Wednesday, July 4, 2012

လေထီးခုန်သမားက ဟိမ၀န္တာတောင်တန်းမှ ခုန်ချပြီး ကမ္ဘာ့စံချိန်သစ်တင်


ကျော်ကြားသော Base Jump လေထီးခုန်သမား ဗယ်လာရီရိုဇော့ (၄၇နှစ်)သည် ဟိမ၀န္တာတောင်တန်းပေါ်မှ ခုန်ချပြီး ကမ္ဘာ့အမြင့်ဆုံး BaseJumpအဖြစ် ဇွန်လ ၆ ရက်နေ့တွင် စံချိန်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရုရှားလေထီးခုန်သမားသည် ၆၄၂၀မီတာ အမြင့်မှ ခုန်ချခဲ့ခြင်းဖြစ်သည်။ သူသည်တောင်ပေါ်သို့ တက်ရာတွင် ငါးရက်ကြာခဲ့ပြီး အောက်သို့ပြန်ခုန်ဆင်းရာတွင် ၃၀ စက္ကန့်သာကြာခဲ့သည်။
ref: Swesone Media Group

ရေအောက်၌ အသက်ရှူကိရိယာမပါဘဲ ၂၂မိနစ်နှင့် ၂၂စက္ကန့် အသက်ရှူအောင့်ပြပြီး ကမ္ဘာ့စံချိန်တင်

ဂျာမန်လူမျိုး အလွတ် ရေငုပ်သမား တွမ်ဆိုက်တာ(၃၅ နှစ်)ဆိုသူသည် ရေအောက်၌ ၂၂ မိနစ်နှင့် ၂၂ စက္ကန့်ကြာ အသက်ရှူအောင့်ပြခဲ့ပြီး ကမ္ဘာ့စံချိန်သစ်တင်ကာ ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်း ထဲသို့ဝင်ရောက်သွားကြောင်း သိရသည်။ သူသည် ဘရာဇီးလူမျိုးရီကာ ဒိုဘာဟီယာတင်ထားသည့် စံချိန်ဟောင်းကို ချိုးနိုင်ခဲ့ခြင်းဖြစ်သည်။ဘာဟီယာ၏စံချိန်မှာ ၂၀မိနစ်နှင့် ၂၁ စက္ကန့်ဖြစ်သည်။ တွမ်ဆိုက်တာသည် ယခုသီတင်းပတ်အကုန်က တရုတ်နိုင်ငံတွင် ယခုကဲ့သို့ စံချိန်ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆိုက်တာ၏ အဆုတ်သည် ပုံမှန်လူများထက် လေကိုသိုလှောင်ထားနိုင်သည့် ပမာဏ ၂ဝရာခိုင်နှုန်း ပိုများပြီး သူ၏ ရေငုပ်ပညာသင်တန်းမှူးက သူ၏အသက်ရှူအောင့်နိုင်စွမ်းကို စတင်သတိပြုမိခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
ref: Swesone Media Group

နီယာဂါရာ ရေတံခွန်ပေါ်ဖြတ်ကျော်ကာ ကြိုးတန်းလမ်းလျှောက်ပြသည့် ပထမဆုံးလူသားဖြစ်လာ

ဇွန်လ၁၅ရက်နေ့က နစ်ခ်ဝေါ်လန်ဒါ (၃၃နှစ်)ဆိုသူသည် နီယာဂါရာရေ တံခွန်ပေါ်၌ ကြိုးတန်းလမ်းလျှောက်ပြပြီး ယင်းကဲ့သို့ပြုလုပ်သည့် ကမ္ဘာ့ပထမဆုံး လူသားဖြစ်လာကြောင်း သိရသည်။ သူသည် ဇွန်လ၁၅ရက်နေ့ညတွင် မြူနှင်းများကျနေသော ရေတံခွန်ပေါ်၌ ပေပေါင်း၁၈ဝဝ အကွာအဝေးကို ကြိုးတန်းလမ်းလျှောက်မှု ပြုလုပ်ပြခဲ့ခြင်းဖြစ်သည်။ သူသည် အမေရိကန်ပြည်ထောင်စုမှ ကနေဒါသို့လာရောက်ရာတွင်လည်း ခရီးစဉ်တစ်လျှောက်လုံး လမ်းလျှောက်၍လာခဲ့ခြင်းဖြစ်သည်။ သူသည် ကြိုးတန်း၏ တစ်ဖက်စွန်းမှ အခြားတစ်ဘက်စွန်းသို့ ရောက်ရှိရန်အတွက် ၂၅မိနစ်သာကြာခဲ့သည်။ သူလမ်းလျှောက်ပြခဲ့သည့် ကြိုးသည် သံမဏိကြိုးဖြစ်ပြီး အချင်းနှစ်လက်မသာရှိသည်။
ref: Swesone Media Group

ပင်အပ်တစ်ချောင်းဖြင့် ကြက်ဥခွံများကို ဖောက်ထွင်းကာ အလွန်ထူးဆန်းသောပန်းပုများ ပြုလုပ်

ဆလိုဗေးနီးယား အနုပညာသမားဖရန့်ဂရွမ် (၇၂ နှစ်)သည် ကြက်ဥခွံများကို ပင်အပ်ဖြင့် ဖောက်ထွင်းကာ အလွန်ထူးဆန်းသော ပန်းပုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ သူသည် ကြက်ဥများကို ထိပ်၌ အပေါက်သေးသေးဖောက်ကာ အရည်များကို ဖောက်ထုတ်လိုက်ပြီး ပန်းပုပြုလုပ်ခြင်းဖြစ်သည်။ သူသည် ပင်အပ်အရွယ်အသွားကို အသုံးပြုသည့် လျှပ်စစ်ဖောက်စက်ကို အသုံးပြုသည်။ သူသည် ယင်းရှားရှားပါးပါး ကြက်ဥအနုပညာကို ဖန်တီးလာခဲ့သည်မှာ ၁၈နှစ်ရှိပြီဟုဆိုသည်။ ဂရွမ်သည် ဆလိုဗေးနီးယားနိုင်ငံ မြို့တော်အနီးရှိ စတာရာဗာနီကာရွာကလေး၌ နေထိုင်လျက်ရှိကြောင်း သိရသည်။ သူသည် သူ၏ကြက်ဥပန်းပုတစ်ခုကို ဒေါ်လာ၅၀၀ ဖြင့်ရောင်းချပြီး ဆလိုဗေးနီးယား၊ အိန္ဒိယ၊ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့၌ ပြပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။
ref: Swesone Media Group

ထူးဆန်းသော အ၀ါရောင်နှင်းထုကြီး

ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအခိျု့တွင် ထူးဆန်းသော အ၀ါရောင်နှင်းထုကြီး ထူထပ်စွာဖုံးလွှမ်းခဲ့ရာ တရုတ်နိုင်ငံသားများအနေဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို စိုးရိမ်ထိတ်လန့်ခဲ့ကြ ရသည်ဟုဆိုသည်။ ၀ူဟန်းမြို့တွင် နေထိုင်ကြသူများသည် ဇွန်လ ၁၂ရက်နေ့နံနက်က အ၀ါရောင်နှင်းထုကြီး ရုတ်တရက် ကျရောက်လာသောကြောင့် မျက်နှာဖုံးများ အလျင်အမြန်တပ်ဆင်ခဲ့ရ သည်ဟုဆိုသည်။ နန်ကင်းမြို့ရှိ ဆန်ဝူရေအိုင်အတွင်းရှိ လှေများအပေါ်၌ အ၀ါရောင်နှင်းထုကြီး ဖုံးလွှမ်းထားသည်ကိုလည်း တွေ့မြင်ရသည်။ ၀ူဟန်းမြို့သို့ရောက်နေသော ပြင်သစ်အကြံပေးအရာရှိတစ်ဦးက မြို့နေလူများကို ပြတင်းပေါက်များပိတ်လျက် အိမ်အတွင်း၌ နေကြရန်နှင့် လေအေးပေးစက်များကို အကန့်အသတ်ဖြင့်သာ အသုံးပြုရန် အကြံပေးခဲ့သည် ဟုဆိုသည်။ တရုတ်နိုင်ငံ၏ အထင်ကရမြို့ကြီးများတွင် ရုတ်တရက် လေထု ညစ်ညမ်းမှုဖြစ်ပေါ်ခြင်းများ တိုးတက်များပြားလာနေရာ သက်ဆိုင်ရာအာဏာပိုင်များမှာ ပြစ်တင်ဝေဖန်ခြင်း ခံနေရသည်ဟုဆိုသည်။
ref: Swesone Media Group

အောက်ပိုင်းလုံးဝမရှိသည့် လူကပေပေါင်း၁၉၀၀၀ မြင့်သည့်တောင်ကို လက်ဖြင့်တွားသွားကာ အောင်မြင်စွာတက်ရောက်နိုင်ခဲ့


ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှ အောက်ပိုင်းလုံးဝမရှိသည့် ဆပင်ဆာဝက်စ် ၃၁နှစ်သည် ဇွန်လ၂ဝရက်နေ့တွင် ပေပေါင်း၁၉၃၄၁မြင့်သည့် ကလီမန်ဂျာရိုးတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ သူသည် အာဖရိကတိုက်၏ အမြင့်ဆုံးတောင်ကို လက်များဖြင့်တွားသွားကာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ သူသည် မြေပြင်အခြေအနေ ကောင်းသည့်နေရာ၌ ဘီးတပ်ကုလားထိုင်ကို အသုံးပြုပြီး ကျန်နေရာများတွင် လက်ဖြင့်သာတွားသွားခဲ့ခြင်းဖြစ်သည်။ သူသည် တောင်ထိပ်သို့ ရောက်ရှိရန်အတွက် ခုနှစ်ရက်ကြာခဲ့ကြောင်း သိရသည်။ ဝက်စ်သည် SacralAgenesisဟုခေါ်သော ရှားရှားပါးပါး မွေးရာပါဗီဇချို့ယွင်းမှုကြောင့် ခါးအောက်ပိုင်းအရိုးများ ဖွံ့ဖြိုးမှုမရှိဘဲ မွေးဖွားလာခြင်းဖြစ်သည်။
ref: Swesone Media Group

ကမ္ဘာကျော် စတုန်းဟင့် အဆောက်အအုံပုံစံကို မော်တော်ကား၁၈စီးဖြင့် ပြုလုပ်ပြ

ကမ္ဘာကျော် စတုန်းဟင့်ရှေးဟောင်း အဆောက်အအုံပုံစံကို အနုပညာသမားတစ်ဦးက မော်တော်ကား ၁၈စီးဖြင့်ပြုလုပ်ပြခဲ့ကြောင်း DMသတင်းဌာနက ဇွန်လ၁၈ ရက်နေ့တွင်ဖော်ပြသည်။ အနုပညာသမားတော်မီဂန်းသည် ယင်း ကဲ့သို့ပြုလုပ်ပြရန်အတွက် သုံးလအချိန်ယူခဲ့ရသည်။ သူ၏ အဆောက်အအုံသည် ငါးမီတာ(၁၆ပေကျော်)မြင့်ပြီး ၃၆တန်အလေးချိန်ရှိသည်။ သူကယင်း အဆောက်အအုံပုံစံကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဆောက်သ်ဘန့်အရပ်၌ ပြုလုပ်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ref: Swesone Media Group

Related Posts Plugin for WordPress, Blogger...