Monday, August 15, 2016

ကမ္ဘာတစ်လွှား ထူးခြားလှပသော သစ်ပင်များ

ကမ္ဘာတစ်လွှားတွင် တည်ရှိနေသော တစ်မူထူးသည့် သစ်ပင်များအကြောင်း
ကို စုစည်းတင်ပြလိုက်ပါသည်။ ကျန်သည့်အပင်များကိုလည်း ဆက်လက်တင်ပေး
ပါမည်။

Angel Oak

http://i1183.photobucket.com/albums/x474/konay1/general/angel-oak-top10-trees.jpg
Johns ကျွန်းပေါ်၊ Carolina တောင်ပိုင်းတွင် ရှိသော Angel Oak သစ်ပင်ကြီးသည်
သက်တမ်း နှစ် ၁၅၀၀ ခန့်ရှိပြီ ဖြစ်ပါသည်။ ၁၇,၂၀၀ စတုရန်းပေ အကျယ်အထိ
ကိုင်းပေါင်းများစွာဖြင့် ဖြန့်ကျက် ပေါက်ရောက်နေတာပါ။ ၆၆.၅ ပေအထိ
မြင့်ပါသည်။

Elia Bouybon, Olive Tree of Vouves

http://i1183.photobucket.com/albums/x474/konay1/general/Elia-Bouybon-Olive-Tree-of-Vouves.jpg
နှစ်ပေါင်း ၃၅၀၀ နှင့် ၄၀၀၀ ကြား သက်တမ်း ရှိ သံလွင်ပင်အမျိုးအစားဝင်
အပင်ပါ။ အောက်ခြေ မှာ ၁၅ ပေလောက်အထိ အ၀င်းအ၀ိုင်းရှိပါသည်။

Dragon’s Blood Tree
http://i1183.photobucket.com/albums/x474/konay1/general/Dragon-blood-tree.jpg
ယီမင် နိုင်ငံတွင် ပေါက်ရောက်တတ်သည့် ဒီထူးခြားသည့် သစ်ပင်များမှာ
နဂါးသွေး အပင်ဟု အမည်ရပါသည်။ အမည်နှင့် လိုက်ဖက်အောင်ပင်
ထိုသစ်ပင်မှ ကြက်သွေးရောင် အစေးများ ထွက်ပါသည်။ထိုသစ်ပင်သည်
ဆေးဖက်ဝင် အပင်အဖြစ် အသုံးပြုမှုရှိပါသည်။

El Árbol del Tule, Tule Tree  
http://i1183.photobucket.com/albums/x474/konay1/general/IMG_4090-1000x695.jpg
ဒီလိုကြီးကြီးမားမားဖြင့် တည်ရှိနေသော Tule သစ်ပင်ကြီးသည်
မက္ကဆီကို နိုင်ငံတွင် ရှိပြီး ၁၁၆ ပေ အထိမြင့်ပါသည်။

Teapot Baobab
http://i1183.photobucket.com/albums/x474/konay1/general/55452641.jpg
ပုံစံထူးခြားသော Baobab အပင်များသည်  Madagascar တွင် ပေါက်ရောက်ပြီး
ကြီးမားသော သက်တမ်းရင့် အပင်များ၏ သက်တမ်းသည် နှစ်ပေါင်း ၁၂၀၀ ခန့်
ရှိပါသည်။ ထိုအပင်မျိုးများသည် ခြောက်သွေ့သော ၇ာသီဥတုအတွက် ပင်စည်
အတွင်း၌ ရေကို သိုလှောင် ထားတတ်ကြပါသည်။အများက ပြောင်းပြန်သစ်ပင်
ဟုခေါ်ကြပြီး အသီးမှာ စားသုံး၍ ရပြီး အရွက်မှာ ဆေးဖက်ဝင်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/Teapot-Baobab.jpg
ယခုအခါ ပြုန်းတီးစ ပြုလာသဖြင့် ထိန်းသိမ်းမှုများ လုပ်လာရပါသည်။

Silk Floss Tree
http://i1183.photobucket.com/albums/x474/konay1/general/394766_436001383143129_709926322_n.jpg
တောင်အမေရိက နိုင်ငံ အများအပြားတွင် ပေါက်သော ပင်စည်တွင် ဆူးချွန်များ
အပြည့်ရှိသည့် mallow(ပင်စည်နှင့်အရွက်၌အမွေးပါရှိပြီးပန်းရောင်၊ခရမ်းရောင်၊
အဖြူရောင် အပွင့်ပွင့်သည့်အပင်။ ကွမ်းကတိုးပင်မျိုး) အမျိုးအနွယ်ဝင် အပင်
တစ်မျိုး ဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/Silk-Floss-Tree-1024x763.jpg
အချို့သော အပင်ကြီးများသည် ၈၁ ပေ အမြင့်
အထိ ရှိသည်ကို တွေ့ရတတ်ပါသည်။

Antarctic Beech Tree,Oregon
http://i1183.photobucket.com/albums/x474/konay1/general/atree7.jpg
အမေရိကန်နိုင်ငံမှ ရေညှိပင်များ တွဲလောင်းကျနေသော တစ်မျိုးလှပနေသည့်
Antarctic Beech  သစ်ပင်ပါ။ ထိုအပင်မျိုးများသည် ချီလီ ၊ အာဂျင်တီးနား
နိုင်ငံများတွင်လည်းတွေ့ရပါသည်။
နောက်ထပ်လည်း ထူးခြားလှပသည့် သစ်ပင်ကြီးများကို ဆက်လက်တင်ပေးပါအုံးမည်။
7/19/2012 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

5 comments:

  1. This comment has been removed by a blog administrator.

    ReplyDelete
  2. movavi-photo-editor-crack-2
    provides a large number of tools that can perform simple tasks like cropping. It provides filters and effects and the more complex ones, such as basic photo retouching. Supports BMP, PNG, GIF, TIFF, JPEG + JPEG 2000, JPEG-LS, JPEG, DPX profile,
    freeprokeys

    ReplyDelete
  3. With your presentation, you make it appear so simple, but I find this subject to be one that I believe I will never understand.
    It appears to be far too sophisticated and vast for me.
    I'm looking forward to reading your future post,
    I'll make an effort to grasp it!
    cubase pro crack
    pdf candy desktop crack
    driver navigator crack
    adobe muse cc crack

    ReplyDelete

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...