Wednesday, August 31, 2016
ကချင်ပြည်နယ်မှ သဘာဝရှုခင်းများ
နေခရမ်း ဆီကို ရောက်လာတဲ့ အမTin Mi Nawzar ရဲ့
ကချင်ပြည်နယ်က လူသူအရောက်အပေါက်နည်းတဲ့
ဒေသ မှ ရှုခင်းပုံတွေပါ။ တကယ်လှတဲ့ရှုခင်းပုံတွေမို့ 
အများမြင်ရအောင် ခွင့်ပြုချက်တောင်းပြီး ပြန်တင်ပေး
လိုက်ပါတယ်။ Tin Mi Nawzar အကောင့် ပိုင်ရှင်ကို
လည်း အထူးကျေးဇူးတင်ပါတယ်ဗျာ။ပျော်ရွှင်ချမ်းမြေ့
ပါစေ။
http://i1183.photobucket.com/albums/x474/konay1/generral%202/13720454_10210727258964619_1368212247_o.jpg
http://i1183.photobucket.com/albums/x474/konay1/generral%202/13705051_10210727259284627_898087659_n.jpg
ခွေးလိမ္မာက အလုပ်လက်မဲ့ သခင်အတွက် ဒေါ်လာ ၁၃၀၀၀၀ကျော်တန် ဝေလငါးအန်ဖတ် ရှာပေးခဲ့
http://i1183.photobucket.com/albums/x474/konay1/generral%202/FB_IMG_1471888932992.jpg
အင်္ဂလန်အနောက်မြောက်ပိုင်း လန်ကာရှိုင်းယားဒေသ မိုကမ်ဘီကမ်းခြေတွင် အလုပ်လက်မဲ့ ခမ်ဝီမန်ဆိုသူသည် ၎င်း၏ခွေးဖြစ်သူ လမ်းလျှောက်နေစဉ် အဆိုပါခွေးက သခင်အတွက် ရေမွှေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ခြောက်ပေါင်ခန့် အလေးချိန်ရှိသော အမေရိကန်ဒေါ်လာ ၁၃၀၀၀၀ကျော်တန် ဝေလငါးအန်ဖတ် ရှာဖွေပေးခဲ့သည်။ ခမ်ဝီမန်သည် ဆိုင်ကယ်မတော်တဆ ဖြစ်ပွားမှုတစ်ခုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အလုပ်လက်မဲ့ အခြေအနေသို့ ရောက်ရှိစဉ် ၎င်း၏ခွေးမက်ခ်ဂီကြောင့် သိန်းထီပေါက်သလို ဝေလငါး အန်ဖတ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုဝေလငါး အန်ဖတ်ကို ပြင်သစ်ပွဲစားများက အစောပိုင်းတွင် ဒေါ်လာ ၅၈၅၀၀ သာပေးခဲ့ပြီး နောက်ပိုင်းတွင် အင်တာနက်မှ ကျွမ်းကျင်ပညာရှင်များက ဒေါ်လာ၁၃၀၀၀၀ ကျော်တန်ကြောင်း ခန့်မှန်းတွက်ဆခဲ့ကြသည်။ ဝေလငါးအန်ဖတ်သည် လတ်ဆတ်မှုပေါ်တွင် မူတည်၍ ဈေးနှုန်းမြှင့်တက်ပြီး ထိုဝေလငါး အန်ဖတ်သည် ပိုမိုလတ်ဆတ်ပါက ဒေါ်လာ နှစ်သိန်းကျော်အထိ ရရှိနိုင်သည်။
Credit:pyimyanmar
အိမ်မွေးခွေး တစ်ကောင်ကြောင့် တစ်မိသားစုလုံး မီးဘေးအန္တရာယ်မှ ကင်းလွတ်ခဲ့
http://i1183.photobucket.com/albums/x474/konay1/generral%202/FB_IMG_1471888915957.jpg
အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်၊၀င်စတန်မြို့ နေအိမ်တစ်အိမ်တွင် အ၀တ်ခြောက်စက်မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ်တွင် မွေးမြူထားသော ၁၀နှစ်သားအရွယ် ခွေးတစ်ကောင်ကြောင့် တစ်မိသားစုလုံး မီးဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။ ဘေဘီအမည်ရှိ ၎င်းခွေးသည် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားပွားချင်း အိပ်ပျော်နေသော မိသားစုဝင်များကို နှိုးယူခဲ့သောကြောင့် မိသားစုဝင်များ အိမ်အတွင်းမှ အချိန်မီထွက်ခွာ နိုင်ခဲ့သည့်အပြင် အိမ်တွင်မွေးမြူထားသော ခွေးသားပေါက်အချို့ကိုလည်း ယင်းခွေးကပင် ကိုက်ချီပြီး မီးလွတ်ရာနေရာကို သယ်ဆောင်ပေးခဲ့သည်။
credit:swesone media
မန်ဆာချူးဆက်က ဘွားဘွား အသက် ၁ဝဝ မှာ အထက်တန်း အောင်လက်မှတ် ယူနိုင်ပြီ
http://i1183.photobucket.com/albums/x474/konay1/generral%202/FB_IMG_1471888902402.jpg
လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ဝ လောက်က တက်ယူရမယ့် စင်ပေါ်ကို မန်ဆာချူးဆက်နယ်သူ ဘွားဘွား တစ်ယောက် တက်လာနိုင်ခဲ့ပါပြီ။
အသက် တစ်ရာရှိလာမှ အထက်တန်း အောင်လက်မှတ်ကို ရရှိသွားတာ ဖြစ်ပါတယ်။
ကလဲရာပစ်စီတိုဟာ မဟာစီးပွား ပျက်ကပ်ကြီး အတွင်းမှာ အထက်တန်း ကျောင်းသူ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အစ်မကြီးဆိုတော့ မိဘတွေ အဆင်မပြေတဲ့အခါ ကျောင်းထွက်ပြီး အပြင်ထွက် အလုပ် လုပ်ခဲ့ရပါတယ်။ မောင်လေးတွေ ကျောင်းတက်ဖို့အတွက် ပေါ့လေ။
“ကျွန်မက ခုလို ကျောင်းထွက်ရတာကို မကြိုက်ပါဘူး။ အမျိုးသမီးတွေလည်း ပညာရေးကို ရယူသင့်ပါတယ်”လို့ ပစ်စီတိုက ပြောကြားခဲ့ပါတယ်။
ခန်းဆီးစက်ရုံမှာ တစ်နာရီကို ခြောက်ဒေါ်လာလောက် ဝင်ငွေနဲ့ အလုပ် လုပ်ခဲ့ရပြီးတော့ စွယ်စုံကျမ်းတွေ၊ အဘိဓာန်တွေကို သုံးပြီးတော့ ဆက်လက် လေ့လာမှုတွေ လုပ်ခဲ့သူ ဖြစ်ပါတယ်။
Ref : UPI
Credit:The Voice
ဖုန်းမျက်နှာပြင်ပေါ်မှ ဘက်တီးရီးယားများ
http://i1183.photobucket.com/albums/x474/konay1/generral%202/PhotoGrid_1471852501902.jpg
Surrey တက္ကသိုလ်မှ မော်လီကျူးများ အကြောင်းကို သင်ကြားပို့ချပေးနေသော ဒေါက်တာ ဆိုင်မွန်ပက်၏ သုတေသနများအရ ဖုန်းများ ပေါ်တွင် သာမန်မျက်စိဖြင့်မမြင် ရသော ဘက်တီးရီးယားများစွာ ရှိကြောင်း သိရသည်။ ဖုန်းများပေါ်မှ ဘက်တီးရီးယားများသည် အိမ်သာခွက်များမှ ဘက်တီးရီးယားများထက်ပင် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင် သည်ဟု ဆေးသိပ္ပံစာစောင်များမှထောက်ပြသည်။ ယခင်က ဖုန်းများပေါ်တွင် ဘက်တီးရီးယားများရှိနေကြောင်းကို ဆရာဝန်များက သတိပေးပြောဆိုခဲ့ဖူးသော်လည်း ယခုအခါ ဒေါက်တာပက်က ဖုန်းပေါ်ရှိ ဘက်တီးရီးယားများကို ဓာတ်ခွဲခန်းသုံး အဏုဇီဝပစ္စည်းများအကူအညီဖြင့် အသေးစိတ်ပုံဖော်ပြသနိုင်ခဲ့သောကြောင့် ဖုန်းပေါ်ရှိဘက်တီးရီးယားများအကြောင်း ကိုပိုမိုသတိထားလာကြပြီဖြစ်သည်။
ဘီယာဘူးခွံများဖြင့် တည်ဆောက်ထားသည့် နေအိမ် ကမ္ဘာ့လှည့်ခရီးသွားများကို ဆွဲဆောင်
http://i1183.photobucket.com/albums/x474/konay1/generral%202/Capture.png
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟော်စတွန်ဒေသတွင် ဘီယာဘူးခွံများဖြင့် တည်ဆောက်ထားသော နေအိမ်သည် ကမ္ဘာ့လှည့်ခရီးသွားများကို ဆွဲဆောင်လျက် ရှိသည်။ ထိုနေအိမ်ကို ဂျွန်မစ်ခ်ကိုမစ်ခ်ျက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယင်းနေအိမ်ကို စကျင်ကျောက်များ၊သစ်မာများဖြင့် အကြမ်းထည် တည်ဆောက်ခဲ့ပြီးနောက် ကျန်အစိတ်အပိုင်းများကို အလူမီနီယံဘီယာဘူးခွံ ငါးသောင်းခန့်အား ဖြတ်တောက်ကာ အသုံးပြု တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တည်ဆောက်ခဲ့ပြီးနောက် အကျိုးအမြတ်ကို မမျှော်ကိုးသော ဒေသတွင်း အဖွဲ့အစည်း တစ်ခုက ၀ယ်ယူခဲ့ပြီးနောက် အမှတ်တရ အဖြစ် ပြသထားခဲ့သည်။
သမ္မတကတော် ဖြစ်နေလည်း မိန်းမ ကတော့ မိန်းမ ပါပဲ
ဒီဓာတ်ပုံလေးတွေ ကြည့်လိုက်ရင် အမျိုးသမီး
တစ်ယောက်၏ မိမိလင်သားအပေါ်ထားသော သဝန်တိုမှုကို တွေ့မြင်ရမှာပါ။မိမိမှာကမ္ဘာ့အင်အားကြီး
စူပါ ပါဝါနိုင်ငံ၏ သမ္မတကတော် ဖြစ်နေလည်း ချစ်ခြင်း
ကြောင့်ဖြစ်ပေါ်တဲ့ သဝန်တိုမှုတော့ ရှိတာပါပဲ။
သမ္မတအိုဘားမား၏ နောက်ဆုံး၌ သူ့ မိန်းမကို ပြန်ချော့
တဲ့အကွက်လေးကလည်း အလွန်လှတယ်နော်...
1,000,000 pic မှာတွေ့တဲ့ပုံလေးတွေကို သူငယ်ချင်း
တို့ အတွက် ပြန်လည် ရေးသားတင်ပေးလိုက်ပါတယ်။
http://i1183.photobucket.com/albums/x474/konay1/generral%202/PhotoGrid_1472413110973.jpg
http://i1183.photobucket.com/albums/x474/konay1/generral%202/PhotoGrid_1472413238202.jpg
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၆ )
ဆန့်ကျင်ဘက် ဘ၀နှစ်ခု နှင့် ဘုရင်ကြီး
*****************************
ဒီတစ်ခေါက်သူငယ်ချင်းတို့ ကို တင်ပြချင်တာက
ဆန့်ကျင်ဘက်ဘဝနှစ်ခုကို ပျော်ပိုက်နေသူ မဟာရာဂျာဘုရင်ကြီး
တစ်ယောက်အကြောင်းပါ။
http://i1183.photobucket.com/albums/x474/konay1/generral%202/FB_IMG_1466932515479.jpg
သူကတော့ ၁၈၂၁ မှ ၁၈၃၇ အထိ အိန္ဒိယပြည် ကိုလာပူ
ပြည်နယ်ကို အုပ်ချုပ်စိုးစံသွားတဲ့ မဟာရာဂျာစော်ဘွား
ကြီး ရှားဟာဂျီ ဘာဗေဆာဟစ် ဖြစ်ပါတယ်။သူဟာ
နေ့ ဘက်မှာတော့ ခန့် ညားထည်ဝါပြီး ဂုဏ်သရေရှိတဲ့
ဘုရင်တစ်ပါးပေါ့ ။ ညဘက်ရောက်သွားရင်တော့ လုံးဝ
ဆန့် ကျင်ဘက် သူခိုး ဓားပြတစ်ယောက်ဖြစ်သွားပါတယ်။
ကမ္ဘာပေါ်ရှိ အသဲပုံ ကျွန်းများ
ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ပုံစံထူးခြားပြီး အချစ်သင်္ကေတ အသဲပုံစံ ဖြစ်ပေါ်နေ
တဲ့ ကျွန်းကလေးတွေများစွာရှိပါတယ်။ ထိုကျွန်းကလေးများကို နေခရမ်းမှ စုစည်းတင်ပြပေး
ချင်ပါတယ်။ အားပေးကြပါအုံးနော်....
(၁) Galesnjak Island (Lovers’ Island) – Croatia
http://i1183.photobucket.com/albums/x474/konay1/generral%202/1h7xihlgn.jpg
ဒါကတော့ ကမ္ဘာကျော် လူသိများတဲ့ ကျွန်းကလေးပါ။ ချစ်သူများကျွန်းဟုတင်စား
ခေါ်ဆိုကြသလို သူ့ပုံစံကလည်း တကယ်အသဲပုံစံဖြစ်ပေါ်နေပါတယ်။
azure-blue Adriatic ပင်လယ်ထဲမှာတည်ရှိပြီး အပင်နှင့် သစ်ပင်များသာရှိပါတယ်။ကမ္ဘာတစ်လွှား ထူးခြားစွာပုံပေါ်နေသောကျွန်းများ  တွင်လည်းပါဝင်ရေးသားဖူးပါတယ်။
(၂) Heart Reef
http://i1183.photobucket.com/albums/x474/konay1/generral%202/2Heart-Reef.jpg
Australia တွင် 1975 ခုတွင် စတင်တွေ့ရှိခဲ့တဲ့ ကျောက်တန်းများမှ ဖြစ်ပေးနေတဲ့
အသဲပုံကျွန်းကလေးပါ။
Saturday, August 27, 2016
အိမ်မက်ကမ္ဘာမှ လှပသော ဥမင်လမ်းလေးများ
ကြည်နူးဖွယ်ကောင်းပြီး စိတ်ကူးယဉ်အိမ်မက်ထဲမှာလမ်းလျှောက်နေရတယ်လို့ 
သွားနိုင်တဲ့လမ်းလေးတွေပါ...အပြင်မှာတကယ်တည်ရှိနေတဲ့လမ်းလေးတွေပါ။
1. The Tunnel of Love, Klevan, Ukraine
http://i1183.photobucket.com/albums/x474/konay1/generral%202/1Tunnel-of-love-Klevan-Ukraine.jpg
လှပသောကြောာင့် အလွန်လူသိများသော လမ်းကလေးဖြစ်ပါသည်။
တစ်ချို့က အပြင်မှာ တကယ်မရှိနိုင်ဘူးလို့ ပြောရလောက်အောင်
စိတ်ကူးယဉ်ဆန်တဲ့ လမ်းကလေးပါ။ ဒီလမ်းကလေးကတော့ ယူကရိန်း နိုင်ငံ၊
Klevan မြို့မှာ တကယ်ရှိပါသည်။ Klevan မြို့ကလေးသည် လူဦးရေ
၈၀၀၀ ခန့်သာရှိသော ယူကရိန်းနိုင်ငံ အနောက်ဘက်စွန်းတွင်ရှိသော
မြို့သေးသေးလေးပါ။ဒီလိုသစ်ပင်လှိုဏ်ခေါင်းလေးလို ဖြစ်နေသော
လမ်းမှာ ရထားလမ်း တစ်လမ်းသာဖြစ်ပြီး ဒေသခံ လူများကတော့
အချစ်ဥမင်လမ်းကလေး လို့အမည်ပေးထားကြပါသည်။မိမိချစ်သူ နှင့်
ချစ်သက်သေတည် လက်တွဲလျောက်လို့ကောင့်မယ့် လမ်းကလေးပေါ့။
ရထားတော့ ကြည့်ရှောင်ရမှာပေါ့နော်။
2. Wisteria Flower Tunnel, Kawachi Fuji Garden, Kitakyushu, Japan
http://i1183.photobucket.com/albums/x474/konay1/generral%202/2.fret54y6.jpg
ဂျပန်နိုင်ငံ တိုကျိုမြို့မှ ၆ နာရီလောက်သွားလျှင်ရောက်သည့် Kawachi Fuji Garden တွင်း၌
ရှိသော လှပသော သစ်ပင်ဥမင်လမ်းကလေးပါ။ ဧပြီလ နှင့် မေလများတွင် ပန်းများ
အစုံအလင်ပွင့်ချိန်ဖြစ်သဖြင့် သွားရောက်လည်ပတ်သင့်သော နေရာလေးတစ်ခုပါ။
Friday, August 26, 2016
မှတ်ဖွယ်စုံရာ သုတပဒေသာ (၁၀)
http://i1183.photobucket.com/albums/x474/konay1/general/onsecrethunt.com-Lake-Louise.jpg
http://i1183.photobucket.com/albums/x474/konay1/general/tooth-cartoon-vector-895069.jpg
အမှတ်တမဲ့ အလွဲများ ( ၆၃ )
သူငယ်ချင်းတို့ ပုံလေးတွေကြည့်ပြီး ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ။
သက်မှတ် မိုင်နှုန်းထက်များရင်တော့ ဖမ်းရမှာပဲ...
 http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1471412465258.jpg
ယနေ့ခေတ် အမြန်ဆုံး စာကူးနည်း...
http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1465478223564.jpg
Monday, August 22, 2016
စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ
ပြင်ပတွင် အလွယ်တကူတွေ့မြင်နိုင်သည့် အရာဝတ္ထုများနှင့် ပေါင်းစပ်တည်ထွင်
ပုံဖော်ထားသည့် ကာတွန်း ပုံလေးများကို တင်ပေးလိုက်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/generral%202/IMG_95122649756705.jpeg
http://i1183.photobucket.com/albums/x474/konay1/generral%202/IMG_95127004754205.jpeg
Sunday, August 21, 2016
အမေရိကန်တွင် ခွေးလေးတစ်ကောင်က ၈ လကလေးငယ်ကို အသက်အသေခံပြီး ကယ်ဆယ်ခဲ့
http://i1183.photobucket.com/albums/x474/konay1/general/fret54y6.jpg
အမေရိကန်နိုင်ငံ၊ ဘာလ်တီမိုးမြို့တွင် ခွေးလေးတစ်ကောင်သည် အသက် လအရွယ် ကလေးငယ် တစ်ဦးကို မီးမလောင်စေရန် ကာကွယ်ရင်း အသက်ပေးသွားခဲ့ကြောင်း သိရသည်
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖြစ်စဉ်တွင် အဟိတ်တိရစ္ဆာန်ပင် ဖြစ်လင့်ကစား သူရဲကောင်းဆန်စွာ ပြုမူသွားသည့် မိသားစု အချစ်တော် ခွေးကလေးကြောင့် မိန်းကလေးငယ်မှာ အသက်ရှင်ခဲ့ကြောင်း သိရသည်။
ထိုနေ့က လေပြင်းမုန်တိုင်းများ တိုက်ခတ်သဖြင့် မီးပြတ်သွားသောကြောင့် ကလေးမလေး၏ မိခင်ဖြစ်သူ အီရီကာ ပိုရမ်စကီက ဖယောင်းတိုင် တစ်ချောင်းကို မီးထွန်းထားခဲ့သည်။ ထို့နောက် သူမသည် အားကုန်နေသည့်ဖုန်းကို ကားဘက်ထရီဖြင့် အားသွင်းရန် ကားဂိုဒေါင်ဘက်သို့ ခေတ္တမျှ သွားရောက်ခဲ့သည်။ ပိုရမ်စကီသည် အိမ်ဘက် ပြန်လှည့်ကြည့်လိုက်သည့်အခါ သမီးဖြစ်သူ ဗီဗီယာနာ ရှိနေသည့် အခန်းထဲတွင် မီးလောင်နေသည်ကို တွေ့လိုက်ရသည်။
ဆီနီဂေါနိုင်ငံ မှ ပန်းရောင်ရေကန်ကြီး
ကျွန်တော်တို့ ကမ္ဘာပေါ်ရှိ ရေကန်အများစုလို မြင်နေတွေ့နေကျ ပုံစံမျိုး မဟုတ်ပဲ
တစ်မူထူးစွာ ပန်းရောင်ရေပြင်ဖြစ်နေသော ရေကန်များ၊ အိုင်ကြီးများ ရှိတတ်ကြပါသည်။
ထိုကဲ့သို့ တစ်မျိုးလှပနေသော ပန်းရောင်ရေကန်များထဲမှ နာမည်အကျော်ကြားဆုံး
နှင့် လူသိအများဆုံးဖြစ်သော ဆီနီဂေါနိုင်ငံမှ သဘာဝအတိုင်းဖြစ်တည်နေသော
ပန်းရောင်ရေကန်ကြီး အကြောင်းကို ဦးစွာ တင်ပြလိုပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/Lac_Rose.jpg
Lake Retba (သို့) Lac Rose   လို့အမည်ရသည့် ပန်းရောင်ရေကန်ကြီးသည်
အနောက် အာဖရိကရှိ Senegal နိုင်ငံ မြို့တော် ဒါကာ မှ အရှေ့မြောက်ဘက်
၃၀ ကီလိုမီတာ(၁၈မိုင်) ခန့်အကွာတွင် တည်ရှိနေပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/e7c678_543083c6c29e47bf96e0afd6d0f2e5ef.jpg
ထိုကန်ထဲတွင် ရေညှိပင်တစ်မျိုး (Dunaliella salina ) များပေါက်ရောက်နေသည့်
အတွက် ထိုကန်မှရေများသည် ပန်းရောင်အဖြစ်သို့ ပြောင်းလဲနေခြင်းဖြစ်ပါသည်။
ထိုရေညှိပင်မျိုးသည် ဆားပါဝင်မှုများသော ရေပြင်များတွင်သာ ပေါက်ရောက်တတ်ပြီး
Lake Retba လို့ခေါ်တဲ့ ပန်းရောင်ရေကန်ဟာလည်း (ပင်လယ်သေလို)
အင်မတန်မှများပြားတဲ့ ဆားတွေပျော်ဝင်မှု သိပ်သည်းဆများလွန်းတဲ့အတွက်
လူကိုရေပေါ် ပေါ်စေနိုင်စွမ်းရှိပါတယ်။
Friday, August 19, 2016
လျှို့ဝှက်ကမ်းခြေ ( Hidden beach )
လျှို့ဝှက်ကမ်းခြေ (  Hidden beach )လေးပါ။ ဒီကမ်းခြေလေးက မြေပြင်ပေါ်မှာ
တည်ရှိတာ မဟုတ်ပဲ တောင်ရဲ့အောက်ခြေမှာ သက်သက် တည်နေတာပါ။
မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ် ၊ Marieta ကျွန်း
မှာတည်ရှိပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general/hidden-beach-marieta-islands-8.jpg
 ဒီကမ်းခြေ ရဲ့ အထက်မှာ တောင်တွေရှိပြီး ဒီဒေသ ဟာ တစ်ချိန်က မီးတောင် တစ်လုံး
ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာတာလို့ ဆိုကြပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general/hidden-beach-puetro-vallarta-mexico-woe2-690x359.jpg
ဒီကျွန်းဟာ လူ အသွားအလာနည်းပြီး သီးခြားတည်နေတာမို့  မက္ကဆီကိုအစိုးရ ရဲ့
စစ်လက်နက်ပစ္စည်းများဆန်းသပ်ရာဒေသပါ။ လူအသွားအလာကိုလဲ သန့်ကတ်ထားမှု
ဟာ အခုအချိန်အထိ ရှိနေတုံးပါ။
ယနေ့ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် (၇)ပါး
ယခု ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်(၇)ပါး စာရင်းကို New Open World Corporation (NOWC)
အဖွဲ့အစည်းမှ  ဖောင်းဒေးရှင်းကို တည်ထောင်ပြီး ကမ္ဘာ့နေရာဒေသ အသီးသီးမှ
ပြည်သူများအား အင်တာနက် ၊ တယ်လီဖုန်းစသည်တို့မှ တဆင့်မဲပေးရွေးချယ်
ခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်မူလအတိုင်းနီးပါး ကျန်ရှိနေခဲ့သော
အထိမ်းအမှတ် အဆောက်အဦးပေါင်း ၂၀၀ ကို စာရင်းပြုစုပြီး ရွေးချယ်ခိုင်းခြင်း
ဖြစ်ပါသည်။ရွေးချယ်ထားသောအထိမ်းအမှတ် ၂၀၀ မှနောက်ဆုံးဆန်ကာတင် ၂၁ ခုအား
၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။
ပေါ်တူဂီနိုင်ငံ၊လစ္စဘွန်းမြို့ရှိ ဘင်ဖီကာ အားကစားကွင်း တွင် နောက်ဆုံးရွေးချယ်ခဲ့သော အံ့ဖွယ်ခုနစ်ပါးအား အခမ်းအနားဖြင့်ကြေငြာခဲ့ခြင်း ဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/Capture.png
new7wonders.com  Website ကိုလည်းဖွင့်လှစ်ပေးထားပြီး
ဝင်ရောက်ကြည့်ရှု့နိုင်အောင် စီမံပေးခဲ့ပါသည်။
ယနေ့ခေတ်သစ် ကမ္ဘာ့အံ့ဖွယ်(၇)ပါး စာရင်းကို ကြည့်လိုက်ရအောင်နော်…
(၁)ဘရာဇီးနိုင်ငံမှ ခရစ်တော်၏ ရုပ်တုကြီး
     Christ Redeemer: Rio de Janeiro, Brazil
http://i1183.photobucket.com/albums/x474/konay1/general/image-0-04-01-c4cb2730cbf6b072c38e95b1197da14f206d0c95a16d689b434895bccf1baafd-V.jpg
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရို မြို့ အနီးအနားရှိ Corcovado တောင် ၏ ထိပ်တွင် တည်ရှိသော
ကမ္ဘာကျော် ခရစ်တော်ရုပ်တုကြီး ဖြစ်ပါသည်။ အောက်ခံခုံ အပါအ၀င်
အမြင့် 38 meters ( ၁၂၄ ပေ ) အထိ မြင့်ပါသည်။ လက်နှစ်ဘက် ဆန့်တန်းထားသော
ပုံစံဖြစ်ပြီး လက်နှစ်ဖက်ထိပ် အကျယ်မှာ 28 metres ( ၉၂ ပေ ) ရှိပါသည်။
အလေးချိန်အားဖြင့် ၆၃၅ မက်ထရစ်တန် လေးပြီး ပေ ၂၃၀၀ မြင့်သော Corcovado တောင်ပေါ်မှ
ရီယိုဒီဂျနေရို မြို့ကို အပေါ်စီးမှ ကြည့်ရှု့နေသလို တည်ဆောက်ထားခြင်းဖြစ်ပါသည်။
၁၉၂၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။
ယခုအချိန်တွင်တော့ ကမ္ဘာလှည့်ခရီးသွားများ နှစ်စဉ် များပြားစွာ သွားရောက်
လည်ပတ်တတ်သည့် နေရာတစ်ခု ဖြစ်ပါသည်။
Thursday, August 18, 2016
အမှတ်တမဲ့ အလွဲများ ( ၆၂ )
သူငယ်ချင်းတို့ ပုံလေးတွေကြည့်ပြီး ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ။
လာကွာ ပိုကီမွန် သွားဖမ်းရအောင်...
http://i1183.photobucket.com/albums/x474/konay1/funny/FB_IMG_1470558891859.jpg
လှေကားထောင်ပြီး တက်သွားတာလားဟင်...
http://i1183.photobucket.com/albums/x474/konay1/funny/FB_IMG_1466875154811.jpg
Wednesday, August 17, 2016
မှတ်ဖွယ်စုံရာ သုတပဒေသာ (၉)
http://i1183.photobucket.com/albums/x474/konay1/general/iStock_000017662537XCrop.jpg
သင် တစ်နေ့ကို အကြိမ်ပေါင်း ၂၃,၀၀၀ ကျော် အသက်ရှုမှု ပြုပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/lefy-handed-kid.jpg
ကမ္ဘာ့လူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းသော လူတွေဟာ ဘယ်သန်တွေဖြစ်ကြပါတယ်။
Tuesday, August 16, 2016
ဘ၀ဇာတ်ခုံပေါ်မှ ပြကွက်ဆန်းများ ( ၅ )
  “ အစွဲအလန်းကြီးသော ဧကရာဇ်များ”
 ---------------------------------------
ဒီတစ်ခါ သူငယ်ချင်းတို့ ကိုထူးထူးခြားခြား
အစွဲအလန်း ကြီးသူတွေ အကြောင်းကို
စုစည်းတင်ပြပေးပါမယ် ။
http://i1183.photobucket.com/albums/x474/konay1/general/Charles_XI_of_Sweden_1691.jpg
(ဆွီဒင်ဘုရင် တစ်ဆယ့်တစ်ဆက်မြောက် ချားလ်စ်)ဆွီဒင်နိုင်ငံ မှာ အူးလ်ရစ်ဒေါရဲတိုက် ဆိုတာရှိပါတယ်။
ဒီရဲတိုက်ကို ဆွီဒင်ဘုရင် တစ်ဆယ့်တစ်ဆက်မြောက်
ချားလ်စ် ကဝယ်ယူခဲ့ပါတယ်။ ၀ယ်ယူရသည့်
အကြောင်းကတော့ ဒီရဲတိုက်၏ အရင်ပိုင်ရှင်
အဆက်ဆက် အသက်ရှည်ရှည်နေထိုင်ခဲ့ကြပါတယ်။
အူးရစ်အတွက်ရည်ရွယ်  ပြီးဝယ်ယူခဲ့တာပါ ။
ဒီရဲတိုက်မှာ နေထိုင်ရင် သူ့ သားတော်လေး အသက်
ရှည်မှာသေချာတယ် လို့ ယုံကြည်ခဲ့ပါတယ် ။
ဒါပေမယ့် မင်းသားလေးကတော့ အသက်တစ်နှစ်အရွယ်
မှာ သေဆုံးခဲ့ပါတယ် ။
Monday, August 15, 2016
ကမ္ဘာတစ်လွှား ထူးခြားလှပသော သစ်ပင်များ
ကမ္ဘာတစ်လွှားတွင် တည်ရှိနေသော တစ်မူထူးသည့် သစ်ပင်များအကြောင်း
ကို စုစည်းတင်ပြလိုက်ပါသည်။ ကျန်သည့်အပင်များကိုလည်း ဆက်လက်တင်ပေး
ပါမည်။
Angel Oak
http://i1183.photobucket.com/albums/x474/konay1/general/angel-oak-top10-trees.jpg
Johns ကျွန်းပေါ်၊ Carolina တောင်ပိုင်းတွင် ရှိသော Angel Oak သစ်ပင်ကြီးသည်
သက်တမ်း နှစ် ၁၅၀၀ ခန့်ရှိပြီ ဖြစ်ပါသည်။ ၁၇,၂၀၀ စတုရန်းပေ အကျယ်အထိ
ကိုင်းပေါင်းများစွာဖြင့် ဖြန့်ကျက် ပေါက်ရောက်နေတာပါ။ ၆၆.၅ ပေအထိ
မြင့်ပါသည်။
Elia Bouybon, Olive Tree of Vouves
http://i1183.photobucket.com/albums/x474/konay1/general/Elia-Bouybon-Olive-Tree-of-Vouves.jpg
နှစ်ပေါင်း ၃၅၀၀ နှင့် ၄၀၀၀ ကြား သက်တမ်း ရှိ သံလွင်ပင်အမျိုးအစားဝင်
အပင်ပါ။ အောက်ခြေ မှာ ၁၅ ပေလောက်အထိ အ၀င်းအ၀ိုင်းရှိပါသည်။
Saturday, August 13, 2016
လူ၏ အရေပြားဖြင့် ချုပ်ထားသော စာအုပ်
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1470420476191.jpg
ခေတ်အဆက် စာအုပ်များချုပ်လုပ်ရာတွင် ကတ်ထူစက္ကူများ ၊ သားရေများ ၊
ပလက်စတစ်စများ ၊ ဖလင်ကော်ပြားများ နှင့် ရှေးခေတ်က ရှားရှားပါးပါး
တိရိစ္ဆာန်သားရေများဖြင့် ချုပ်လုပ်ခြင်းများ ရှိခဲ့သော်လည်း ယခု တင်ပြမည့်
စာအုပ်တစ်အုပ်ကတော့ လူသား၏ အရေပြား စစ်စစ်ဖြင့် ချုပ်လုပ်ထားခြင်း
ဖြစ်ပါသည်။ ၁၈၈၀ ပြည့်နှစ် တွင် ထုတ်ခဲ့သော ပြင်သစ်စာရေးဆရာ
အာဆင်ဟူဆေး ဆိုသူ ရေးသားခဲ့သည့် Destinees de I’ame အမည်ရှိစာအုပ်
သည် လူ၏ အရေပြားကို အသုံးပြုကာ ချုပ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ယခင်က လူ၏ အရေပြားဖြင့် ချုပ်ခဲ့သော စာအုပ် သုံးအုပ် ရှိခဲ့သည်ဟု ဆိုသော်လည်း
သိပ္ပံနည်းကျ စမ်းသပ်မှုများ အပြီးတွင်တော့ ဒီစာအုပ် တစ်အုပ်သည်သာ
လူ့အရေပြားဖြင့် ချုပ်ထားခြင်းဖြစ်ပြီး ကျန်နှစ်အုပ်မှာ သိုးအရေပြားများဖြင့်
ချုပ်ထားကြောင်း သိရှိခဲ့ရပါသည်။
Friday, August 12, 2016
ကမ္ဘာ့လူလိမ်ဆရာကြီးရွေးပွဲမှာ ပထမဆုကို ပြောင်မြောက်စွာရရှိခဲ့သူအမျိုးသား
http://i1183.photobucket.com/albums/x474/konay1/general/index_0.png
အင်္ဂလန်နိုင်ငံ၊ West Cumbria ကောင်တီ၊ Bridge Inn မှာ နှစ်စဉ်ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့လူလိမ်ဆရာကြီးရွေးပွဲမှာ အသက် ၅၉ နှစ်အရွယ် Mike Naylor က ချန်ပီယံဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေဟာ ဒိုင်လူကြီးနဲ့ ပွဲကြည့်ပရိတ်သတ်တွေကို ကြိုတင်ဇာတ်ညွှန်း မရေးထားရဘဲ အရှည်ဆုံးနဲ့ အရယ်ရဆုံးဇာတ်လမ်းတစ်ပုဒ်ကို လက်တန်းပြောပြရတာဖြစ်ပါတယ်။
နွားချေးဖြန့် ချိရေးကုမ္ပဏီ (သူ့ အဆိုအရ) မှာလုပ်ကိုင်သူလို့ ဆိုတဲ့ Mike ဟာ သူရဲ့ တော်ဝင်မင်းမျိုးမင်းနွယ်ကို ရှာတွေ့ ခဲ့ပုံနဲ့ ဘတ်ကင်ဟမ်နန်းတော်ကို အလည်သွားခဲ့ပုံကို အရယ်ရဆုံးဖြစ်အောင် ဇာတ်လမ်းဆင်ပြောကာ ပထမဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
Mike ဟာ မုတ်ဆိတ်မွေးရိတ်နေတုန်း ဓားထိသွားရာကနေ သူ့ မှာ တော်ဝင်သွေးပါလာကြောင်း ဆရာဝန် တွေက ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ Mike ရဲ့ ၄ ကြိမ်မြောက်ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်လမ်း အစပျိုးပုံဖြစ်ပါတယ်။
Kunming မြို့က တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး လူလုပ် ရေတံခွန်
http://i1183.photobucket.com/albums/x474/konay1/general/10308274_1106158669424952_688494475604136925_n_0.jpg
ယူနန်ပြည်နယ်ရဲ့ မြို့တော် Kunming မြို့ရှိ တရုတ်နိုင်ငံရဲ့ လူဖြင့် ဖန်တီးပြုလုပ်ထားတဲ့ အကြီးမားဆုံး ရေတံခွန်ဟာ နှစ်သစ်ကူး စစချင်း အချိန်မှာ အလည်အပတ်ရောက်ရှိလာသူတွေကို အခမဲ့ ကြိုက်သလို ဝင်ထွက်ခွင့်ပြုခဲ့ပါတယ်။
Niulan မြစ်မှသည် Dianchi Lake သို့ ရေလမ်းလွှဲ စီမံကိန်းအနေနဲ့ မီတာ ၄၀၀ ကျယ်ပြန့်သော သဘာဝမဟုတ်တဲ့ အဆိုပါ လူလုပ် တည်ဆောက်မှုစီမံကိန်းကြီးဟာ ယွမ်ငွေ ၁.၁ ဘီလျံ (အကြမ်းဖျင်းအနေနဲ့ ၁၇၀ မီလျံဒေါ်လာ) ကုန်ကျခံကာ ၂ နှစ်အချိန်ယူ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
Yunan Information Newspaper ရဲ့ သတင်းဖော်ပြချက်အရ Kunming ကို ဗဟိုပြုထားတဲ့ ရေထွက်ပေါက်တစ်ခုဖြစ်တဲ့ ဒီရေတံခွန်ဟာ အရေးပေါ် ရေဖြန့်ဝေမှုစနစ်တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပြီး ၃၀၀,၀၀၀ ကုဗမီတာ ရေဖြန့်ဝေထောက်ပံ့မှုပေးနိုင်ကြောင်း သိရပါတယ်။
Credit: Trend Myanmar
ဘ၀ဇာတ်ခုံပေါ်မှ ပြကွက်ဆန်းများ ( ၄ )
ဒီတစ်ခေါက် ဘဝဇာတ်ခုံပေါ်မှပြကွက်ဆန်းများ နဲ့ပတ်သက်
ပြီးတော့ အမျိုးသမီးတွေနှင့်သက်ဆိုင်တဲ့အကြောင်းအရာများ
ကိုတင်ပေးပါမယ် ။
http://i1183.photobucket.com/albums/x474/konay1/general/IMG_20160811_134406.jpg
၁၁၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာ တတိယမြောက်
ကွန်ရက်ဘုရင်ကြီး ဟာ  ဂျာမနီနိုင်ငံ ဝိုင်းစဘတ်မြို့  ကိုသိမ်းပိုက်
နိုင်ခဲ့ပါတယ် ။ သိမ်းပြီးတဲ့အခါ ဘုရင်ကြီးက '' မြို့  တွင်းရှိ အမျိုး
သည်။ ထွက်ခွာရာတွင် မိမိသယ်ဆောင်နိုင်သော မည်သည့်
အရာကိုမဆို သယ်ဆောင်သွားနိုင်သည်…'' လို့ အမိန့် ချခဲ့ပါ
တယ်။ ထိုအခါအမျိုးသမီးများက သူတို့ တနိုင် သယ်ရမယ့်အရာ
တွေကို မနိုင်မနင်း ဖြင့် မရရအောင် ထမ်းပိုးသယ်ဆောင်သွား
ကြပါတယ်။ သူတို့ သယ်သွားတာက ရွှေတွေ ငွေတွေ အဝတ်
အထည်တွေ မဟုတ်ပဲ သူတို့ ၏ယောကျာ်းများကို မနိုင်မနင်း
ချီပိုးသယ်ဆောင်သွားကြတာပါခင်ဗျာ ။
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၉ )
သူငယ်ချင်းတို့ အတွက် စုစည်းပြီး ပြန်တင်ပေးလိုက်ပါတယ်။
အားပေးကြပါအုံးဗျာ.....
စတီး တန်းလောက်တောင် မမာပါလား ဓာတ်တိုင်ရယ်...
http://i1183.photobucket.com/albums/x474/konay1/funny/FB_IMG_1461485578311.jpg
ဝိုင်းဆွဲကြပါအုံးဟ...
http://i1183.photobucket.com/albums/x474/konay1/funny/FB_IMG_1466176355001.jpg
Friday, August 5, 2016
အမှတ်တမဲ့ အလွဲများ ( ၆၁ )
ဒီတစ်ပါတ်အတွက် ထပ်ပြီး စုစည်းတင်ပေးလိုက်ပါပြီ.....
CCTV တပ်ထားတယ်နော်...
http://i.imgsafe.org/4d1218cdbc.jpg
ကောင်းလိုက်တဲ့ကား....
http://i.imgsafe.org/4d123bdfc6.jpg
ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ ( Eisriesenwelt )
သူငယ်ချင်းတို့ကို ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ ( Eisriesenwelt ) အကြောင်းကို
တင်ပြပေးချင်ပါသည်။အခြားလှိုဏ်ဂူများနှင့်မတူပဲ အထဲမှာ ကျောက်စက်ပန်းဆွဲများ
ပုံစံ ဖြစ်တည်နေသော ရေခဲလွှာများ ၊ ရေခဲတိုင်များကို တွေ့မြင်ရမှာပါ။
ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ(Eisriesenwelt) သည် Austria နိုင်ငံ Werfen
မှာတည်ရှိပြီး Salzburg မြို့ကနေ ၄၀ ကီလိုမီတာလောက် ဝေးတဲ့နေရာမှာ ရှိသော
သဘာဝထုံးကျောက်ရေခဲလှိုဏ်ဂူ အမျိုးအစားပါ။
http://i.imgsafe.org/4cc041abdc.jpg
ဂျာမန်တွေကတော့ ဒီနေရာကို ရေခဲဘီလူးများကမ္ဘာလို့ခေါ်ကြပါတယ်။
အကျယ်အ၀န်းအားဖြင့် 42 ကီလိုမီတာ ရှိပြီး Hochkogel တောင်အထဲမှာတည်ရှိပြီး
ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ အဖြစ် သတ်မှတ်ထားကြပါသည်။
http://i.imgsafe.org/4cbfd54350.jpg
( တောင်ပေါ်မှ ရေခဲလှိုဏ်ဂူသို့ ၀င်ရောက်ရာ ဂူပေါက် )
ဒီဂူကြီးသည် ၁၆၅၆ မီတာ အမြင့်မှာ တည်ရှိတာမို့ လာရောက်သူများအနေဖြင့်
တောင်ပေါ်ကိုအရင် တက်ပြီးမှ ရေခဲလှိုဏ်ဂူ ထဲကို ရောက်ရှိမှာပါ။
Thursday, August 4, 2016
ရေခဲနံရံတွေကြားမှ လမ်းကလေး
ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ လမ်းမပါ။ 15 m အရှည်ရှိပြီး ထူးထူးခြားးခြား
တည်ရှိနေတာမို့လို့ တင်ပေးလိုက်ပါတယ်။
http://i.imgsafe.org/37b152cca3.jpg
အရမ်းအေးမယ်ဆိုတာတော့ သိသာပါတယ်။
http://i.imgsafe.org/37b20b61b4.jpg
ကဲ ... သွားလည်လိုက်ရအောင်နော်...
ကမ္ဘာ့အရှည်လျားဆုံး တဖြောင်းတည်းရှိသော လှေကားထစ်များ
ကမ္ဘာ့အရှည်လျားဆုံးလှေကား ဆိုတာက တဖြောင်းတည်းရှိပြီး တဆက်တည်းရှိနေသော
တောင်တက်လှေကားကိုဆိုလိုတာပါ။အကွေ့အကောက်များမပါပါဘူး။
မှတ်တမ်းမှာတော့ World’s longest straight staircaseဟု မှတ်တမ်းတင်ထားပါသည်။
အထစ်ပေါင်း ၆၉၉ ထစ်ရှိတဲ့ Jacob’s Ladder လို့ အမည်ရသည့်လှေကားပါ။
http://i.imgsafe.org/376a7a526a.jpg
၁၆၅၉ခုနှစ်ထဲက ဗြိတိသျှကိုလိုနီတွေစတင် အခြေချခဲ့တဲ့ Saint Helenaဆိုသော
ကျွန်လေးမှာတည်ရှိပါတယ်။ ဒီကျွန်လေးဟာ တစ်ချိန်က ဗြိတိသျှပိုင်နက်တွေထဲမှာ
ဒုတိယသက်တမ်းအရင့်ဆုံးဖြစ်မှာပါ။
http://i.imgsafe.org/376a91f1e9.jpg
 မြို့တော်မှာ Jamestown ဖြစ်ပြီး ဒီလှေကားက
အဲဒီမှာတည်ရှိပါတယ်။Saint Helena ကျွန်းကလေးသည် အတ္တလန်တစ် သမုဒ္ဒရာ ထဲမှာ
ရှိပါသည်။
Wednesday, August 3, 2016
ကမ္ဘာပေါ်ရှိ ထူးထူးခြားခြား ဟန်ချက်ညီ ကျောက်တုံးကြီးများ
ကျွန်တော်တို့ ကမ္ဘာမြေကြီးအပေါ်တွင် ပုံသဏ္ဍာန်ထူးခြားပြီး တည်ရှိနေသော
ကျောက်တုံး ကျောက်ဆိုင်များအကြောင်းကို (၁) မှ (၁၅) အထိ စုစည်းတင်ပြပေးချင်ပါသည်။
ယခုတင်ပြမည့်ကျောက်တုံးများသည် ကြည့်လိုက်လျှင် လဲပြိုတော့မတတ် ထင်ရ
သော်လည်း ဟန်ချက်ညီစွာ ရပ်တည်နေကြသဖြင့် မြင်သူတကာ အံ့သြဖွယ်
ဖြစ်ကြရပါသည်။ ထိုကျောက်တုံးများသည် အများအားဖြင့် မီးတောင်ပေါက်ကွဲခြင်း၊
ငလျှင်လှုပ်ခြင်း ၊ သဘာဝ လေ ၊ ရေ တို့၏တိုက်စားမှုများကြေင့် ဖြစ်တောင့်ဖြစ်ခဲ
ထိုကဲ့သို့ ဖြစ်တည်နေကြရခြင်းဖြစ်ပါသည်။ကြည့်လိုက်လျှင် လဲပြိုမလားဟု
ထင်ရသော်လည်း နှစ်သန်းပေါင်း များစွာ တည်ရှိနေခဲ့ကြပြီး ဖြစ်ပါသည်။
ကမ္ဘာပေါ်ရှိ ထူးထူးခြားခြား ဟန်ချက်ညီ ကျောက်တုံးကြီးများကို ကြည့်လိုက်ကြ
ပါအုံးနော်….
(၁) Idol Rock, Brimham Moor, North Yorkshire, UK
http://i.imgsafe.org/2234aa52fb.jpg
အောက်ခြေသေးသေးလေးအပေါ်တွင် ထုထည်ကြီးမားသော ကျောက်တုံးကြီး
တည်ရှိနေသော အရပ်သည် အင်္ဂလန်နိုင်ငံ ယောခ့်ရှိုင်းယားနယ်၏ မြောက်ဖက်
Brimham Moor ဒေသ တွင်ဖြစ်ပါသည်။ ထိုဒေသသည် လွန်ခဲ့သောနှစ်သန်းပေါင်း
၄၀၀ လောက်က မြစ်တစ်ခုအဖြစ် တည်ရှိခဲ့ပြီး ရေတိုက်စားခြင်းမျိုးကြောင့်
ထိုကဲ့သို့ ပုံစံထူးခြားသော ကျောက်တုံးပုံစံ ဖြစ်တည်ခဲ့ရခြင်းဟု ဆိုကြပါသည်။
အပေါ်ကျောက်တုံးကြီး၏ အလေးချိန်ကို တန် ၂၀ ခန့်ဟု ခန့်မှန်းတွက်ချက်ထားကြ
ပါသည်။
(၂) Balanced Rock Colorado
http://i.imgsafe.org/2234b6c15b.jpg
ဒီအသဲယားဖွယ်ကျောက်တုံးကြီးသည်လည်း ကော်လိုရာဒိုပြည်နယ်ရှိ
The Garden of Gods ဥယျာဉ်ထဲမှာ တည်ရှိတဲ့ ကျောက်တုံးဖြစ်ပါတယ်။
လမ်းမကြီး၏ ဘေးကပ်ရပ်တွင် ရှိနေပြီး အချိန်မရွေး ပြိုကျတော့မလား
ထင်ရပေမယ့် ခရီးသွားများအတွက် လာရောက်လည်ပတ်ကြည့်ရှု့စရာ
နေရာတစ်ခုဖြစ်ပါသည်။
ဒီကျောက်တုံးကြီးသည်လည်း နှစ်သန်းပေါင်းရာချီက ထိုဒေသ၏ ထုံးကျောက်
အလွှာကို ရေတိုက်စားခဲ့ခြင်းကြောင့် ဖြစ်တည်ခဲ့ရခြင်းဟု ဆိုပါသည်။
Related Posts Plugin for WordPress, Blogger...