Thursday, September 22, 2016
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၈ )
 “ လေချွန်သည်ဟု စွပ်စွဲခံရကာ မတရားအကျဉ်းချခံရသူ”
  *****************************************
ဒီတစ်ခေါက် ဘဝဇာတ်ခုံပေါ်မှ ပြကွက်ဆန်းများအကြောင်း
ကိုတော့ သက်ဦးဆံပိုင်ဘုရင်စနစ် အကြောင်းတွေကိုပဲ
ဆက်တင်ပေးပါမယ်။ဘုရင်စနစ်တွေ အာဏာရှင်စနစ်တွေ
ဟာအုပ်ချုပ်သူလူတန်းစား၏ စိတ်ထားပ်ါမူတည်ပြီး ပြည်သူ
အပေါ်အကျိုးသက်ရောက်မှုကြီးစွာ ဖြစ်ပေါ်ပါတယ်။အခု
ဒီအဖြစ်အပျက်လေးဟာ အုပ်ချုပ်သူတစ်ယောက်၏ ညှာတာ
မဲ့သော တရားစီရင်မှုနှင့် ရက်စက်တဲ့ အပြုအမူကြောင့်
ခံလိုက်ရသူအတွက်ကတော့ ရင်နာစရာပါ……
http://i1183.photobucket.com/albums/x474/konay1/general%204/9682534e99442f3e6c9bf086222e4ce4.jpg
             (  louis xvi and marie antoinette )
၁၇၈၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံမြောက်ပိုင်း ဘရစ်တနီနယ် က
မာရီအော်ဂတ်စတင်း ဆိုတဲ့ မားကွစ်( အမတ် ) ပီလဲယားဟာ
နိုင်ငံတော်အကျဉ်းသားအဖြစ် သတ်မှတ်ပြစ်ဒဏ်ချခြင်းခံခဲ့
မာရီအန်တွိုင်းနက် ဆိုသည့်တော်ဝင်မျိုးနွယ်အမျိုးသမီး
တစ်ယောက်က ပြင်သစ်ပြဇာတ်တစ်ခုကိုသွားကြည့်ပါတယ်။
သူမ က ပြဇာတ်ကြည့်ဖို့ တော်ဝင်ထိုင်ခုံ မှာထိုင်ခါနီးတွင်
ပီလဲယားက လေချွန်လိုက်တယ်ဆိုပြီး စွပ်စွဲကာ တရားစွဲခြင်း
ခံရပါတယ်။
တရားမျှတပုံကတော့ ဖမ်းဆီးသည့်အမိန့် စာမှာလည်း အလွတ်
တစ်ခုဖြစ်ပြီး ဘုရင်လူဝီ ၁၆ ၏လက်မှတ်နှင့် အဖမ်းခံလိုက်ရတာပါ။
ထိုအချိန်က အသက် ၂၂ နှစ်သာ ရှိသေးတဲ့သူဟာ တင်ပယ်လ်
အကျဉ်းထောင်မှာ ပြစ်မှုကြီးမားလွန်းလှသဖြင့် တိုက်ပိတ်အကျဉ်းချ
ပို့ ဆောင်လိုက်ပြန်ပါတယ်။
ဒီနေရာမှာ တစ်ခုပြောပြချင်တာက လူဝီ (၁၆) နှင့် မာရီအန်တွိုင်းနက်
တို့လက်ထက်တွင် ပီလဲယား ကဲ့သို့ မတရား ဖမ်းဆီးနှိပ်စပ် ခံရသူတွေ
အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း သက်ဦးဆံပိုင်ဘုရင်များ
ဖြစ်သော်လည်း သူတို့၏ ဘ၀ဇာတ်သိမ်းမှာလည်း မလှမပ အဆုံးသတ်
ခဲ့ရပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1474457013785.jpg
အဲဒီနောက် ပြင်သစ်တော်လှန်ရေးကြီးဖြစ်ပွားပြီး ဘုရင်နှင့်မိဖုရား
ကွပ်မျက်ခံရပါတယ်။ ဒါပေမယ့်မြေအောက်အကျဉ်းတိုက်ထဲမှ
ကိုပြန်မစစ်ဆေးခင် ၂၄ နှစ်လုံးလုံး ဆက်ပြီးအကျဉ်းချခံခဲ့ရပါတယ်။
၁၈၁၄ ခု နပိုလီယံ ပြုတ်ကျပြီးနောက်တက်လာတဲ့ တော်ဝင်တရား
စီရင်ရေးအကြီးအကဲ က အမှုတွဲဟောင်းတွေကိုပြန်ကြည့်တဲ့အခါမှာ
တရားရေးမဏ္ဍိုင်ကို စောင့်ထိမ်းတဲ့ အမှန်တရားဘက်တော်သား
ပြုခဲ့ပါတယ်။ဒါပေမယ့် ကံဆိုးသူ ပီလဲယားတစ်ယောက်ကိုလွှတ်
ပေးခါနီးမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ နပိုလီယံဟာအယ်လ်ဘာကျွန်း
ကနေလွတ်မြောက်ပြီး ပြင်သစ်ကိုပြန်လာကာ တိုင်းပြည်မှာပြန်ပြီး
မငြိမ်မသက် ဖြစ်ခဲ့ရပါတယ်။
အဲဒီအကျိုးဆက်ကတော့ သနားစရာအကျဉ်းသားကြီးကို မလွှတ်
ပေးဖြစ်ဘဲ ထပ်ပြီးမေ့လျော့သွားကြပါတယ်။၁၈၃၆ အထိ
လွတ်မြောက်ဖို့ လမ်းမမြင်ခဲ့ပါ။ အဲဒီအချိန်မှာ သူ့ ကိုလေချွန်တယ်
ဆိုပြီး ဆက်ဆက်ထိမခံဖြစ်ကာ တရားစွဲထောင်ချခဲ့တဲ့
မာရီအန်တွိုင်းနက်တစ်ယောက် သေဆုံးခဲ့တာ ၄၃ နှစ်ကြာခဲ့ပါပြီ။
နောက်ဆုံး အသက် ၇၂ နှစ်ရှိနေပြီဖြစ်တဲ့ သနားစရာအကျဉ်းသား
သူပိုင်ဆိုင်တဲ့ မြေယာအဆောက်အဦ ပစ္စည်းအားလုံးကို အချိန်
နှောင်းမှသူ့ ထံပြန်ပေးစေခဲ့ပါတယ်။ထောင်ထဲမှာ နှစ် ၅၀ ကြာခဲ့
ပါတယ်။
ဒီနေရာမှာ တစ်ခုကြားဖြတ်ပြောချင်တာက လူဝီ (၁၆) နှင့်
မာရီအန်တွိုင်းနက် တို့လက်ထပ်မှာ ဒါမျိုး ဥပဒေကို လိုရာဆွဲ
ထင်ရာစိုင်းခဲ့လို့ ခံစားခဲ့ရတဲ့ ပြည်သူတွေ မနည်းမနောပါ။
ဒါကြောင့်လည်း သူတို့နှစ်ယောက်ရဲ့ ဇာတ်သိမ်းဟာလည်း
မလှမပ ဖြစ်ပြီး ဒဏ်ခတ်ခံခဲ့ရတယ်လို့ ဆိုချင်ပါတယ်။
ဒီအဖြစ်အပျက်မှာ အပြစ်မရှိ အပြစ်ရှာတဲ့ သူကို အပြစ်တင်ရမှာ
ကိုအပြစ်တင်ရမှာလား ။ဒါမှမဟုတ်ရင်နောက်ဆုံး ကံဆိုးလွန်းတဲ့
မတွေးတတ်တော့ပါဘူးဗျာ။
ဒါမျိုးအဖြစ်အပျက်တွေဆိုတာ ရှိတတ်ကြပါတယ်။ဒီလိုကံဆိုးမှု
နဲ့  အနိုင်အထက်ပြုခြင်းများကိုမည်သူမှမခံစားရပါစေနှင့်ဟု
ဆုတောင်းရင်း……
May 3, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...