474/konay1/general%204/500-pound-wild-hog-3236934.jpg
3/15/2014
တစ်ချိန်က ဒဏ္ဍာရီ တစ်ပုဒ်ဖြစ်ခဲ့တဲ့ Hogzilla တောဝက်ထီးကြီးနဲ့ သဏ္ဍန်တူတဲ့ တော ၀က်ကြီး တစ်ကောင်ဟာ အမေရိက တစ်ခွင်မှာရှိတယ်လို့ သိထားခဲ့ကြပါတယ်။ နောက်ဆုံး မှာတော့ ပေါင်ချိန် ၅၀၀ရှိ အဲ့ဒီ့တောဝက်ထီးကြီးကို ပစ်သတ်နိုင်ခဲ့ပါပြီ။ ၈ပေထက် ရှည်တဲ့ ဧရာမ တောဝက်ထီးကြီးကို ၀ါရင့် မုဆိုး Jett Webb က ပစ်သတ်ခဲ့တာပါ။ ဒီကောင်ကြီးကို တစ်လကျော် ရှာပြီးမှ တွေ့ခဲ့ရတာပါ။ မိသားစုကို ဒီနှစ်ကုန်တဲ့ထိ ကျွေးနိုင်ဖို့ ၀က်အူချောင်းလုပ်မယ်ဆိုတဲ့ အစီအစဉ်ရှိတယ်လို့ Jett Webbကပြောပါတယ်။
Ref:mirror.co.uk
Credit:Trend Myanmar
ထူးခြားကုသိုလ်ရှင်လေး
http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1473939348882.jpg
ဂျမ်မီမာလေဇယ်အမည်ရှိ ၁၃နှစ်အရွယ် မိန်းကလေးသည် ဦးနှောက်သွေးယိုစီးမှုဖြစ်ပွားကာ သေဆုံးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်လှူဒါန်းမှုကြောင့် လူရှစ်ဦး၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အခြားလူနှစ်ဦးမှာလည်း အမြင်အာရုံ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။ သူသည်ဗြိတိန်နိုင်ငံ ဆမ္မားဆက်ပြည်နယ် ဟော်တန်မြို့ရှိနေအိမ်တွင် ကျန်းကျန်းမာမာရှိရာမှ ရုတ်တရက်လဲကျကာ သေဆုံးသွားခြင်းဖြစ်သည်။ သူသေဆုံးသွားသည့်အခါ သူ၏မိဘများသည် သူ၏ဆန္ဒအတိုင်း ဆေးရုံသို့ ခန္ဒာကိုယ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ သူ၏နှလုံးကို အသက်ငါးနှစ်အရွယ်ရှိ ယောက်ျားလေး တစ်ဦးထံသို့လည်းကောင်း အဆုတ်များကို အသက်၁၄နှစ်အရွယ် ယောက်ျားလေးတစ်ဦးထံသို့ လည်းကောင်း အသည်းကိုခွဲခြမ်းပြီး အသက်၁ဝလနှင့် ငါးနှစ်အရွယ် ယောက်ျားလေးများထံသို့ လည်းကောင်း အစားထိုးကုသပေးခဲ့သည်။
အမျိုးသားတစ်ဝက်၊ အမျိုးသမီးတစ်ဝက်
http://i1183.photobucket.com/albums/x474/konay1/general%204/IMG_20160901_213236.jpg
         ရိုမေးနီးယား နိုင်ငံသားတစ်ဦးဟာ မိတ်ကပ်ပညာကို အသုံးပြုပြီး အမျိုးသားနဲ့ အမျိုးသမီးပုံစံကို တစ်ပြိုင်တည်း ဖန်တီးခဲ့ပါတယ်။ အလွန် အံ့အားသင့်စရာ ကောင်းတဲ့ ဖန်တီးမှုဖြစ်ပြီး မျက်နှာတစ်ခုတည်းမှာ အမျိုးသားတစ်ဝက်၊ အမျိုးသမီးတစ်ဝက် ပုံစံပြုလုပ် ထားခြင်းဖြစ်ပါတယ်။
          ရုတ်တရက်ကြည့်ရင် သိပ်မတူသလို ရှိနေပေမယ့် ဓာတ်ပုံထဲက မျက်နှာတစ်ဖက်စီကို လက်နဲ့အုပ်ပြီး ကြည့်ပါက အမျိုးသမီး တစ်ဦးအဖြစ်ရော၊ အမျိုးသား တစ်ဦး အဖြစ်ပါ ကွဲပြားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုဖန်တီးမှုကို အသက် (၂၁) နှစ်အရွယ်ရှိ ပိုပက်စကူက ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
          ပိုပက်စကူဟာ မိတ်ကပ်ပညာကို ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့သူ ဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ မိတ်ကပ် လိမ်းခြယ်ခြင်းကို လေ့လာခဲ့သလို သူငယ်ချင်း မိတ်ဆွေတွေထံကနေ လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး You Tube ကနေ မိတ်ကပ်ပညာကို လေ့လာသင်ယူမှု ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပိုပက်စကူဟာ ပြင်သစ်နိုင်ငံကို သွားရောက်ပြီး မိတ်ကပ်ပညာကို လေ့လာ သင်ယူနေကြောင်း သိရပါတယ်။ ပိုပက်စကူဟာ တေလာဆွစ်ဖ်နဲ့ လေဒီဂါဂါတို့ကို အားကျသူဖြစ်ပြီး သူတို့လိုဖြစ်အောင် မိတ်ကပ်ပညာဖြင့် ကိုယ်ကိုယ်ကိုယ် ဖန်တီးနိုင်ကြောင်း သိရပါတယ်။
အိပ်ပျော်နေစဉ်ယောင်ပြီးလမ်းထလျှောက်ရာမှာ လှေကားပေါ်က ပြုတ်ကျလို့ အရိုး ရှစ်ချောင်းကျိုးသွားသော်လည်း မနိုးခဲ့သူ
http://i1183.photobucket.com/albums/x474/konay1/general%204/1623738_253773518133463_529981380_n.jpg
မိုရက်ဂ်ဖစ်ရှာ ဆိုတဲ့ အသက် ၄၀ အရွယ် ကလေးအမေတစ်ယောက်ဟာ သူငယ်ချင်းနဲ့ အတူ အိပ်ပျော်နေ ရင်းနဲ့ ယောင်ပြီးလမ်းထလျှောက်ရာမှာ လှေကားပေါ်က ပြုတ်ကျပြီး သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေ ရခဲ့ပေမယ့် အိပ်ပျော်နေရာက မနိုးလာခဲ့ပါဘူး။
ကျောရိုး၊ လည်ပင်းရိုး ၊ သွား ၊ နှာခေါင်းရိုး နဲ့ ပါးရိုး တွေ ကျိုးသွားတဲ့အပြင် ခြေကျင်းဝတ် လည်သွားတဲ့ အထိ ပြင်းထန်စွာ သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် ဖစ်ရှာဟာ ကံကောင်းထောက်မစွာပဲ အသက်ရှင် နိုင်ခဲ့ပါတယ်။ ပိုပြီး ထူးဆန်းတာတစ်ခုကတော့ သူဟာ လှေကားပေါ်က ပြုတ်ကျပြီး ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ သွေးအိုင်ထဲ လဲနေခဲ့တာတောင် အိပ်ပျော်နေရာက မနိုးခဲ့ဘူးလို့ ဆိုပါတယ်။
ဖစ်ရှာ ဟာ ဆိုးရွားတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် နော်တင်ဟမ်ဆေးရုံမှာ ဆယ်ရက်သာ တက်ရောက်ကုသခဲ့ပြီး နောက်နှစ်လလောက်အတွင်း အလုပ်ပြန်ဆင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့အမြှီးအရှည်ဆုံး ခွေး
http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1474954164455.jpg
ကမ္ဘာ့အမြှီးအရှည်ဆုံး ခွေး အဖြစ်စံချိန်တင်သွားတာ
ကတော့ ၅ နှစ်သားခွေးကလေး Keon ဖြစ်ပါသည်။
ဘယ်ဂျီယန် နိုင်ငံမှ ဖြစ်ပြီး သူ၏အမြှီးအရှည်ကတော့
၇၇ စင်တီမီတာ အထိရှည်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....နေခရမ်း
ထူးဆန်းအံ့ဖွယ် မွေးကတည်းက အစာမာ မစားတဲ့ ကမ္ဘာ့တစ်ဦးတည်းသော လူသား
http://i1183.photobucket.com/albums/x474/konay1/general%204/1496744_541167342647768_141321538_n.jpg
လူသား တွေ ကျန်းမာ စွာ အသက်ရှင် နေထိုင် ဖို့ အစား အစာ ဟာ မရှိ မဖြစ် အရေး ပါတယ် လို့ ပြော ရမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အိန်္ဒိယ နိုင်ငံ၊ နယူး ဒေလီ မြို့မှာ နေ ထိုင် တဲ့ အသက် (၂၅) နှစ် အရွယ် ရှိ ဒါ ဟာရာ အမည်ရ အမျိုး သမီး တစ်ဦး ဟာ မွေးက တည်းက အစာ မစားခဲ့ ဘူးလို့ သိရ ပါတယ်။ ဒါဟာရာ ဟာ မွေး ကင်းစ အရွယ် ကတည်း က လက်ရှိ အချိန် အထိ အစာ မစားဘဲ နွားနို့၊ လက်ဖက်ရည်နဲ့ ရေတို့ ကိုသာ သောက် သုံးပြီး အသက်ရှင်နေခြင်း ဖြစ်ပါတယ်။ ဒါဟာရာဟာ တစ်နေ့ကို နွားနို့ လေးလီ တာ ကနေ ငါးလီတာ အ ထိ သောက် သုံးကာ ဘ၀ကို ဖြတ်သန်းနေခြင်းဖြစ်ပြီး အ ဖတ်ပါတဲ့ အစာမာတွေကို စားသုံးပါက နာမ ကျန်း ဖြစ် တဲ့ ဝေဒနာ ခံစားရ တတ် ပါတယ်။
Sunday, September 25, 2016
ထူးခြားတဲ့ ခြေထောက်ပိုင်ရှင်
http://i1183.photobucket.com/albums/x474/konay1/general%204/other_backwards-feet_e995f.jpg
တရုတ်နိုင်ငံ၊ ချောင်ကွင်းမြို့မှာ နေထိုင်တဲ့ အသက် (၃၀) နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးဟာ ငယ်စဉ် ကတည်းက ထူးခြားတဲ့ ခြေထောက် ပိုင်ရှင် ဖြစ်ခဲ့ပါတယ်။ မွေးရာပါ ထူးခြားတဲ့ ခြေထောက်ကို ပိုင်ဆိုင် ထားခြင်း ဖြစ်ပါတယ်။
ဝမ်ဖန်ဟာ အခြားသူ တွေနဲ့ မတူတဲ့ ခြေထောက်မျိုး ဖြစ်နေပါ တယ်။ ၀မ်ဖန်ရဲ့ ခြေထောက်တစ်စုံဟာ
နောက်ပြန် အနေအထားမျိုး ဖြစ်နေတာပါ။ မွေးရာပါ ခြေထောက် တစ်စုံဟာ နောက်ပြန် အနေအထား
ဖြစ်နေ တာမို့ လမ်းကောင်းစွာ မလျှောက်နိုင်မှာကို ဆရာဝန်တွေက စိုးရိမ်ခဲ့ပါတယ်။ ဒါပေမယ့် ၀မ်ဖန်ဟာ ငယ်စဉ်ဘ၀ ကနေ အခုအချိန်ထိ အခြားသူတွေလို ကောင်းစွာ လှုပ်ရှားသွားလာနိုင်တဲ့ အပြင် သူငယ် ချင်းဖြစ်သူ တွေထက် ပိုမြန်အောင် ပြေးနိုင်စွမ်းလည်းရှိပါတယ်။
လျှပ်စစ်မီးအလင်းရောင်နှင့် ဓာတ်မတည့်သူ
http://i1183.photobucket.com/albums/x474/konay1/general%204/electricity.jpg
ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသားဟာ လျှပ်စစ်မီး အလင်းရောင်နဲ့ ဓာတ်မတည့် တဲ့ ရောဂါ ဝေဒနာကို ခံစား
နေရပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်မီး အလင်းရောင် ရလိုက်ရင် ခန္ဓာကိုယ် အရည်အပြားအပြင် ခေါင်းကိုက်
ခြင်းတို့ ကဲ့သို့သော အတွင်းဝေဒနာကိုပါ ခံစားနေရ ပါတယ်။
အသက် ၄၂ နှစ် ရှိပြီ ဖြစ်တဲ့ Peter Lloyd ဟာ ဗြိတိန်နိုင်ငံမှာ နေထိုင်ပြီး ကိုယ်ကာယ ကလေးကျင့်ရေး အား ကစား နည်းပြ တစ်ဦး ဖြစ်ခဲ့ ပါတယ်။ စပိန်နိုင်ငံမှာ နေထိုင်စဉ် လျှပ်စစ်ပစ္စည်းများနဲ့ အချိန်အတော်ကြာ ထိ
တွေ့ရပြီး ကွန်ပြူတာသုံးခြင်း၊ စာဖတ်ခြင်းတို့ကနေ ယင်း ရောဂါ ဝေဒနာကို စတင် ခံစားမိလာတာ ဖြစ်ပါ တယ်။ အဲ့တုန်းက သူဟာ အသက် ၂၀ပဲ ရှိပါသေးတယ်။ ဒီတော့ သူဟာ ရောဂါ ဝေဒနာ ခံစားနေရတာ နှစ် ၂၀ ကျော်ပါပြီ။ ဒီအတွက်လည်း ဆေးဝါးရှာဖွေပေးလို့ မရ သေး ပါဘူး။
ထူးခြားချက်က လျှပ်စစ်ဓာတ်အားတင် မဟုတ်ပဲ သံလိုက်စက်ကွင်းကိုပါ မခံနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မို့ သူဟာ အိပ်ခန်းထဲမှာပဲ အချိန်ပြည့်နေပါတယ်။ အပြင်လုံးဝ မထွက်ပါဘူး။ မီးတွေလည်း ပိတ် ထားရပြီး သူ့အခန်း ဝင်လည်ရင် ဖုန်းတွေ ထားခဲ့ရမှာ ဖြစ်ပါတယ်။ သူ့ကို ပုံရိုက်တာတောင် အလင်းရောင် မထွက်တဲ့ Disposal camera နဲ့ သာ ရိုက်ထားခြင်း ဖြစ်ပါတယ်။ အပြင်မှာ Wi-Fi နဲ့ ဖုန်းလိုင်းများကြောင့်လည်း နေ့ရော ညပါ အတွင်းခန်းထဲသာ နေထိုင်နေရခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ Loyd ခံစားနေရတဲ့ ဝေဒနာကို ကယ်တင် ကုသ ပေးဖို့ အဖြေရှာဖွေ လျက် ရှိကြကြောင်း သိရ ပါတယ်။
ceedit: innnewsmyanmar
အိပ်ခန်းသန့်ရှင်းရေးမလုပ်လို့ နှင်ချလိုက်တဲ့ဇနီးသည်ကို အရွဲ့တိုက်ပြီး အုန်းပင်ပေါ် သုံးနာရီကြာတက်အိပ်
http://i1183.photobucket.com/albums/x474/konay1/general%204/sleep-coconut-tree.jpg
ဇင်ဘာဘွေနိုင်ငံ၊ မင်းဒ်လန်းက အသက်ကြီးစုံတွဲရဲ့ စကားကတောက်ကဆ ရန်ဖြစ်နေရာကနေမှ ကယ် ဆယ်ရေးသမားတွေတောင်လာရောက် ၀ိုင်းဝန်း ဖျန်ဖြေကူညီပေးကြရတဲ့ အဆင့်ထိတောင်ဖြစ်သွားတယ် လို့ သိရပါတယ်။ အ ဘိုးအိုရဲ့ စိတ်ဆိုးစိတ်ကောက် အရွဲ့တိုက်တဲ့အကျင့်ကတကယ့်ကို အသက် ရှုမှား
လောက်တဲ့ လုပ်ရပ်ပါပဲ။
အသက် ၇၆ နှစ်အရွယ်ရှိတဲ့ အဘိုးအိုကို ဇနီးဖြစ်သူက အိပ်ခန်းသန့်ရှင်း ရေးမလုပ်သဖြင့်အိမ်ပေါ်မှဆင်း သွားရန်နှင့် အိမ်ပြန်မလာအိပ်ရန်အော်ဟစ်ပြောဆိုကြိမ်းမောင်းပြီး ခြေထောက်နှင့်ဆောင့်ကန်မောင်းလွှတ် လိုက်တဲ့ အတွက် အဘိုးအိုမှာကြံရာမရဖြစ်ကာ စိတ်ဆိုးဒေါသထွက်သွားပြီးအိမ်အနီး အနားရှိ ၂၇ ပေအမြင့် ရှိအုန်းပင်ပေါ်သို့ ဘာကြိုးအကူအညီအကာအကွယ်မှ မပါဘဲတက်သွားပြီး သုံးနာရီကျော်ကြာ တက်ရောက် အိပ်စက်နေခဲ့ပါတယ်။
နာရီအတော်ကြာပြန်မလာသည့်အတွက် လိုက်လံရှာဖွေခဲ့ရာမှ အုန်းပင် ပေါ်မှာတက်အိပ်နေတဲ့ ခင်ပွန်း သည်ကိုတွေ့ရှိသွားတော့ ဇနီးသည်ဖြစ်သူနဲ့ အနီးအနားလူတွေက မတော်တဆပြုတ်ကျမည်ကို စိုးရိမ် ကာဆင်းလာရန် ပြောဆိုသော်လည်း အဘိုးအိုက အဘွားအိုရဲ့ဒီလုပ်ရပ်ကိုခွင့်မလွှတ်နိုင် ကြောင်းနဲ့ ပြန်မ ဆင်းလာနိုင်ကြောင်းပြောကာ အကြိမ်ကြိမ်ငြင်းဆန်နေခဲ့တာ ကြောင့်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကို
အကူအညီတောင်းခံခဲ့ကာဖျောင်းဖျဆင်း ခိုင်းစေခဲ့ရတာပဲဖြစ်ပါတယ်။
credit:phothutaw
နာရီပိုင်းသာခြားပြီး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတဲ့ Don နဲ့ Maxine Simpson တို့ရဲ့ အံ့အားသင့်ဖွယ် ဖြစ်ရပ်ဆန်း
http://i1183.photobucket.com/albums/x474/konay1/general%204/screen-shot-2014-08-04-at-5-29-45-pm.png
Don နဲ့ Maxine Simpson တို့ဟာ ၆၂နှစ်ကြာ လက်ထပ်ပေါင်းသင်း အတူတကွနေထိုင်ခဲ့ကြသလို ဘ၀ ရဲ့ နောက်ဆုံးနေ့ရက်လည်း တူညီခဲ့ကြပြီး ကွယ်လွန်ဆုံးပါးချိန်ဟာလည်း နာရီပိုင်းသာ ကွာခြားခဲ့ကြပါ တယ်။ ဒါဟာ တကယ့်ကို စိတ်ကူးယဉ်ဆန်တဲ့ အဖြစ်အပျက်ဆိုပေမယ့် ၀ထ္ထုဇာတ်လမ်း မဟုတ်တဲ့ ဖြစ်ရပ် မှန်တစ်ခုအဖြစ် ထူးခြားစွာ တည်ရှိခဲ့ပါပြီ။
“ဒါဟာတကယ်တော့ အရမ်းချစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ။အဖိုးနဲ့ အဖွားနဲ့ တူတူနေပြီး တူ တူသေကြမယ်ဆိုတာ ကို ကျွန်မ သိနေခဲ့ပါတယ်။ တကယ်ဖြစ်လာတော့မယ်လို့လည်း ထင်နေခဲ့ပြီးသားပါ။” လို့ Don နဲ့ Maxine Simpson တို့ရဲ့ မြေးမလေး Melissa Sloan ကပြောပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general%204/screen-shot-2014-08-04-at-5-30-12-pm.png
သတ္တုအမျှင်ချောင်းတွေ ဗိုက်ထဲကထွက်နေသူ
http://i1183.photobucket.com/albums/x474/konay1/general%204/10413327_762870417089231_4914095920490297276_n.jpg
၁၀ စင်တီမီတာကျော် သတ္တုအမျှင်ချောင်းတွေ ဗိုက်ထဲကထွက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်း ဟာ အင်ဒိုနီးရှားမှာ သတင်းတစ်ခု ဖြစ်နေပါတယ်။
ဒီလိုမျိုးဖြစ်နေတာ နှစ် ၂၀ ကျော်ရှိနေပြီး ဆရာဝန်တွေဟာလည်း လက်တွေ့ကျတဲ့ ရှင်းပြချက်မျိုး မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ အရပ်ထဲမှာတော့ သူမဟာ ပြုစားခံရတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။Noorsyaidah လို့ခေါ်တဲ့  ဒီအမျိုးသမီးဟာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Kalimatan ပြည်နယ် Samarinda မြို့က ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်လောက်ကစပြီး ဒီလိုထူးခြားတဲ့ လက္ခဏ စပြလာတာလို့ ဆိုပါတယ်။ပထမစစခြင်း တစ်ပတ်မှာ သတ္တုအမျှင်တွေ ထွက်လာပြီး ပြန်ပျောက်သွားခဲ့တယ်လို့ဆိုပါတယ်။
ကမ္ဘာကျော်များ၏ ကယ်ရီကေချာပုံများ
ကမ္ဘာကျော်များ၏ ရယ်ရွှင်ဖွယ်ကယ်ရီကေချာ ကာတွန်းပုံလေးတွေကို
တင်ပေးလိုက်ပါတယ်။ စာတွေဖတ်ရတာ များလို့စိတ်ရှုပ်နေရင်
စိတ်ကြည်လင်စရာ ပုံလေးတွေကြည့်ပြီး စိတ်ဖြေရအောင်ပါ.....
http://i1183.photobucket.com/albums/x474/konay1/general%204/vdzp-i.jpg
http://i1183.photobucket.com/albums/x474/konay1/general%204/t2ihq7.jpg
လက်ချောင်းလေးများ အသုံးပြုကာ ဖန်တီးထားသော ပန်းချီ
ကျွန်တော်တင်မယ့် လက်ပန်းချီ ဆိုတာ လက်ပေါ်မှာ ဆွဲတဲ့ပန်းချီပညာ မဟုတ်ပါဘူး။
မိမိရဲ့ လက်ချောင်းဆယ်ချောင်းကို အသုံးပြုကာ နံရံပေါ်မှာ ရေးဆွဲတဲ့ ပန်းချီကား တွေပါ။
Judith Braun ဆိုတဲ့အမျိုးသမီးသည် မိမိ၏ လက်ဆယ်ချောင်းကိုသာ အသုံးပြုပြီး
နံရံပန်းချီများကိုဆွဲခဲ့ တာပါ။သူမရဲ့ ပန်းချီပုံများစွာ ထဲမှ တစ်ချို့ကို တင်ပေးလိုက်ပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general%204/new-way-of-painting-4.jpg
http://i1183.photobucket.com/albums/x474/konay1/general%204/new-way-of-painting-11.jpg
Saturday, September 24, 2016
ကမ္ဘာ့ပထမဆုံး ပုံများ
ကမ္ဘာပေါ်မှာ ပထမဆုံးတီထွင်ဖန်တီးထားတဲ့ ပစ္စည်းများ၊ ရှေ့ဆောင် လူသားများ၏
မှတ်တမ်းဓာတ်ပုံများကို စုစည်းတင်ပေးလိုက်ပါသည်။ကြည့်လိုက်ကြပါအုံးဗျာ...
http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1474396741513.jpg
http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1474395982739.jpg
ဟန်ချက်ညီကျောက်တုံများ(video)
ကျောက်တုံးများကို ဟန်ချက်ညီရပ်တည်စေရန် ထပ်ဆင့်တင်ကာ ဖန်တီးခြင်း
တကယ်ဟန်ချက်ညီ အောင်တင်ထားသော ကျောက်တုံးများပါ။
photoshop ပညာဖြင့်လုပ်ထားခြင်း မဟုတ်ကြောင်း အာမခံထားပါသည်။
အမှန်အကန်ဖြစ်ကြောင်းသိနိုင်ရန် 
ဟန်ချက်ညီကျောက်တုံများ(video)
ဖိုင်လေးပါ ကျွန်တော် သီးခြားတင်ပေးလိုက်ပါသည်။ကြည့်လိုက်ပါအုံးသူငယ်ချင်း...
http://i1183.photobucket.com/albums/x474/konay1/general%204/extreme-rock-balancing08.jpg
http://i1183.photobucket.com/albums/x474/konay1/general%204/extreme-rock-balancing07.jpg
Thursday, September 22, 2016
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၁၁ )
သူငယ်ချင်းတို့ အတွက် fb မှာတွေ့သမျှကို စုစည်းပြီး ပြန်တင်ပေးလိုက်ပါတယ်။
ငါ့ဟာငါ ဆေးလိပ်သောက်နေတာကို ၀ိုင်းရိုက်နေလိုက်ကြတာ
ဆေးလိပ်မီးနဲ့ ကောက်ပစ်လိုက်လို့နော်....
http://i1183.photobucket.com/albums/x474/konay1/funny/FB_IMG_1473166294932.jpg
အပေါ်ကိုပဲ မဲနေလိုက်ကြတာ ၊ အောက်မှာတော့ .... ဟီးးး
http://i1183.photobucket.com/albums/x474/konay1/funny/FB_IMG_1466922971438.jpg
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၈ )
 “ လေချွန်သည်ဟု စွပ်စွဲခံရကာ မတရားအကျဉ်းချခံရသူ”
  *****************************************
ဒီတစ်ခေါက် ဘဝဇာတ်ခုံပေါ်မှ ပြကွက်ဆန်းများအကြောင်း
ကိုတော့ သက်ဦးဆံပိုင်ဘုရင်စနစ် အကြောင်းတွေကိုပဲ
ဆက်တင်ပေးပါမယ်။ဘုရင်စနစ်တွေ အာဏာရှင်စနစ်တွေ
ဟာအုပ်ချုပ်သူလူတန်းစား၏ စိတ်ထားပ်ါမူတည်ပြီး ပြည်သူ
အပေါ်အကျိုးသက်ရောက်မှုကြီးစွာ ဖြစ်ပေါ်ပါတယ်။အခု
ဒီအဖြစ်အပျက်လေးဟာ အုပ်ချုပ်သူတစ်ယောက်၏ ညှာတာ
မဲ့သော တရားစီရင်မှုနှင့် ရက်စက်တဲ့ အပြုအမူကြောင့်
ခံလိုက်ရသူအတွက်ကတော့ ရင်နာစရာပါ……
http://i1183.photobucket.com/albums/x474/konay1/general%204/9682534e99442f3e6c9bf086222e4ce4.jpg
             (  louis xvi and marie antoinette )
၁၇၈၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံမြောက်ပိုင်း ဘရစ်တနီနယ် က
မာရီအော်ဂတ်စတင်း ဆိုတဲ့ မားကွစ်( အမတ် ) ပီလဲယားဟာ
နိုင်ငံတော်အကျဉ်းသားအဖြစ် သတ်မှတ်ပြစ်ဒဏ်ချခြင်းခံခဲ့
မာရီအန်တွိုင်းနက် ဆိုသည့်တော်ဝင်မျိုးနွယ်အမျိုးသမီး
တစ်ယောက်က ပြင်သစ်ပြဇာတ်တစ်ခုကိုသွားကြည့်ပါတယ်။
သူမ က ပြဇာတ်ကြည့်ဖို့ တော်ဝင်ထိုင်ခုံ မှာထိုင်ခါနီးတွင်
ပီလဲယားက လေချွန်လိုက်တယ်ဆိုပြီး စွပ်စွဲကာ တရားစွဲခြင်း
ခံရပါတယ်။
Monday, September 19, 2016
ခြေထောက်အား နောက်ပြန်လှည့်နိုင်သူ
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1474140911512.jpg
၂၀၁၇ ခုနှစ် Guinness မှတ်တမ်းအတွက်ထူးထူး
ခြားခြား မှတ်တမ်းဝင်သွားသူ တစ်ယောက်ကတော့
လန်ဒန် မှ အသက် ၁၄ နှစ်အရွယ်ရှိ Maxwell Day
ဆိုသူလူငယ် တစ်ယောက်ပါ။သူကတော့
ပုံမှာမြင်ရတဲ့ အတိုင်း ခြေထောက်များကို အကွာအဝေး
အများဆုံး နောက်ပြန်လှည့် မတ်တပ်ရပ်နေနိုင်သူ
ဖြစ်ပါသည်။ နောက်ပြန်လှည့်ထားနိုင်သည့်
အကွာအဝေးမှာ ၁၅၇ ဒီဂရီ အထိရှိပါသည်။
မြင်ရသူအတွက် အသဲယားစရာ ဟုထင်မှတ်ရသော်လည်း
Maxwell အတွက်ကတော့ နာကျင်မှုလုံးဝမရှိပဲ
သက်တောင့်သက်သာ ပဲဖြစ်နေပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....နေခရမ်း
Iron Man မျက်နှာပိုင်ဆိုင်သော ပိုးတုံးလုံး
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1473674675023.jpg
Daphnis nerii လို့ခေါ်တဲ့ ပုံးတုံးလုံး မျိုးနွယ်မှ အကောင်များ ဖြစ်ပါတယ်။ ယင်း အကောင်များရဲ့ ထူးခြားချက် အနေနဲ့ သူတို့ရဲ့ မျက်နှာ ပုံသဏ္ဍာန်ဟာ Iron Man နဲ့ တူညီနေခြင်း ဖြစ်ပါတယ်။
Iron Man ကတော့ ယင်း ပိုးတုံးလုံးကို နမူနာယူပြီးတော့ ဖန်တီးထားတာ မဟုတ် ပါဘူး။ သဘာဝ တရားအားဖြင့် တူညီ နေတာကို သဘာဝ လေ့လာ သူများကို ဖော်ထုတ် ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ယင်း ပိုးကောင် များဟာ အာဖရိက နဲ့ အာရှမှာ ရှင်သန် ပေါက်ဖွားမှုများပြီး အသီးအနှံ့ ဖျက်တဲ့ စားသုံးတဲ့ ပိုးတစ်မျိုးပဲ ဖြစ်ပါတယ်။ နယ်တွေ ဘက်မှာ ဆိုရင် ပိုးယားကောင်၊ ပိုးတုံးလုံး၊ ပိုးလောက် အစရှိသဖြင့် ခေါ်ဝေါ် ပါတယ်။
ဥရောပတိုက် တောင်ပိုင်းမှာလည်း နွေရာသီဆိုရင် ရှင်သန် ပေါက်ဖွားလေ့ ရှိကြောင်း သိရ ပါတယ်။
Ref: wiki
Credit:innewsmyanmar
(၂) နှစ်သား ကလေးငယ်က 999 ထံ ဖုန်းခေါ်ပြီး မိခင်၏ အသက်ကို ကယ်တင်
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1473673512974.jpg
ဗြိတိန်နိုင်ငံ၊ လီဆက်စတာရှိုင်းယားတွင် အသက် (၂) နှစ်သာ ရှိသေးသည့် ကလေးငယ် တစ်ဦးက ရဲတပ်ဖွဲ့ထံ အရေးပေါ် ဖုန်းခေါ်ပြီး မိခင်ဖြစ်သူအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ အိစ်မစ်ဒ်လန်း လူနာတင်ယာဉ် ဝန်ဆောင်မှု ဌာနက ရိုင်လီဝါ့ဒ်၏ သတင်းပေးမှုကြောင့် ၎င်း၏ မိခင်ကို အလျင်အမြန် သွားရောက် ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ရိုင်လီသည် မိခင်ဖြစ်သူ ရုတ်တရက် လဲကျသွားသည်ကို တွေ့ရှိပြီးနောက် 999 သို့ ဖုန်းခေါ်ခဲ့ခြင်း ဖြစ်သည်။
ကလေးငယ်သည် မိခင်ဖြစ်သူ ဒါနာဟင်နရီ၏ အခြေအနေ ပုံမှန် မဟုတ်သည်ကို သိရှိခဲ့သည့်တိုင် ၎င်း၏ အတွေးအခေါ် စွမ်းရည်အရ မည်သို့ ဖြစ်သွားသည်ကို ရှင်းမပြတတ်ချေ။ ရဲများက ဖုန်းထဲမှတစ်ဆင့် မေးမြန်းသည့်အခါ ရိုင်လီက “မေမေ အိပ်ပျော်သွားတယ်” ဟုသာ ပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့၏ ဆက်သွယ် သတင်းပေးမှုကြောင့် ဖုန်းခေါ်သည့် နေအိမ်သို့ လူနာတင်ယာဉ်က ချက်ချင်းသွားရောက် စစ်ဆေးခဲ့သည်။ ထို့နောက် ဒါနာကို ဆေးရုံသို့ အလျင်အမြန် တင်ပို့ခဲ့ရသည်။
လူပေါင်းအယောက်(၃ဝ)ကို ကယ်ပြီးအသေခံသွားတဲ့ခွေးကလေး
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1473742615173.jpg
အသားမှာ အဆိပ်ပါတယ်ဆိုတာကို ခွေးကလေးအနံ့ခံသိလိုက်တယ်။
လူတွေကို အဆိပ်မိထားတဲ့ခွေးသားမစားဖို့ ခွေးကလေးကဟောင်ပြီး တားတယ်။
ဒါကို လူတွေက သဘောမပေါက်ခဲ့ဘူး.. ခွေးကလေးလည်း အသားစားချင်တယ်ထင်ပြီး အသားပစ်ကျွေးလိုက်တယ်။
ခွေးကလေးကမစားဘဲ ဟောင်ပဲဟောင်နေခဲ့တယ်.. ဟောင်သံထဲမှာ ဆွဲဆွဲငင်ငင်ငိုသံတွေ ရောစွက်နေတယ်။
နောက်ဆုံး လူတွေအသားစားခါနီးမှာ ခွေးကလေးဟာ မျက်ရည်ကျပြီး ဝမ်းနည်းသံနဲ့ တစ်ချက်အူလိုက်တယ်။
ပြီးတော့ သူ့ကိုချကျွေးတဲ့အသားကို စားပြလိုက်တယ်။ နေရာမှာတင် အဆိပ်သင့်ပြီး သေရှာတယ်။
ဒီအကြောင်းကို သူဌေးတစ်ဦးကကြားတော့ ခွေးကလေးကို အရမ်းကရုဏာသက်မိတယ်။
ခွေးကလေးကို သေချာမြေမြုပ်သင်္ဂြုံလ်ပြီး ရုပ်ထုလုပ် အထိမ်းအမှတ်ပြုခဲ့တယ်။
ခွေးကလေးကိုသင်္ဂြုံလ်တဲ့နေ့မှာ မိုးတွေရွာနေခဲ့တာတောင် လူပေါင်းတစ်ရာကျော်လိုက်ပါပို့ဆောင်ခဲ့တယ်။
သူကယ်လိုက်တဲ့ လူပေါင်းက အယောက်(၃ဝ)ပါတဲ့….
Credit to နိုင်းနိုင်းစနေ
တစ်ညတည်းခိုခ တစ်ဒေါ်လာသာ ပေးရမယ့် အချုပ်ခန်းပုံစံ တည်းခိုခန်း
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1473742657099.jpg
နယူးယော့ခ်မြို့ကြီးမှာ တစ်ညတည်းခို ခ တစ်ဒေါ်လာပေးပြီး နေနိုင်တဲ့ နေရာမျိုး မရှိဘူးလို့ ထင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဒေါ်လာ တည်းပေးပြီး နေနိုင်တဲ့ တည်းခိုခန်း အမှန်တကယ် ရှိနေပါတယ်။ တစ်ခုရှိတာက အဲဒီတည်းခိုခန်းမှာ နေထိုင်မယ့်သူဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်း တွေကို လိုက်နာသွားရမှာ ဖြစ်ပါတယ်။ စည်းမျဉ်းတွေကို မလိုက်နာရင်တော့ တည်းခိုလို့ရမှာ မဟုတ်ပါဘူး။ တရုတ်ပညာရှင် Miao Jiaxin  ဟာ ထူးခြား တဲ့ စိတ်ကူးနဲ့ ဒီအစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ တည်းခိုရမယ့် အခန်းကို အချုပ်ခန်းပုံစံအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ သံတိုင်တွေကြား ထဲမှာ နေထိုင်သွားရမှာဖြစ်တဲ့အပြင် ခြောက်ခြားစရာ ဖြစ်အောင် ပြုလုပ်ထားပါတယ်။
Sunday, September 18, 2016
ပုံစံထူးခြားလှပသော ပန်းပွင်းလေးများ
ကျွန်တော်တို့ ကမ္ဘာကြီးကို အလှဆင်နေကြသော အရာများတွင်
ပန်းပင်၊ ပန်းပွင့်လေးများသည် အဓိကကျသော အခန်းမှ ပါဝင်နေပါသည်။
လူသားတို့၏ စိတ်ပျော်ရွှင်ချမ်းမြေ့မှု နှင့် အေးချမ်းမှုကို ခံစားနိုင်သော
ပန်းဥယျာဉ်များ ကမ္ဘာအနှံ့မှာ တည်ရှိနေကြပါသည်။ကမ္ဘာပေါ်တွင်
ပန်းမျိုးပေါင်း နှင့် မျိုးစိတ်များမှာလည်း များစွာ ရှိနေကြပြီး
ယနေ့အချိန်အထိပင် ပန်းမျိုးအသစ်များကို တွေ့ရှိမှတ်တမ်း တင်နေ
ရတုံးပါ။ထိုကဲ့သို့ ပန်းမျိုးပေါင်းများစွာမှ လှပပြီး အသွင်ထူးခြားနေသော
ပန်းပွင့်လေးများကို တင်ပြချင်ပါသည်။ အများအားဖြင့် သတ္တ၀ါ တစ်ဦးဦး
နှင့် ပုံသဏ္ဍန်ဆင်တူနေသော ပန်းများကို တင်ပြပါမည်။ထိုကဲ့သို့
ပန်းပွင့်လေးများသည် သစ်ခွပန်းပင်များ အများဆုံး ပါဝင်နေတတ်ပါသည်။
ရှုစားကြပါအုံးနော်…
(1)Monkey Face Orchid (Dracula Simia)
http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1474218588779.jpg
သစ်ခွပန်းမျိုး ဖြစ်ပြီး ပန်းပွင့်၏ အလယ်နေရာတွင် မျောက်တစ်ကောင်၏
မျက်နှာပုံကို ထင်ရှာစွာ တွေ့မြင်နိုင်ပါသည်။
(2)Moth Orchid (Phalaenopsis)
http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1474218668469.jpg
ပိုးဖလံ နှင့်တူသော သစ်ခွပန်းမျိုးပါ။ နေခရမ်းကတော့ ငှက်လေးတစ်ကောင်
နှင့်ပိုတူတယ်လို့ ထင်ပါသည်။
Saturday, September 17, 2016
တစ်နှစ်တွင် မိုးကြိုးအကြိမ်ရေ ၁.၂ သန်းခန့်ပစ်သော ကမ္ဘာ့မိုးကြိုးအပစ်ဆုံးနေရာ
နှစ်စဉ် အကြိမ် ၁.၂ သန်းခန့် မိုးကြိုးပစ်လေ့ ရှိသည် ဆိုသည်မှာ
ယုံတမ်းစကား တစ်ခုမဟုတ်ပဲ ဗင်နီဇွဲလားနိုင်ငံတွင် တကယ်ရှိပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1472891153229.jpg
ဗင်နီဇွဲလားနိုင်ငံ အနောက်မြောက်ဘက်ရှိ Maracaibo ကန်ကြီး အတွင်းသို့
ကာတာတမ်ဘိုမြစ် (Catatumbo ) စီးဝင်ရာ နေရာဒေသတွင် ထိုကဲ့သို့
ကမ္ဘာ့လေထု နှင့်စပ်လျဉ်းသော သဘာဝဖြစ်စဉ်တွေ ဖြစ်ပေါ်နေခြင်း
ဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1472891159271.jpg
လူအများ ပြောကြသလို “တစ်နေရာထဲကို မိုးကြိုးနှစ်ကြိမ် ပစ်လေ့မရှိ”
ဆိုသောစကားသည် သည်ဒေသအတွက်တော့ မမှန်ကန်ပါ။
သည်နေရာတွင် တစ်နှစ်ကို ရက်ပေါင်း ၂၆၀ ခန့် မိုးကြိုးမုန်တိုင်း
ပြင်းပြင်းထန်ထန် ကျရောက်တတ်ပါသည်။ အနည်းဆုံး နှစ်များတွင်
ရက်ပေါင်း ၁၄၀ ခန့်တော့ ပုံမှန် မိုးကြိုးမုန်တိုင်း ကျပါသည်။
Friday, September 16, 2016
ငါးသားပေါက်များကို ပါးစပ်တွင်း ငုံထားတတ်သည့် Cardinalfish ငါးထီးများ
http://i1183.photobucket.com/albums/x474/konay1/funny/IMG_20160916_015302.jpg
ကြည့်လိုက်တာနှင့် အရောင်များတောက်ပနေသော Cardinalfish (ကာဒီနယ်) ငါး
လေးများသည် Apogonidae မျိုးနွယ်ဝင်များဖြစ်ကြပြီး ရောင်ပြန်ငါး အမျိုးအစားများ
ဖြစ်ကြပါသည်။ ထိုငါးကလေးများမှာ အံ့သြဖွယ်ကောင်းသော အမူအကျင့်
ထူးခြားမှု လေးများကြောင့် လူသိများထင်ရှားကြခြင်းဖြစ်ပါသည်။
ထိုထူးခြားမှုကတော့ ကာဒီနယ်ငါးမများသည် ဥ ဥချိန်တန်ချိန်တွင်
ငါးထီး၏ ပါးစပ်အတွင်း၌ ဥများကို ဥချပေးလိုက်ပါသည်။
ငါးထီးများသည် ထို ဥ လေးများကို ခံတွင်း၌ ငုံထားပြီး ငါးသားပေါက်လေး
များ ဖြစ်ချိန်အထိ ကာကွယ်စောင့်ရှောက်ပေးထား ပါသည်။
သူတို့ ပါးစပ် ထဲမှာ ထည့်ပေးထားခြင်း ဖြင့် အခြားသော ပင်လယ် သားကောင်
များ၏ ရန်လိုမှု၊ တိုက်ခိုက်မှုကို ကာကွယ်ပေးပြီး ဖြစ်ပါသည်။
အမှတ်တမဲ့ အလွဲများ ( ၆၅ )
အပိုင်း(၆၅) ပါ။ ကြည့်လိုက်ကြပါအုံးနော်...
အမှန်အကန် စာလုပ်နေတာဟ...
http://i1183.photobucket.com/albums/x474/konay1/funny/PhotoGrid_1472393211779.jpg
အပီသာ ဆွဲထား မိန်းမ။ကို ထောက်ထားတယ်...
http://i1183.photobucket.com/albums/x474/konay1/funny/FB_IMG_1468428985329.jpg
Thursday, September 15, 2016
လက်တစ်ရာနှင့် သတ္တဝါဆန်း
http://i1183.photobucket.com/albums/x474/konay1/general%203/1964966_782420435134229_3697225208046848162_n.jpg
ကမ္ဘာမြေတွင် ရှိနေမည်ဟု ထင်မှတ် ဖွယ်ရာ မရှိသည့် ထူးဆန်းသည့် သက်ရှိ သတ္တဝါ တစ်မျိုးကို စင်ကာပူ တံငါသည် တစ်ဦးက ပင်လယ်အတွင်းမှ ဖမ်းဆီး ရမိခဲ့သည်
အွန်ဟန်ဘွန်းဆိုသူ အသက်၅၄နှစ်ရှိသူတစ်ဦးသည် အပျော်ငါးဖမ်းခြင်းကို မွေ့ လျော်ပြီး ၎င်း၏နေ့ လည်စာ အတွက် လတ်လတ်ဆတ်ဆတ် စားနိုင်ရန် ငါးဖမ်းထွက်ရာ အဆိုပါ ဆန်းပြားသည့် သတ္တဝါတစ်မျိုးကို ဖမ်း ဆီး ရမိခဲ့ခြင်း ဖြစ်သည်။
ဆန်တိုဆာ ကျွန်းတွင် အွန် ဖမ်းမိခဲ့သည့် သတ္တဝါဆန်း၏ အသွင်အပြင်မှာ လက်တံများ ၁၀၀ ခန့် ပါရှိပြီး သွင်ပြင်ဆန်းသည့် သတ္တဝါဖြစ် သည်။ အွန်က ကျွန်းပေါ်တွင် ဘီယာသောက်ရင်း ငါးဖမ်းလိုက်၊ စား
သောက်လိုက်ဖြင့် အပန်းဖြေ နေလျက်ရှိရာမှ ယခုသတ္တဝါကို ဖမ်းမိခြင်းဖြစ်သည်။
“ကျွန်တော်က ငါးမျှားနေခဲ့တယ်။ အဲအချိန်မှာ တော်တော်လေးလည်း ဆာနေပါတယ်။ ငါးစာကို လာသုတ် တာ တွေ့ တာနဲ့ ဖျတ်ခနဲ ဆွဲတင်လိုက်တာ ကျွန်တော် တအံ့တသြ ဖြစ်သွား တော့တာပဲ။ ဒါပေမယ့် ကျွန်
တော်ဆက်ပြီး ငါးမျှားတံကို ဆွဲတင်ခဲ့ ပါတယ်။ ကျွန်တော် မိထားတဲ့ အရာကို ကြည့်ပြီး တော်တော်လေး
ခေါင်းတောင် နောက်သွား ခဲ့ရတယ်”ဟု ၎င်းကပြောသည်။
သခင့်အလာကို သစ္စာရှိရှိစောင့်နေသည့် အွန်လိုင်းနာမည်ကျော် ခွေးမလေး
http://i1183.photobucket.com/albums/x474/konay1/general%203/wp-1473859112596.jpg
သခင်ပြန်လာမယ်အထင်နဲ့ လမ်းမကြီးတခုရဲ့ဘေးမှာ စောင့်နေခဲ့တဲ့ ထိုင်းနိုင်ငံမှ ခွေးမလေးတကောင်ရဲ့ သတင်းဟာ တိရစ္ဆာန်ချစ်သူတွေရဲ့ စိတ်နှလုံးထဲထိ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဒီသတင်းဟာ ထိုင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ထိုင်းအခြေစိုက် ဒေးလီးနယူးစ်သတင်းမှ သတင်းထောက်တွေက သွားရောက် သတင်းရယူခဲ့ကြတာပါ။
အဆိုပါခွေးမလေး စောင့်နေခဲ့တဲ့နေရာဟာ ချန်သဘူရီခရိုင်၊ ခွန်ဘမ်ဒေသမှ ထရက်တ်လမ်းမကြီးပေါ်မှာဖြစ်ပြီး ၃ နှစ်အရွယ် ခွေးမလေးဟာ အထီးကျန်စွာ မိုးရေထဲမှာ စောင့်ဆိုင်းနေခဲ့တာကို တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။
ခွေးမလေးဟာ လမ်းဘေးမှာ နေစရာရှာပြီး နေနေခဲ့ကာ လမ်းသွားလမ်းလာတွေ ကျွေးတဲ့ အစားအစာတွေကို လက်ခံပေမယ့် သူ့ကို ဘယ်သူကမှ မွေးစားဖို့ ခေါ်လို့မရခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ သခင့်အလာကို ဇွဲနပဲနဲ့ စောင့်နေခဲ့တဲ့ ခွေးမလေးဟာ အွန်လိုင်း နာမည်ကျော် ဖြစ်လာခဲ့ပြီး သူ့ကို အစားအစာတွေ သွားကျွေးကြတာတွေ၊ ဓာတ်ပုံရိုက်ကြတာတွေနဲ့အတူ သူ့ရဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ မျှဝေမှုတွေ လုပ်နေကြတာပါ။
အဆိုပါခွေးမလေးဟာ အဲဒီနေရာမှာ သခင့်အလာကို စောင့်နေခဲ့တာ လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက ဖြစ်တယ်လို့ အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီး ဆီဝါပလွိုင် ရီရွန်ချိုင်ချော့ခ်က ပြောပါတယ်။
အိုင်ယာလန်နိုင်ငံက ဖအေမတူ မအေကွဲ အမြွှာညီအစ်မ
ဒီ မိန်းကလေး ၂ ယောက်ကတော့ အမြွှာလို့ကို ထင်မှတ်ရလောက်အောင် ရုပ်ချင်းဆင်နေကြပါတယ်။ ဒါပေမယ့် သူမ တို့ ၂ ယောက်ဟာ ဆွေးမျိုးတော်စပ် ခြင်း လုံးဝ မရှိပါဘူး။
Niamh Geaney ဆိုသူ ကောင်မလေးတစ်ယောက် ဟာ TwinStrangers.com ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ သူမနဲ့ ရုပ်ချင်းအရမ်းဆင်လွန်းတဲ့ Irene Adams ဆိုသူ ကောင်မလေးတစ်ယောက်နဲ့ ခင်မင်တွေ့ဆုံခဲ့ရပါတယ်။ အဲဒါကြောင့် သူမတို့ ၂ ယောက်ဟာ သွေးသားတော်စပ်ခြင်း ရှိ/မရှိ စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီအခါမှာတော့ အံအားသင့်စရာက သူမတို့ ၂ ယောက်ဟာ ညီအစ်မ ဖြစ်နိုင်ချေ ၁.၁ ရာခိုင်နှုန်း ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် သွေးသားတော်စပ်တဲ့ လက္ခဏာ မျိုးတော့ ရလဒ် မှာ ဖော်ပြထားခြင်း မရှိပါဘူး။ ရုပ်ချင်းဆင်ကြတာပဲရှိပြီး သူမတို့ ၂ယောက်လုံးဟာ အိုင်ယာလန်သူ တွေလည်း ဖြစ်နေကြပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general%203/Twin-from-Different-Parents.jpg
သူမတို့ ၂ ယောက်အနေနဲ့ သွေးသားတော်စပ်ခြင်း မရှိရခြင်းအကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်း လောက်ကတည်းက Niamh ရဲ့  ဘိုးဘေးဘီဘင် မျိုးရိုးဟာ အနောက်တောင် အာရှ မှာ အခြေစိုက်ခဲ့တာ ဖြစ်ပြီး Irene ရဲ့  မူလ မျိုးရိုးကတော့ အီရတ်နိုင်ငံနဲ့ အီရန် နိုင်ငံတို့ကြားက နယ်ခြားစည်းမျဉ်း ဒေသ ဖြစ်တဲ့ မီဆိုပိုတေးမီးယား မှာ အခြေစိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Niamh ကတော့ "ကျွန်မတို့ ၂ယောက်လုံးဟာ ကျွန်မတို့များ သွေးသားတော်စပ်နေမလားဆိုတာကို ဖော်ထုတ်ဖို့ သဘာဝ နည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။ YouTube နဲ့ လူမှု မီဒီယာတွေမှာ လည်း ကွန်မန့်တွေပေးပြီး တောင်းဆို ခဲ့ကြတာက ကျွန်မတို့ ၂ ယောက် တစ်ကယ် အမျိုးမတော်ကြဘူးဆိုတာကို သက်သေပြပေးဖို့ပါ။ အဲဒါကြောင့် နောက်ဆုံးမှာ ကျွန်မတို့ စစ်ဆေးမှု လုပ်ခဲ့ကြပါတယ်။" လို့ ပြောပြပါတယ်။
Australia မှ အရောင်ပြောင်းနေသောကျောက်တုံးကြီး(သို့)တောင်ကြီး
Australia ဆိုတာ ကမ္ဘာ့တိုက်ကြီးများထဲစာရင်းဝင်ပေမယ့် ကျွန်းနိုင်ငံကြီးလို့ပြောရမှာပါ။
 ဒီနိုင်ငံမှာ ထူးဆန်းတဲ့နေရာတွေ မြောက်များစွာတည်ရှိပါသည်။
ဒီအထဲမှ ထူးထူးခြားခြား အမြဲ အရောင်ပြောင်းနေတက်
တဲ့ တောင်ကြီးတစ်တောင်ကဲ့သို့ ဖြစ်တည်နေသော ကျောက်တုံးကြီး
အကြောင်းကိုတင်ပေးမှာပါ။ဒီတောင်ကြီးကတော့ Uluru
လို့အမည်ရပြီး အများက Ayers Rock လို့ခေါ်ကြပါတယ်။ဒီတောင်ကြီးဟာ
အလင်းရောင်ရရှိမှု ၊ တစ်နေ့သာ အချိန် နှင့် ရာသီဥတုအပေါ်လိုက်ပြီး
အရောင် သိသိသာသာပြောင်းလဲနေတတ်ပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general%203/sunset-at-uluru.jpg
Australia  ရဲ့အလယ်ပိုင်းလောက်မှာတည်ရှိပြီး မြေပြန့်တွေအလယ်မှာထင်ထင်ရှားရှား
တည်ရှိနေတာပါ။ လွန်ခဲ့သော နှစ်သန်းပေါင်း ၆၀၀ ခန့်ကတည်းက တည်ရှိနေတယ်လို့
ခန့်မှန်းကြပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/024.-Uluru-NT-in-the-wet-Image-By-Ken-Duncan.jpg
ကြီးမားသော သဲကျေက်တောင်အမျိုးအစားဖြစ်ပြီး  348 m (1,142 ပေ) မြင့်ပါတယ်။
ဒါဟာ မြေမျက်နှာပြင်ကနေတိုင်းထားသော အမြင့်ပါ။ ပင်လယ်ရေမျက်နှာပြင်
ကနေ တိုင်းမည်ဆိုလျှင် 863 m (2,831 ပေ) မြင့်ပါသည်။
Wednesday, September 14, 2016
မှတ်ဖွယ်စုံရာ သုတပဒေသာ (၁၁)
http://i1183.photobucket.com/albums/x474/konay1/general%203/800px-Moth_September_2008-3.jpg
http://i1183.photobucket.com/albums/x474/konay1/general%203/Screenshot_2016-09-13-00-15-10.jpeg
အိမ်များ ထပ်ကာထပ်ကာ တည်ဆောက်ထားသော အိမ်မျှော်စင်
http://i1183.photobucket.com/albums/x474/konay1/general%203/PhotoGrid_1473861590818.jpg
သည် အိမ်ကြီးကတော့ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်ရှိ
Anchorage မြို့တွင် တည်ရှိပြီး Goose Creek မျှော်စင်ကြီးဟု
အမည်ရပါသည်။အမြင့်အားဖြင့် ၁၈၅ ပေမြင့်ကြီး အိမ်တစ်လုံးပေါ်
တစ်လုံး ဆင့်ကာဆင့်ကာ တည်ဆောက်ထားသည့် ဒီဇိုင်းကြောင့်
နာမည်ကျော်ကြားလာခြင်းဖြစ်ပါသည်။မူလ တည်ဆောကစဉ်က
တစ်ထပ်အိမ်အဖြစ် တည်ဆောက်ခဲ့သော်လည်း ထိုဒေသတွင်
တောမီးလောင်ကျွမ်းပြီးနောက် ပိုင်ရှင်ဖြစ်သူ ဖီးလ်ဝိုင်ဒါ မှ
အိမ်များကို အထက်သို့ ထပ်ကာထပ်ကာ တည်ဆောက်ခဲ့ခြင်း
ဖြစ်ပါသည်။ သူ့ရည်ရွယ်ချက်ကတော့ ဟိုးအဝေးက ရှုမျှော်ခင်းများကို
ကြည့်ရှု့ခံစားနိုင်ရန် ဖြစ်ပါသည်။ထိုအိမ်ကြီး၏ အပေါ်ဆုံးထပ်မှ
ကြည့်လျှင် မြောက်အမေရိက၏ အမြင့်ဆုံးတောင်ဖြစ်သော
Denali တောင်ကြီးကို မြင်နိုင်ပါသည်။၁၉၉၀ ခုနှစ်တွင် လူသူကင်းမဲ့သော
ထိုဒေသတွင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ
တွင်တော့ ခရီးသွားဧည့်သည်များ၏ သွားရောက်လည်ပတ်စရာ
နေရာ တစ်ခုဖြစ်လာပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ………နေခရမ်း
Related Posts Plugin for WordPress, Blogger...