Tuesday, July 30, 2013

လေယာဉ်မတော်တဆမှုများ...

သူငယ်ချင်းတို့ ကို လေယာဉ်မတော်တဆမှုတွေ ကို တင်ပြချင်ပါတယ်...
ဒီလေယာဉ်ပျံတွေကတော့ ရေဆာလို့ ရေဆင်းသောက်တာနဲ့ တူတယ်နော်...

Sunday, July 28, 2013

ဂျပန်နိုင်ငံ၌ သက်ရှည်ပြီး ချမ်းသာစေရန် လက္ခဏာပြုပြင်သူများပြား


လက္ခဏာကို ကြည့်ပြီး အနာဂတ် ဟောကိန်း ထုတ်တာကို ဟိုအရင်ကတည်းက ပြုလုပ်ခဲ့ကြပါ တယ်။ အခုအခါမှာ လက္ခဏာကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်လာတာဟာ ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံမှာ ခေတ်စားနေတယ်လို့ သိရပါတယ်။ အမျိုးသားတွေ အနေနဲ့ ငွေကြေး အောင်မြင်မှု ရရှိစေဖို့ လက္ခဏာလမ်းကြောင်းကို ပြုပြင်တတ်ကြပြီး အမျိုးသမီးတွေ အနေနဲ့ အိမ်ထောင်ရေး အဆင်ပြေစေဖို့ လက္ခဏာ ပြုပြင်ကြတယ်လို့ သိရပါတယ်။ လက်ဖ၀ါးပေါ်မှာ အသားစကို လျှပ်စစ်နဲ့ လောင်ကျွမ်းမှု ပြုလုပ်စေပြီး လက္ခဏာ အရာ ထင်အောင် ပြုလုပ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့အမြန်ဆုံး ဒရမ်တီးခတ်သူ စံချိန်သစ်တင်


ကနေဒါလူမျိုး ဒရမ်တီးခတ်သူတစ်ဦးသည် တစ်မိနစ် အတွင်း အချက်ရေ ၁၂၀၈ ချက် တီးခတ်ပြသပြီး ကမ္ဘာ့အမြန်ဆုံး ဒရမ်တီးခတ်သူအဖြစ် စံချိန်သစ်တင်ခဲ့သည်။ တွမ်ဂရိုဆက်အမည်ရှိ အဆိုပါ ဒရမ်တီးခတ်သူသည် တစ်စက္ကန့်လျှင် ပျမ်းမျှအချက် ၂၀ ခန့် ဒရမ်တီးခတ်နိုင်သည်။ ယခင်စံချိန်ဟောင်းကို တွမ်ဂရို ဆက်ကပင် အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်တွင် ပြုလုပ်ခဲ့သည့် အိပ်မက်ပြဇာတ်ရုံ ဂီတပြိုင်ပွဲတွင် တစ်စက္ကန့်အတွင်း အချက်ရေ ၁၂၀၃ ချက်တီးပြကာ စံချိန်တင်ထားခဲ့သည်။ တွမ်ဂရိုဆက်သည် ဂီတသမိုင်းတစ်လျှောက် တစ်မိနစ်အတွင်း အချက် ၁၂၀၀ ကျော် တီးပြခဲ့သော ဒုတိယမြောက်ဂီတပညာရှင်ဖြစ်လာခဲ့သည်။
ref:ပြည်မြန်မာ

မိုင် ၅၀၀၀ ကျော်အကွာအဝေးကို ဗြိတိန်ဟီးရိုးတစ်ကိုယ်တည်းပြေးပြခဲ့


ဗြိတိန်နိုင်ငံသား ဂျာမိန်မက်ဒေါ်နယ်ဆိုသူသည် ကနေဒါနိုင်ငံ တစ်ဝန်း မိုင် ၅၀၀၀ ကျော် အကွာအဝေးကို ကာတွန်း စူပါဟီးရိုး the flash ၀တ်စုံဝတ်ဆင်ကာ တစ်ကိုယ်တည်းပြေးပြခဲ့သည်။ ဂျာမိန်းမက်ဒေါ်နယ်သည် မည်သည့် အဖွဲ့အစည်းအကူအညီမှမပါဘဲ ကနေဒါနိုင်ငံကို ၂၇၅ ရက်ကြာ ဖြတ်ကျော်ပြေးလွှားပြခဲ့သည်။ ၎င်းသည် တစ်နေ့လျှင် မာရသွန်ပြိုင်ပွဲတစ်ခုကဲ့သို့ ပြေးလွှားခဲ့သော်လည်း မောပန်းနွမ်းနယ်ခြင်းမရှိဘဲ ပို၍ လန်းဆန်းတက်ကြွလာခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

အမေရိကန်စစ်ပြန်၏ အံ့အားသင့်ဖွယ် အိမ်ပြန်ခရီးစဉ်


အာဖဂန်နစ္စတန် စစ်မြေပြင်တွင် ၆လကျော် တာဝန် ထမ်းဆောင်ခဲ့သော အမေရိကန် လေတပ်ဆရာဝန်တစ်ဦး၏ အိမ်ပြန်ခရီးစဉ်သည် မိသားစုအတွက် အံ့အားသင့်ဖွယ် ဖြစ်လာခဲ့သည်။ ကပ္ပတိန် ဟိုင်ရမ်ဘရိုဆန်သည် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကမ်းခြေ၌ အပန်းဖြေခရီးသွားရောက်လျက်ရှိသော မိသားစုထံ Facebook မှတစ်ဆင့် ဆက်သွယ်စကားပြောစဉ် နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ပင်လယ်ကမ်းခြေ၌ တစ်မိသားစုလုံး ရေကူးဆင်းရန် တိုက်တွန်းခဲ့သည်။

ကြီးမားသော နဂါးခေါင်းရုပ်ကြွင်း ဗြိတိန်ကမ်းခြေသို့ ရောက်ရှိလာ


ဘတ်စကားတစ်စီး သာသာ အရွယ် အစားရှိသော နဂါးခေါင်းရုပ်ကြွင်းတစ်ခုသည် အင်္ဂလန်တောင်ပိုင်း ဒိုးဆတ်ဒေသရှိ ချာမောက်ကမ်းခြေသို့ ဆိုက်ကပ်ရောက်ရှိလာခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဘလင့်ဘောက်စ် သတင်းတစ်ရပ်တွင်ဖော်ပြခဲ့သည်။

သတိမေ့သွားသော အမေရိကန်ဒေါက်တာ နိုးထချိန်တွင် ဆွီဒင်ဘာသာစကားသာ ပြောဆိုနိုင်


အသက် ၆၁ နှစ်အရွယ်ရှိ အမေရိကန် လူမျိုး ဆရာဝန်တစ်ဦးသည် ကယ်လီဖိုးနီးယားပြည်နယ် တည်းခိုရိပ်သာတစ်ခု၌ တည်းခိုစဉ် သတိမေ့မြောသွားခဲ့ပြီး နောက် ပြန်လည်နိုးထလာချိန်တွင် အတိတ်မေ့ရောဂါ စွဲကပ်ကာ ဆွီဒင်ဘာသာ စကားကို တစ်လျှောက်လုံး ပြောဆိုခဲ့သည်။ ၎င်းဆရာဝန်သည် တည်းခိုရိပ်သာဧည့်သည်မှတ်တမ်းတွင် မိုက်ကယ်ဘုတ်ဝှစ်အဖြစ် အမည်စာရင်းပေးသွင်းထားပြီးသတိမေ့မြောချိန်တွင် တည်းခိုရိပ်သာတာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

Tuesday, July 23, 2013

ဂင်းနစ်စံချိန်တင် ဥာဏ်ကြီးရှင် Michael Kearney



Michael Kearney လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အသက် ၁၀ နှစ်မှာ မနုဿဗေဒ ပညာရပ်နဲ့ ဘွဲ့ရပြီး ကမ္ဘာ့အသက်အငယ်ဆုံးနဲ့ ဘွဲ့ရှိသူအဖြစ် စံချိန်ခဲ့ပါတယ်။

အသက် ၁၄ နှစ်ရောက်တော့လည်း ဓာတုဇီဝ ဘာသာရပ်နဲ့ မာစတာဒီဂရီ ရရှိခဲ့ပါတယ်။ အဲ့တုန်းကလည်း ဂင်းနစ်စံချိန်တင်ခဲ့ပြန်ပါသေး တယ်။

၁၉၈၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ဖွားပြီး အသက် ၄ လပိုင်းလောက်နဲ့ စကား တစ်လုံးစ နှစ်လုံးစ ပီပီပြင်ပြင် စပြောနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီမှာ နေထိုင်တဲ့ အမေရိကန်ကပြား လူငယ် ဖြစ်ပါတယ်။ ၆ လသားအရွယ်ရောက်တော့ တော်တော်ပြောတတ် သွားပါပြီ။ အသက် ၄ နှစ်သား ရောက်တော့ Johns Hopkins ရဲ့  သင်္ချာဥာဏ်စမ်းပုစ္ဆာများကို အမှတ်ပြည့်ရအောင် ဖြေနိုင်ပြီး San Marin High School မှာ ကျောင်းစတတ်ပါတယ်။ အသက် ၆ နှစ်သားမှာပဲ အထက်တန်း ကျောင်းပညာ ပြီးဆုံးပါတယ်။ အဲ့တုန်းက ၁၉၉၀ ခုနှစ် ဖြစ်ပါတယ်။

Sunday, July 21, 2013

နှစ်ပေါင်း ၃၉ဝဝဝ သက်တမ်းရှိ မျိုးသုဉ်း အမွေးရှည် ဆင်ကြီး၏ အေးခဲနေသော ခန္ဓာကိုယ် အား ဂျပန်တွင် ပြသ


တိုကျို ဇူလိုင် ၁၂
ခန္ဓာကိုယ် တစ်ခုလုံးနီးပါး ပကတိနီးပါး အတိုင်း ကျန်ရှိ နေသေးသည့် နှစ်ပေါင်း ၃၉ဝဝဝ သက်တမ်းရှိ မျိုးသုဉ်း အမွေးရှည် ဆင်ကြီး တစ်ကောင်အား ဂျပန်နိုင်ငံ ယိုကိုဟားမား မြို့တွင် ဇူလိုင် ၁၂ ရက်မှ စတင်၍ ပြသလျက် ရှိကြောင်း ဂျပန်တိုင်းမ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
အေးခဲလျက် ရှိသည့် အဆိုပါ အမွေးရှည် ဆင်ကြီးသည် ၃ မီတာရှည်လျားပြီး ၄င်းကို ၂ဝ၁ဝ ပြည့်နှစ်တွင် ဆိုက်ဘေးရီးယား အရှေ့ပိုင်းရှိ အစဉ်အေးခဲနေသည့် နက်ရှိုင်းမြေလွှာ အတွင်းမှ တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး ၁ဝ၁ ဦးပါဝင်သော Pearls of the Sky ကောင်းကင် ဒိုင်ဗင်ထိုး အဖွဲ့ စံချိန်သစ်တင်


မော်စကို   ဇူလိုင်   ၁၆
အမျိုးသမီးသီးသန့် ကောင်းကင် ဒိုင်ဗင်ထိုး အဖွဲ့ဖြစ်သော Pearls of the Sky အဖွဲ့သည် ၎င်းတို့၏ရင်သပ် ရှုမောဖွယ်ကောင်းလှသော ပြကွက်ကို ဝေဟင်အတွင်း၌ ပြသပြီးနောက် ရုရှား နိုင်ငံတွင်
ယခင်က တင်ထားခဲ့သည့် စံချိန်ကိုကျော်၍ အဖွဲ့ဝင် အများဆုံး ပါဝင်သည့် ကောင်းကင် ဒိုင်ဗင်ထိုး အဖွဲ့အဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည်ဟု သိရသည်။
Pearls of the Sky အဖွဲ့သည် ၎င်းတို့၏ပြကွက်ကို ရုရှားနိုင်ငံ ကိုလမ်နာ မြို့ပေါ်ရှိ ဝေဟင်အတွင်း၌ ဇူလိုင် ၁၃ ရက်တွင် ပြသခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ပြကွက်မှာ   အဖွဲ့ဝင်များ က လေယာဉ်များပေါ်မှ ခုန်ဆင်းပြီးနောက်တွင် အဖွဲ့ဝင် တစ်ဦးစီ၏ လက်များကို ဆုပ်ကိုင်၍ ဝေဟင်အတွင်း၌ ပန်းပွင့်တစ်ပွင့်၏ ပွင့်ချပ်ပုံသဏ္ဌာန် ပေါ်လာအောင် ဖန်တီးပြသ ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

သွေးစုပ်ဖုတ်ကောင် အုတ်ဂူများ ပိုလန်တွင် တွေ့ရှိ


ဝါဆော ဇူလိုင် ၁၇
ရှေးဟောင်း သုတေသန ပညာရှင်များသည် သွေးစုပ်ဖုတ်ကောင် အုတ်ဂူများစွာကို ပိုလန်နိုင်ငံ အတွင်း၌ တူးဖော် တွေ့ရှိခဲ့ကြသည်ဟု အင်တာနက် သတင်းတစ်ပုဒ်အရ သိရသည်။
သွေးစုပ်ဖုတ်ကောင်များ၏ အုတ်ဂူများကို ရှာဖွေ တွေ့ရှိခဲ့သည်ဟု ကြေညာချက် ထုတ်ပြန်ပြီးနောက် အချိန် အနည်းငယ် အကြာတွင် သုတေသနပညာရှင် များသည် ၎င်းတို့တွေ့ ရှိခဲ့သော သွေးစုပ်ဖုတ်ကောင် အချို့၏ ရုပ်အလောင်းများကို ထုတ်ဖော် ပြသခဲ့ကြသည်။ သွေးစုပ်ဖုတ်ကောင်ဟု ယူဆရသော ရုပ်အလောင်းများကို တူးဖော်တွေ့ရှိခဲ့ ချိန်တွင် ၎င်းရုပ် အလောင်းများ၏ ဦးခေါင်းများသည် ၎င်းတို့၏ ခြေထောက်များကြား၌ ရှိနေခဲ့ကြသည်ဟု သတင်း ဌာနတစ်ခု၏ ဖော်ပြချက်အရ  သိရသည်။ ယင်းအခြေအနေမှာ သွေးစုပ် ဖုတ်ကောင်များကို သုတ်သင်ပြီးပါက ၎င်းတို့ပြန်လည် အသက်မဝင်စေရန် တားဆီးသည့် အနေဖြင့် ၎င်းးတို့၏ ဦးခေါင်းကိုဖြတ်၍ ခြေထောက်များ ကြားထည့်၍ မြှုပ်နှံ ပေးရသည်ဟူသော ဒဏ္ဍာရီ လာ ပြောကြားချက်များနှင့် အခြေအနေ ချင်း ကိုက်ညီမှု ရှိနေ ခဲ့သည်ဟု သိရသည်။ 

ဂျော်ဂျီယာနိုင်ငံမှ အမျိုးသမီးတစ်ဦး ပုရွက်ဆိတ်ကိုက် ခံရမှုကြောင့် သေဆုံး


တဘီလီစီ   ဇူလိုင်   ၂ဝ
ဂျော်ဂျီယာနိုင်ငံမှ အသက် ၆၅ နှစ် အရွယ်ရှိ ဂျင်းနီပိုမီရိုင်းဆိုသူ အမျိုးသမီးကြီးသည် ပုရွက်ဆိတ်ကိုက် ခံရ ပြီးနောက်
ပြင်းထန်သည့် ဓာတ်မတည့်ခြင်း ဝေဒနာဖြင့် သေဆုံး သွားခဲ့ကြောင်း WSBTV သတင်းဌာနက ဖော်ပြခဲ့သည်။
သေဆုံးခဲ့သည့် ဂျင်းနီသည် ဂျော်ဂျီယာနိုင်ငံမှ မျက်မမြင်များအား ကူညီစောင့်ရှောက်ရေး အဖွဲ့မှ အမှုဆောင် အရာရှိချုပ် ဖြစ်ကြောင်း သိရသည်။
ဂျင်းနီသည် သဘာဝ အဆိပ်တစ်မျိုးရှိသည့် ပုရွက်ဆိတ် အကိုက်ခံရပြီး နောက်ပိုင်းတွင် သွေးလန့်ခြင်း ဝေဒနာကြောင့် ယားယံခြင်း၊ မျက်စိ နီမြန်းခြင်း၊ ပျို့အန်ခြင်း၊ ပါးစပ်၊ လျှာ ရောင်ရမ်းခြင်း၊ ရင်ကျပ်ခြင်း၊ ရုတ်တရက် သွေးပေါင်ကျခြင်း စသည့် ဝေဒနာများကို ခံစားရပြီးနောက် ဆေးရုံတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လေယာဉ် ပျက်ကျမှုကြောင့် အသက်မ သေခဲ့သည့် ကျောင်းသူ အရေးပေါ် ကားကြိတ်မှုကြောင့် သေဆုံး


လော့စ်အိန်ဂျလိစ် ဇူလိုင် ၂ဝ
အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ လေဆိပ်တွင် ဇူလိုင် ၆ ရက်က Asiana လေကြောင်းကုမ္ပဏီမှ လေယာဉ်တစ်စင်း ပျက်ကျမှုတွင်
ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ကျောင်းသူ တစ်ဦးသည် အသက်ရှင်လျက် ကျန်ရစ်ခဲ့သော်လည်း အရေးပေါ် ယာဉ်တစ်စီး၏ ဖြတ်ကြိတ်မှုကြောင့် သေဆုံး သွားခဲ့ရသည်ဟု အရာရှိ များက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ မှ ထူးခြားသော အရပ်ပုသူ နှင့် အရပ်ရှည်သူများ


ဘီယာကန်အတွင်း ရေချိုးနိုင်မည့် ဟိုတယ်ဝန်ဆောင်မှု


ချက်သမ္မတနိုင်ငံ ပရော့ဂ်မြို့ ရှိ ယူဆလက်ကာ ဟိုတယ်သည် လာရောက်တည်းခိုသည့် ဧည့်သည်များအတွက် ဘီယာများ ထည့်ထားသော ရေချိုးကန်အတွင်း စိမ်ကာ အပန်းဖြေနိုင်မည့် ၀န်ဆောင်မှု ပြုလုပ်ပေးလျက်ရှိသည်။ ဘီယာကန်အတွင်း ၀င်ရောက်ကာ ရေချိုးခြင်းဖြင့် စိတ်ဖိစီးမှုများကို လျှော့ချပေး နိုင်ခြင်း၊ ကြွက်သားတင်းမာမှုများ ကို ပျော့ကျစေခြင်း၊ အရေပြားချောမွေ့လှပ ခြင်းတို့ကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သောကြောင့် ထိုကဲ့သို့ ၀န်ဆောင်မှုပေးခြင်းဖြစ်ကြောင်း ဟိုတယ်၏ ကြေညာတစ်ရပ်တွင်ထည့်သွင်းဖော်ပြသွားခဲ့သည်။

Friday, July 19, 2013

အာဇာနည်နေ့


နှစ်တွေလွန်ခဲ့ပေမယ့် ယနေ့အထိ မမေ့မလျော့ တစ်နိုင်ငံလုံး
အမှတ်ရအောက်မေ့ရတဲ့ နေ့ပါ။
ကျွန်တော်တို့၏ အာဇာနည်နေ့မှာ အခြားနိုင်ငံ တွေနဲ့လုံးဝမတူသော
အမှတ်လက္ခဏာများပေါင်းစုပါဝင်နေပါတယ်။

အခြားအရာတွေအသာထားပါအုံး။အာဇာနည်နေ့ဂုဏ်ပြုတာဟာ
နိုင်ငံ့ ဖခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက်ထဲကိုမဟုတ်ပါ။
ဗိုလ်ချုပ်နှင့်အတူ ၀န်ကြီးအဆင့်နှင့်အတူ အတွင်းဝန်အဆင့် နောက်ဆုံး ကိုယ်ရံတော်အဆင့်
ရှိတဲ့သူကိုပါ တစ်ပါတည်းထည့်သွင်းထားပါတယ်။အာဇာနည်နေ့ဆိုတာ ရာထူးမခွဲခြား၊
လူတန်းစား မခွဲခြားပဲ တိုင်းပြည်အတွက်အသက်ပေးသွားတဲ့ သူတွေအားလုံးကို အလေးဂရုပြု
ဦးညွှတ်တက်တဲ့ မြန်မာတို့ရဲ့ ဓလေ့ကို လှစ်ပြနေပါတယ်။

ပြီးတော့ ဒီအာဇာနည်တွေထဲမှာ မြန်မာလူမျိုးတစ်မျိုးတည်းမဟုတ်ပါ။
တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ သူတွေပါဝင်နေတာ တွေ့မြင်ရပါတယ်။
မြန်မာလွတ်လပ်ရေးအတွက် ကြိုးပမ်းကြတဲ့ တောင်ပေါ် မြေပြန့်တိုင်းရင်းသားတို့၏
စွန့်လွှတ်အနစ်နာခံမှု ချစ်ခင်မှု စသည်ဖြင့် တိုင်ရင်းသားများချစ်ကြည်ငြိမ်းချမ်းမှု သင်္ကေတများပါ
ပါဝင်နေတာ တွေ့ရပါတယ်။

ဂုဏ်ပြုခံရသူတွေထဲမှာလည်း ဘာသာ အယူ မတူပေမယ့် တိုင်းပြည်အတွက် အသက်ပေးသွားကြ
တဲ့သူတွေပါ ပါဝင်တာကိုတွေ့မြင်ရပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ၏ အာဇာနည်နေ့ မှာ လူတန်းစားခွဲခြားမှု မရှိခြင်း၊
တိုင်းရင်းသားချစ်ကြည်ရင်းနှီးမှုကိုပြသခြင်း ၊ ဘာသာ အယူ မတူပေမယ့် ချစ်ကြည်လေးစားမှု
ရှိခြင်းဆိုတဲ့ ဂုဏ်ထူးဝိသေသ တွေပါဝင်နေပါတယ်။

ဒါကျွန်တော်မြင်တဲ့ အမြင်ရိုးရိုးလေးပါ။ တစ်ခြားနိုင်ငံတွေနဲ့လုံးဝ မတူပါဘူး။
ဒါကို လွှတ်တော်ထဲမှာ ဒီနှစ်အတွက် အကြောင်းပြချက်အသစ် က တခြား ၁၆ နိုင်ငံနဲ့တိုင်းတာပြီး
ပြောတာကြားရတော့ ဥသြသံ မလွှင့်ပေးတာကို သူတို့ရဲ့စိတ်ရင်းကိုသိပေမယ့် ဒီလိုကြီး
အကြောင်းပြတာတော့ လွန်တယ်ထင်တယ်ဗျာ။ တခြားနိုင်ငံတွေလို ခေတ်မမှီမတိုးတက်သေးတာကို
နားလည်ပေးခဲ့ပါတယ်။ ကျေနပ်ပါတယ်။ ဒီမိုကရေစီ ကျတော့ နိုင်ငံတကာတန်းဝင်အောင် အချိန်စောင့်ပါအုံးတဲ့။
ဒီကိစ္စကျမှ နိုင်ငံတကာတန်းဝင်အောင် ကျင့်သုံးရသလား။ဝန်ကြီးဋ္ဌာနဘက်က ထောက်ခံမဲပေးတဲ့သူတွေ
ကိုလည်းအံ့သြမိပါတယ်။တကယ်ပြောတာပါ။
ကြားရတာ ရင်ထဲမကောင်းလွန်းလို့ ရေးမိပါတယ်။ထိခိုက်လိုတဲ့စိတ်ကတော့ နည်းနည်းလေးမှမရှိပါဘူး။
မြန်မာနိုင်ငံသားပီသစွာပဲ နားလည်ခွင့်လွှတ်ပေးတက်တဲ့ အကျင့်ပါနေလို့ပါဗျာ။
 
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ......... နေခရမ်း

Monday, July 15, 2013

အမှတ်တမဲ့အလွဲများ ( ၃၁ )

ဒီတစ်ပတ် သူငယ်ချင်းတို့အတွက် အမှတ်တမဲ့အလွဲများ လာပါပြီဗျာ...
လိုင်စင်က အိမ်မှာကျန်ခဲ့ပါတယ်ဆိုမှဗျာ...ရစ်တယ်...

ဟဲဟဲ...မအေးမှာမပူရတော့ဘူးပေါ့...

Saturday, July 13, 2013

အသိပေးခြင်း...

ကျွန်တော်ဆိုဒ်မှာ ပိုစ့်တွေက နည်းနည်းလဲ များလာပါပြီ။
ပိုစ့်အဟောင်းတွေကိုလည်း ပြန်မကြည့်ဖြစ်ခဲ့ပါ။
အခုပြန်ကြည့်မိမှ တစ်ချို့ပိုစ့်တွေက ပုံတွေ မမြင်ရတော့တာသိရပါတယ်။
ဒါကြောင့် ရှေ့လျှောက်ပိုစ့်အဟောင်းက ပုံများကို ပြန်ရှာလို့ရရင် ပြန်ပြင်ပြီးတော့တင်ပေးပါမယ်။
ပုံတွေမမြင်ရတော့တာကို အသိပေးကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။
နောက်လည်းအခက်အခဲရှိရင် ပြောပေးကြပါခင်ဗျာ။
တစ်ခါတည်း တင်တုံးက ထူးဆန်းတဲ့ သတင်းဖြစ်ပေမယ့် အခုအခါ သိပ်မဆန်းတော့တဲ့
ပိုစ့်များကိုပါ ဖြတ်သိမ်းလိုက်ပါတော့မယ်။ဒါကြောင့် သူငယ်ချင်းများက ဒီဆိုဒ်မှတစ်ခြားဆိုဒ်များသို့ ပြန်လည်မျှဝေထားသောပိုစ့်များ ၊ ဓာတ်ပုံများပါသွားလျှင်ခွင့်လွှတ်ကြပါလို့တောင်းပန်ရင်း...
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ...........နေခရမ်း

အံ့မခန်းဖန်တီးမှုများ

..အံ့မခန်းဖန်တီးမှုများကိုမိတ်ဆက်ပေးလိုက်ပါတယ်နော်...

အထဲမှာမိန်းမအကြီးကြီးရှိတယ်...

ဟိုလူကမယုံလို့ တက်ကြည့်တာ

Hotdog အစားပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်တင်


အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဇူလိုင်လ ၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် Hotdog မုန့်အစားပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းမှ ၀ါသနာရှင်များ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကယ်လီဖိုးနီးယား ပြည်နယ်မှ ဂျို ရီချက်ဇ်နက်ဆိုသူက ၁၀ မိနစ်တွင် Hotdog ၆၉ ခုထိ စားပြပြီး ကမ္ဘာ့စံချိန်သစ် တင်သွားခဲ့သည်။ ၎င်းသည် ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ တစ်သောင်းနှင့် အ၀ါရောင် ချန်ပီယံ ခါးပတ်ကိုပါ ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ပြိုင်ပွဲတွင် ဂျိုရီသည် Hotdog ၆၂ ခု စားပြပြီး စံချိန်တင်ထားခဲ့ရာ ၎င်း၏ စံချိန်ဟောင်းကို ကိုယ်တိုင် ချိုးဖျက်ပြီး စံချိန်သစ် တင်ခဲ့ခြင်း ဖြစ်သည်။

ဂရင်းကင်ညွန်ချောက် ကောင်းကင်ယံတွင် လူစွန့်စားများ နားခိုအိပ်စက်


အမေရိကန်နိုင်ငံ ယူတားပြည်နယ် မော့ဘ်မြို့အနီး ဂရင်းကင်ညွန် ချောက်ထိပ်ပိုင်း တစ်ဖက် တစ်ချက်စီကို ကြိုးတန်းများ သွယ်တန်းကာ အလည်တည့်တည့်၌ လူစွန့်စားအဖွဲ့က တစ်ညတာ အိပ်စက်ပြခဲ့သည်။ ၎င်းစတန့်အဖွဲ့ကို အန်ဒီလူးဝှစ်က ဦးဆောင်ပြီး ချောက်ကမ်းပါး အောက်ခြေမှ အမြင့်ပေ ၄၂၀ အထက်တွင် ကြိုးတန်းအလယ် တည့်တည့်၌ ရွက်ဖျင်တဲ ထိုးပြီး အိပ်စက် ပြသခဲ့ခြင်း ဖြစ်သည်။ ချစ်သူနှင့် တစ်ညတာ လေထဲတွင် အိပ်စက်ရသည်ကို တစ်သက်တာ မေ့ဖျောက်၍ ရနိုင်တော့မည် မဟုတ်ဟု အဖွဲ့ဝင် တစ်ဦး ဖြစ်သူ အန်ဒီလူးဝှစ်၏ ချစ်သူ ဟေလေအက်ရှ်ဘမ်းက ပြောကြားသွားခဲ့သည်။

Friday, July 12, 2013

အံ့သြစရာအနုပညာ


ဝါးတွေကိုသုံးပြီး ဖန်တီးထားတဲ့ တကယ့်အံ့သြစရာလက်မှုပညာတွေပါ ။
အသက် ၃၈ နှစ်အရွယ် TV အအစီအစဉ်ကြေငြာသူ Stan Munro ရဲ့
အနုပညာလက်ရာတွေပါ ။
ကမ္ဘာအရပ်ရပ်က ထင်ရှားကျော်ကြားတဲ့ အဆောက်အဦးပုံစံတူတွေပေါ့ ။
 

ကမ္ဘာ့အထင်ကရစစ်ပွဲများ

အစောဆုံးစစ်လက်နက် ----------> သစ်သားလှံအကျိုးတစ်ခုဖြစ်သည်။၁၉၁၁ခုနှစ်ဧပြီလအင်္ဂလန်
ကျွန်းအက်ဆက်ပြည်နယ်တွင်တွေ့ခဲ။ လှံကျိုးသက်တမ်းမှာသိပ္ပံနည်း
ဖြင့်စစ်ဆေးနိုင် သည့်သက်တမ်းထက်ပင်ကျော်လွန်နေသေးသည်ဟုဆိုသည် ပညာရှင်များက
ထိုလှံကျိုးကိုခ ရစ်မပေါ်မှီနှစ်ပေါင်း၂သိန်းခန့်မှစစ်လက်နှက်တခုဖြစ်သည်ဟုခန့်မှန်းကြသည်။

အရှည်ကြာဆုံးစစ်ပွဲ---->ကမ္ဘာသမိုင်းတွင်ဖြစ်ပွားသောစစ်ပွဲကြီးများအနက်ကာလအရှည်ကြာ
ဆုံးစစ်ပွဲများအင်္ဂလန်နှင့်ပြင်သစ်တို့ဖြစ်ပွားခဲ့ကြသောနှစ်တရာစစ်ပွဲဖြစ်
သည်။ သက္ကရာဇ်၁၃၃၈မှ၁၄၅၃ ထိ ၁၁၅နှစ်တိုင်တိုင်ဖြစ်ပွားခဲ့သည်။
ထိုအတူပြတ်တောင်း
ပြတ်တောင်းဖြစ်ပွားခဲ့သောခရူးဆိတ်စစ်ပွဲမှာလည်းပထမခရူးဆိတ်စစ်ပွဲ(၁၀၉၆-၁၁၀၄)မှန၀မ
ခရူးဆိတ်စစ်ပွဲ(၁၂၇၀-၁၂၉၁)
အထိသက်တမ်းအားဖြင့်၁၆၅နှစ်ကြာမြင့်ခဲ့သည်ဟုဆိုနိုင်သည်။

အတိုဆုံးစစ်ပွဲ----------> ကမ္ဘာအတိုဆုံးစစ်ပွဲမှာ ဗြိတိန်နိုင်ငံနှင့်အာဖရိကတိုက်မှဇန်ဇီဘာ(ယ
ခုတန်ဇန်နီးယားနိုင်ငံ၏တစိတ်တဒေသ) တို့ဖြစ်ပွားသောစစ်ပွဲဖြစ်
သည်။၁၈၉၆ခုနှစ်သြဂုတ်လ၂၇ရက်နေ့ နံက်၉နာရီ၂မိနစ်မှ၉နာရီ၄၀မိနစ်အထိသာကြာသည်။
ဗြိတိသျှရေကြောင်းဗိုလ်ချူပ်ဟယ်ရီဟိုးဝပ်ရော်ဆင်ဦးစီးသောဗြိတိသျှရေတပ်ဖွဲ့သည်ကိုယ့်
ကိုယ်ကိုဘုရင်မြှောက်ပြီးနန်းတက်နေသောဆူလတန်ဆစ်ခါလစ်ကိုနန်းတော်မှထွက်၍လက်
နက်ချရန်ရာဇသံပေးသည်။
မလိုက်နာသောကြောင့်တပ်ဖွဲ့မှ၃၈မိနစ်ကြာအမြှောက်များဖြင့်ပစ်
ခတ်ပြီးသောအခါမှလက်နက်ချသည်။

Wednesday, July 10, 2013

ကမ္ဘာ့အကြီးဆုံးနန်းတော်များ

ကမ္ဘာ့အကြီးဆုံးနန်းတော်များကို ၁ မှ ၁၀ အထိတင်ပေးပါမယ်။
မှတ်တမ်းများဟာ တစ်ခုနှင့်တစ်ခု မတူပဲကွဲပြားပါတယ်။အခုတင်ပြမှာက
အလှပဆုံး၊ အကျော်ကြားဆုံး ၊ စာရင်းမဟုတ်ပဲ တည်ဆောက်ထားတဲ့မြေနေရာနှင့်
အဆောက်အဦးတွေထဲမှာ အကြီးဆုံးနန်းတော် ၊ စံအိမ်များဖြစ်ပါတယ်။
ဒါတောင် wiki နှင့် Guinness  မှတ်တမ်းနှစ်ခုတွင် ကွဲလွဲနေပါသေးတယ်။
ဆက်လက်အားပေးကြပါအုံးနော်...
(၁) Louvre Palace

ပြင်သစ်နိုင်ငံမှာတည်ရှိပြီး ဘုရင့်နန်းတော်အဖြစ် နှစ်ပေါင်း ၃၀၀လောက်အသုံးပြုခဲ့ပါတယ်။
အခုအခါမှာတော့ ပြတိုက်အဖြစ် ဖွင့်လှစ်ထားပါတယ်။
210,000 square metres (2,260,421 sq ft) ကျယ်ဝန်းပြီး wiki စာရင်းတွင် နံပါတ်တစ်
ပေးထားပါတယ်။ သို့သော် ဂရင်းနစ်မှတ်တမ်းမှာတော့ အောက်က နန်းတော်ကိုသာ
ကမ္ဘာ့အကြီးဆုံးလို့မှတ်တမ်းတင်ထားတာကို တွေ့ရှိရပါတယ်။

Monday, July 8, 2013

တောင်အာရှ၏ ပထမဆုံးသော ရေအောက် ငါးပြတိုက်ကြီး


တောင်အာရှ၏ ပထမဆုံးသော ရေအောက် ငါးပြတိုက်ကြီးကို သီရိလင်္ကာ နိုင်ငံတွင် ဖေဖော်ဝါရီ ၁၈ ရက် တွင် စတင်ဖွင့်လှစ် လိုက်ပြီဖြစ်သည်။ Water Word အမည်ရှိ အဆိုပါ ငါးပြတိုက် အဆောက်အအုံကို နိုင်ငံ  အနောက်ပိုင်း ဘီယာဂါမာ ခရိုင် ကီလာနီ မြစ်ကမ်းရှိ ရှုခင်းသာယာ လှပသည့် ၅ ဧက အကျယ်နေရာတွင်
တည်ဆောက်ထားခြင်း ဖြစ်ပြီး ရေအောက်ပြတိုက်ကို ပေ ၃၀ အရှည်နှင့် အကျယ် ၃၇ ပေရှိ ဥမင်လိုဏ် ခေါင်း အတွင်း တည်ဆောက်ထားသည်။ ပြတိုက်တွင် အသုံးပြုထားသည့် မှန်များမှာ ၃ လက်မ အထူရှိ သည့် ဂျပန် နိုင်ငံလုပ် မှန်များဖြစ်သည်။ ပြတိုက် တည်ဆောက်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်း ပစ္စည်းများကို ကနေဒါနှင့် ထိုင်းနိုင်ငံတို့မှ မှာယူခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နှင့် နယူးဇီလန် နိုင်ငံတို့က နည်းပညာ အကူအညီများ ထောက်ပံ့ပေး ခဲ့သည်။ ဥမင်လိုဏ်ခေါင်း တစ်ခုကို ၄၇ ပေ ရှည်လျားသည့် ကွန်ကရစ် လူသွားလမ်းအပေါ်တွင် တည်ဆောက်ထားပြီး ကုန်ကျ စရိတ်မှာ ရူးပီး သန်း ၆၀ ကုန်ကျခဲ့သည်။

ကမ္ဘာ့ အကြီးမားဆုံး တင်ပါးဆုံကြီးကို ပိုင်ဆိုင်ထားသည့် လော့စ်အိန်ဂျလိစ်မှ မီခဲလ်ရက်ဖိုင်းလီ


လော့စ်အိန်ဂျလိစ် မြို့တွင် နေထိုင်သော ကလေးလေးယောက် မိခင် မီခဲလ် ရက်ဖိုင်းလီ အမည်ရှိ အမျိုးသမီး တစ်ဦးသည် ကမ္ဘာ့အကြီးမား အကျယ်ပြန့် ဆုံး တင်ပါးဆုံကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ သူမ၏  ခန္ဓာကိုယ် အလေးချိန်သည် ပေါင် ၄၂ဝ ရှိပြီး သူမ၏ တင်ပါး
အဝန်းအဝိုင်းမှာ အံ့သြဖွယ်ရာ ရှစ်ပေခန့်မျှ ရှိလေသည်။ အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သော မီခဲလ်၏ အရပ်မှာ ငါးပေ လေးလက်မသာ ရှိခြင်းကြောင့် သူမ တင်ပါး၏  ကျယ်ပြန့်မှုသည် သူမ၏ အရပ်ထက်ပင် ပို၍ သာနေသေးသည်။ သို့သော် သူမ အနေဖြင့် မည်သည့် ကိုယ်နေ ဟန်ထားမျိုးကိုမျှ လိုချင်လိမ့်မည် မဟုတ်ဟု မီခဲလ်က ပြော ကြားထားသည်။ လက်ရှိ မိမိ၏ ခန္ဓာကိုယ် အနေအထားကို နှစ်သက်ကြောင်း၊ မိမိ၌ ၎င်း ခန္ဓာကိုယ်နှင့် ပတ်သက်၍ မည်သည့် ကျန်းမာရေး ချို့ယွင်းမှုမှ မရှိခြင်းကြောင့် ကိုယ်အလေးချိန် လျှော့ချရန် အကြောင်း မရှိဟုလည်း ထင်မြင်မိကြောင်း၊ အမျိုးသား များသည် ပါးလျသော မိန်းကလေးမျိုး များကို သဘောမကျ တတ်ကြောင်း၊ ၎င်းတို့သည် သဲနာရီ တစ်လုံးကဲ့သို့ အဝန်း အဝိုင်းမျိုး ရှိသူကိုသာ နှစ်သက် တတ်ကြကြောင်း ခါးနံပါတ် လက်မ ၄ဝ ခန့်ရှိသော မီခဲလ်က ရှင်းလင်း ပြောကြားထားသည်။

သီရိလင်္ကာ နိုင်ငံမှ အမျိုးသား တစ်ဦး ငါးနှစ်ကြာ မစားမသောက်ဘဲ အသက်ရှင်ခဲ့

ကိုလံဘို ဇွန် ၃ဝ
သီရိလင်္ကာနိုင်ငံမှ ကာဘီဒီလာနီရလိုနီ ဟူသော အမျိုးသားတစ်ဦးသည် လွန်ခဲ့သည့် ငါးနှစ်အတွင်း မည်သည့် အစားအသောက်ကိုမျှ မစားဘဲ အသက်ရှုခြင်း ကျင့်စဉ်ကို လေ့ကျင့်၍
အသက်ရှင် နေထိုင်ခဲ့ကြောင်း ဗြိတိန်ထုတ် သတင်းစာ တစ်စောင်တွင် ဇွန်၂၈ ရက်က ဖော်ပြခဲ့သည်။ မိမိအနေဖြင့် ငါးနှစ်ကြာ အစားအသောက်မစားဘဲ နေထိုင် ခဲ့သော်လည်း လေနှင့် နေတို့မှ ရရှိသည့် ကယ်လိုရီများကို စုပ်ယူခြင်းဖြင့် ကျန်းမာစွာ နေထိုင်နိုင်ခဲ့ကြောင်း ရုပ်သံ အစီအစဉ်တစ်ခုတွင် ကာဘီက ပြောကြားခဲ့သည်။ ၁၉၄ဝ ပြည့်လွန်နှစ်နောက်ပိုင်းကအိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီသည် ၂၁ ရက်ကြာ အစာမစားဘဲ ရေသောက်၍ အသက်ရှင် နေထိုင်နိုင်ခဲ့ကြောင်း၊ အေဗစ်ဘလိန်း ဆိုသူသည် ၄၄ ရက်ကြာ အစာမစား ဘဲ ရေသောက်၍သာ အသက်ရှင် နေထိုင်နိုင်သည့် သာဓကများစွာ ရှိသည်။

Saturday, July 6, 2013

အာလူးကြော်စားပြီး ဘောက်ဆူး ဒေါ်လာတစ်သောင်းကျော် ပေးခဲ့


ကနေဒါနိုင်ငံမြောက်ပိုင်း စက်ကန်ချီဝမ်ဒေသမှ အစားအသောက်ရောင်းချသူ တစ်ဦးသည် ပေါင်မုန့်နှင့် အာလူးကြော် စားသောက်သူ တစ်ဦးထံမှ မမျှော်လင့်ဘဲ ဘောက်ဆူး ဒေါ်လာတစ်သောင်းကျော် ရရှိခဲ့သည်။ ဘော့ပ်အာဘီအမည်ရှိ ခရီးသွားတစ်ဦးသည် စားသောက်ကုန်ရောင်းချသူ ကလစ်ဖို့ဒ်လူသာနှင့် ရင်းနှီးကာ စကားပြောဆိုရင်း လူသာ၏ သားဖြစ်သူမှ လွန်ခဲ့သည့် ငါးနှစ်ခန့်က ဆုံးပါးသွားပြီး ယခုထပ်မံ၍ တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည့် သမီးဖြစ်သူအား ကင်ဆာဝေဒနာ ခံစားနေရကြောင်း ဖွင့်ဟပြောပြခဲ့သည်။ နောက်တစ်နေ့တွင် ဘော့ပ်အာဘီသည် နေ့လည်စာ မှာယူစားသောက်ပြီးနောက် ၎င်းအတွက် ဘောက်ဆူးဒေါ်လာ တစ်သောင်းတန် ချက်လက်မှတ် ပေးအပ်ခဲ့သည်။ ဘော့ပ်သည် အမေရိကတွင် ၂၅သန်းတန် ထီဆုပေါက်ခဲ့ပြီး ကမ္ဘာအနှံ့ နေရေးထိုင်ရေး ခက်ခဲသူများကို ငွေကြေးများ လိုက်လံလှူဒါန်းနေသူ တစ်ဦးဖြစ်ကြောင်း သိခဲ့ရသည်။
Related Posts Plugin for WordPress, Blogger...