Friday, March 29, 2019

ကယားပြည်နယ်မှ စိတ်ဝင်စားဖွယ် အောင်သပြေဂူ

ကယားတို့ဌာနေ ငွေတောင်ပြည်ကတော့ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ ပြည်နယ်တစ်ခုပါ။ ပွင့်လင်းလာသော အခြေအနေနဲ့အတူ ခရီးသွားများရဲ့ အထူးတလည် လည်ပတ်စရာ ဒေသတစ်ခု ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်အနေနဲ့ သဘာဝအလှများနဲ့အတူ စိတ်ဝင်စားစရာ ခရီးစဉ်တစ်ခုအဖြစ် လွိုင်ကော်မြို့အနီးမှ အောင်သပြေလှိုဏ်ဂူအကြောင်း တင်ပြပေးပါမယ်။

အောင်သပြေလှိုဏ်ဂူဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ဆီဆိုင်၊ တောင်ကြီးသွားကားလမ်းမှ ဘေးမှာ တည်ရှိနေပါတယ်။ ထီးစဲခါးရေတံခွန် အသွားလမ်းပေါ်မှာပါ။ လွိုင်ကော်မြို့မှ ၈ မိုင်ခန့်အကွာတွင် တည်ရှိနေပြီး ကားနဲ့ဆိုရင် မိနစ် ၃၀ ခန့်မောင်းရပါမယ်။ လမ်းကောင်းပါတယ်။ ဆီဆိုင်လမ်းခွဲမှ ၀င်ပြီး မကြာခင်တွင် အောင်သပြေလှိုဏ်ဂူသို့ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရမှာပါ။ ထိုဆိုင်းဘုတ်လမ်းခွဲသို့ မောင်းဝင်လိုက်သည်နဲ့ အောင်သပြေဂူတည်ရှိရာ တောင်ကမ်းပါးယံကြီးကို တွေ့မြင်ရမှပါ။

အောင်သပြေလှိုဏ်ဂူရှိရာ တောင်ပေါ်သို့ကြည့်လိုက်လျှင် တဖတ်၌ လက်ဝါးကပ်တိုင်ရှိနေပြီး အခြားတဖက်တွင် စေတီတစ်ဆူတည်ရှိနေတာကို တွေ့ရမှာပါ။ လှိုဏ်ဂူရှိရာ တောင်ရဲ့အရှေ့ဘက်ရွာများသည် ခရစ်ယာန်ကိုးကွယ်တဲ့ရွာနဲ့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ရွာဆိုပြီး အသီးသီးရှိကြတယ်လို့ ဆိုပါတယ်။ အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်ကြပါတယ်။ အောင်သပြေလှိုဏ်ဂူကတော့ စေတီရှိရာ တောင်တစ်ထက်ခြမ်းရဲ့ တောင်အောက်ခြေမှာ တည်ရှိနေတာပါ။ အဝေးမှကြည့်ရင် လှိုဏ်ဂူပေါက်ဝကို မမြင်ရသလောက်ပါပဲ။
Related Posts Plugin for WordPress, Blogger...