ရေခဲဟော်တယ်၊ဆားဟော်တယ် စသည်ဖြင့် များပါတယ်။အခုလည်း ထပ်ပြီး
ရှာတွေ့သမျှကို တစ်ပေါင်းတည်းတင်ပေးလိုက်ပါတယ်။အားပေးကြပါအုံး...
ဒီဟော်တယ်တွေက ငွေပေးပြီးတည်းရပေမယ့် သူတို့ရဲ့ဝန်ဆောင်မှု နှင့်
အဆောက်အဦး ပုံစံ တွေက တစ်မျိုးဆန်းသစ်နေလို့ ဆန်းဆန်းပြားပြားဟော်တယ်
များလို့ အမည်တပ်လိုက်ပါတယ်...
Feb , 2013 မှပိုစ့်အား ပြန်လည် ပြင်ဆင် တင်ပြထားပါသည်။
ရေပေါ် ဟော်တယ် ( Floating Hotel )

ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ဒီဇိုင်းပုံစံနှင့်တည်ဆောက်ထားတာကတော့
ဆွီဒင်နိုင်ငံမှာပါ။ ဖောင်ပုံစံမျိုးတည်ဆောက်ထားပြီး လိုတဲ့နေရာကို ရွေ့နိုင်ပါတယ်။
ညပိုင်းအိပ်ရင်တော့ တစ်မျိုးဇိမ်ကြမှာပါ။ညင်သာတဲ့ တေးသွားသံစဉ်လေးနဲ့
အနားယူဖို့ ဖန်တီးပေးထားပါတယ်။