Sunday, July 28, 2013

အမေရိကန်စစ်ပြန်၏ အံ့အားသင့်ဖွယ် အိမ်ပြန်ခရီးစဉ်


အာဖဂန်နစ္စတန် စစ်မြေပြင်တွင် ၆လကျော် တာဝန် ထမ်းဆောင်ခဲ့သော အမေရိကန် လေတပ်ဆရာဝန်တစ်ဦး၏ အိမ်ပြန်ခရီးစဉ်သည် မိသားစုအတွက် အံ့အားသင့်ဖွယ် ဖြစ်လာခဲ့သည်။ ကပ္ပတိန် ဟိုင်ရမ်ဘရိုဆန်သည် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကမ်းခြေ၌ အပန်းဖြေခရီးသွားရောက်လျက်ရှိသော မိသားစုထံ Facebook မှတစ်ဆင့် ဆက်သွယ်စကားပြောစဉ် နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ပင်လယ်ကမ်းခြေ၌ တစ်မိသားစုလုံး ရေကူးဆင်းရန် တိုက်တွန်းခဲ့သည်။

ထိုနောက် ၄င်းသည် နောက်တစ်နေ့ နံနက် ပင်လယ်ကမ်းခြေတွင် ရေကူးဆင်းနေသော မိသားစုရှိရာ ပင်လယ်ကမ်းခြေသို့ အခြားတစ်ဖက်မှတစ်ဆင့် စစ်ဝတ်စုံကို ရေကူးဝတ်စုံကိရိယာများ တပ်ဆင်ပြီးနောက် ရေငုပ်ပြီး သွားရောက်ခဲ့သည်။ ၄င်း၏ ဇနီးဖြစ်သူနား အရောက်တွင် ရုတ်တရက် ရေမျက်နှာပြင်ပေါ်သို့ တက်လာပြီး မိသားစု တာဝန်ထမ်းဆောင်ရန် သင် ၏အမျိုးသားဖြစ်သူ ပြန်ရောက်လာပြီဟုပြောကြားခဲ့သည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...