ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအခိျု့တွင် ထူးဆန်းသော
အ၀ါရောင်နှင်းထုကြီး ထူထပ်စွာဖုံးလွှမ်းခဲ့ရာ တရုတ်နိုင်ငံသားများအနေဖြင့်
ပတ်ဝန်းကျင်ညစ်ညမ်းမှုကို စိုးရိမ်ထိတ်လန့်ခဲ့ကြ ရသည်ဟုဆိုသည်။
ဝူဟန်းမြို့တွင် နေထိုင်ကြသူများသည် ဇွန်လ ၁၂ရက်နေ့နံနက်က
အ၀ါရောင်နှင်းထုကြီး ရုတ်တရက် ကျရောက်လာသောကြောင့် မျက်နှာဖုံးများ
အလျင်အမြန်တပ်ဆင်ခဲ့ရ သည်ဟုဆိုသည်။ နန်ကင်းမြို့ရှိ ဆန်ဝူရေအိုင်အတွင်းရှိ
လှေများအပေါ်၌ အ၀ါရောင်နှင်းထုကြီး ဖုံးလွှမ်းထားသည်ကိုလည်း တွေ့မြင်ရသည်။
ဝူဟန်းမြို့သို့ရောက်နေသော ပြင်သစ်အကြံပေးအရာရှိတစ်ဦးက မြို့နေလူများကို
ပြတင်းပေါက်များပိတ်လျက် အိမ်အတွင်း၌ နေကြရန်နှင့် လေအေးပေးစက်များကို
အကန့်အသတ်ဖြင့်သာ အသုံးပြုရန် အကြံပေးခဲ့သည် ဟုဆိုသည်။ တရုတ်နိုင်ငံ၏
အထင်ကရမြို့ကြီးများတွင် ရုတ်တရက် လေထု ညစ်ညမ်းမှုဖြစ်ပေါ်ခြင်းများ
တိုးတက်များပြားလာနေရာ သက်ဆိုင်ရာအာဏာပိုင်များမှာ ပြစ်တင်ဝေဖန်ခြင်း
ခံနေရသည်ဟုဆိုသည်။
ref: Swesone Media Group
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။