Thursday, March 16, 2017

ဒဏ္ဍာရီပုံပြင်တွေထဲမှ ကျေးရွာလေးအလား…

ညပိုင်းအချိန်များတွင် မီးရောင်စုံထွန်းညှိထားပါက အလွန်လှပသာယာသော ထိုနေရာလေးကို လူအများက ဒဏ္ဍာရီပုံပြင်တွေထဲမှ ဆီးနှင်းရွာလေးဟု တင်စားခေါ်ဝေါ်ကြပါသည်။ ဒါပေမယ့် ဒီနေရာလေးသည် တရုတ်နိုင်ငံ မြောက်ဘက်အစွန်းပိုင်းတွင်တည်ရှိသော Heilongjiang ပြည်နယ် တွင်တည်ရှိသည့် သစ်တောဌာနအခြေစိုက်ရာ Shuangfeng မြို့ငယ်လေး ဖြစ်ပါသည်။

ထိုမြို့ငယ်လေးတည်ရှိရာ ဒေသသည် နှစ်စဉ်နှစ်တိုင် ဆီးနှင်းများ ထူထပ်စွာကျရောက်လေ့ ရှိပါသည်။
တစ်နှစ်ကို ဆီးနှင်းများ ခုနှစ်လအထိ ကျရောက်ရာ အလွန်အေးသော နေရာ တစ်နေရာပါ။

ထို့ကြောင့်ပင် Shuangfeng မြို့လေးသည် ဆီးနှင်းများ ကျဆင်းသည့် လများတွင် သစ်သားအိမ်ခေါင်မိုးများပေါ်၌ ဆီးနှင်းထု နှစ် မီတာ အထိ မြင့်တက်ရှိနေတတ်ပါသည်။


ထိုကဲ့သို့ အချိန်များတွင် ထိုမြို့လေးသည် ဒဏ္ဍာရီပုံပြင်ထဲမှ မြောက်ဝင်ရိုးစွန်းတွင် နေထိုင်သော စန်တာကလော့၏ ရွာကလေးကဲ့သို့ လှပသာယာကြောင်း ညွှန်းဆိုတင်စားကြခြင်း ဖြစ်ပါသည်။

သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...