Saturday, August 13, 2016

လူ၏ အရေပြားဖြင့် ချုပ်ထားသော စာအုပ်

http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1470420476191.jpg

ခေတ်အဆက် စာအုပ်များချုပ်လုပ်ရာတွင် ကတ်ထူစက္ကူများ ၊ သားရေများ ၊
ပလက်စတစ်စများ ၊ ဖလင်ကော်ပြားများ နှင့် ရှေးခေတ်က ရှားရှားပါးပါး
တိရိစ္ဆာန်သားရေများဖြင့် ချုပ်လုပ်ခြင်းများ ရှိခဲ့သော်လည်း ယခု တင်ပြမည့်
စာအုပ်တစ်အုပ်ကတော့ လူသား၏ အရေပြား စစ်စစ်ဖြင့် ချုပ်လုပ်ထားခြင်း
ဖြစ်ပါသည်။ ၁၈၈၀ ပြည့်နှစ် တွင် ထုတ်ခဲ့သော ပြင်သစ်စာရေးဆရာ
အာဆင်ဟူဆေး ဆိုသူ ရေးသားခဲ့သည့် Destinees de I’ame အမည်ရှိစာအုပ်
သည် လူ၏ အရေပြားကို အသုံးပြုကာ ချုပ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ယခင်က လူ၏ အရေပြားဖြင့် ချုပ်ခဲ့သော စာအုပ် သုံးအုပ် ရှိခဲ့သည်ဟု ဆိုသော်လည်း
သိပ္ပံနည်းကျ စမ်းသပ်မှုများ အပြီးတွင်တော့ ဒီစာအုပ် တစ်အုပ်သည်သာ
လူ့အရေပြားဖြင့် ချုပ်ထားခြင်းဖြစ်ပြီး ကျန်နှစ်အုပ်မှာ သိုးအရေပြားများဖြင့်
ချုပ်ထားကြောင်း သိရှိခဲ့ရပါသည်။

အသုံးပြုထားသည့် လူ့အရေပြားကိုပင် ဆက်လက်စစ်ဆေးရာတွင် ထိုအရေပြား
ပိုင်ရှင်မှာ စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦး ဖြစ်ပြီး လေဖြတ်ပြီး သေဆုံးရကြောင်း
သိရှိရပါသည်။
ထိုခေတ်အချိန်များက ရာဇ၀တ်သားများ ၏ သေဆုံးပြီးအလောင်းများကို
စမ်းသပ်စစ်ဆေး လေ့လာရေးတွင် အသုံးပြုရန် လှူဒါန်းမှုပြုတတ်သည့်
အလေ့အထများရှိခဲ့ပါသည်။ လေ့လာမှု ပြီးစီးလျှင် ကျန်ရစ်သည့် အရေပြား
ကဲ့သို့ ပစ္စည်းများကို အသုံးဝင်ရာ အခြားနေရာ များတွင် ပြန်လည်သုံးတတ်ကြပါသည်။
စာအုပ်အဖုံးအဖြစ် အသုံးပြု ချုပ်ခြင်းမျိုးများလည်း ရှိခဲ့ပါသည်။
ဒီအမျိုးသမီးကတော့ ရာဇ၀တ်သားလား ၊ အခြားအကြောင်းဖြင့် ပတ်သက်ပြီး
ခန္ဓာကိုယ်ကို သီးခြားလှူဒါန်းခဲ့လို့ အသုံးပြုခဲ့တာလားဆိုတာတော့ မသိရပါ။
ယခုစာအုပ်ကတော့ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်တွင် ရှိနေပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း


No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...