Sunday, June 25, 2017

မိန်းကလေးများသည် ယောက်ျားလေးများထက် ငယ်ရွယ်စဉ်မှစပြီး ပိုမိုအမှီခို ကင်းဟုဆို

အမျိုးသမီးများအား အားနည်းသူ များအဖြစ် အစဉ်အလာ အားဖြင့် ပြောဆိုခဲ့သော်လည်း မကြာသေးမီတွင် ပြုလုပ်ခဲ့သည့် သုတေသန တစ်ခုအရမူ မိန်းကလေး များသည် အသက်နှစ်နှစ်ခွဲ အရွယ်မှစပြီး ယောက်ျားလေးများထက် ကိုယ့်ကိုယ်ကိုယ် ပိုမိုအားကိုးနိုင်စွမ်း ပိုရှိပြီး အခြားသူများအပေါ် မှီခိုမှုပိုနည်းကြောင်း သိလိုက် ရပြီဖြစ်သည်။
          ယင်းအရွယ်တွင် မိန်းကလေးများသည် ယောက်ျားလေးများနှင့် နှိုင်းယှဉ်လျှင် အခြားလူများ အကူအညီ မပါဘဲ အစားစားတတ်၊ အ၀တ်အစား ၀တ်တတ်၊ ချွတ်တတ်ကာ မူကြိုတွင်လည်း လူမှုဆက်ဆံရေး ပိုမိုပြေပြစ်ကြောင်း သိပ္ပံပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။ နော်ဝေနိုင်ငံရှိ အသက် (၂) နှစ်ခွဲ အရွယ်ရှိ ကလေးငယ် (၁၀၀၀) ကျော်ကို လေ့လာမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပူရင်းပင်ရင်းနဲ့ တစ်သက်တာမှာ ငါးနှစ်လောက် အချိန်ကုန်


ဗြိတိန် နိုင်ငံသားများ ဘ၀သက်တမ်း အတွင်း ပူပင်ကြောင့်ကြရင်း ကုန်သွားသည့် အချိန်တွေကို ပေါင်းလိုက်လျှင် ငါးနှစ်စာလောက် ရှိကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဖော်ပြသည်။ ယခုစစ်တမ်းသည် ဗြိတိန်သားများကို သာမက လူသားတိုင်းကိုပါ ထင်ဟပ်မှု ရှိသည်ဟုလည်း စစ်တမ်းက ဆိုသည်။
          စစ်တမ်း ဖြေဆိုသူ (၈၆) ရာခိုင်နှုန်းထိက သူတို့သည် အပူသမားများပါဟု ၀န်ခံထားကြသည်။ ဗြိတိန်သား တစ်ယောက်  တစ်ရက်အတွင်း ပူပင်ကြောင့်ကြစိတ် ဖြစ်မိသည့် အချိန်များကို ပေါင်းလိုက်လျှင် (၁) နာရီ မိနစ် (၅၀) စာ ရှိကြောင်း စစ်တမ်းက ဖော်ပြသည်။ တစ်ပတ်ဆိုလျှင် ၁၂ နာရီ (၅၃) မိနစ်စာ ရှိသည်။ ပျမ်းမျှ သက်တမ်း (၆၄) နှစ်ထားပြီး တွက်လိုက်လျှင် ပူပင်ကြောင့်ကြရင်း ကုန်သွားသည့် အချိန်က လေးနှစ် (၁၁) လစာရှိသည်။

ပြောစကားကိုချင့်ပြီး သစ္စာဖောက်မည့်သူကို ခန့်မှန်းနိုင်ဟုဆို


သစ္စာဖောက်မှုကို ခန့်မှန်းလို့ မလွယ်ဟု ပြောဆိုမှုများ ရှိခဲ့သည်။ သို့သော် ပညာရှင် တစ်စုကတော့ ပြောဆိုသည့် စကားကို ထောက်ချင့် ကြည့်ရုံနှင့် သိနိုင်သည်ဟု သက်သေ ပြလိုက်ကြသည်။
          သစ္စာဖောက်တော့မည့် သူသည် စကား ပြောဆိုရာတွင် အပြုသဘော ပိုဆောင်တတ်သော်လည်း ယဉ်ကျေးစွာ ပြောဆိုမှုမှာမူ နည်းသွားတတ်ကြောင်း ပညာရှင်များက ပြောသည်။  စကားလုံး သဲလွန်စများကို လေ့လာခြင်းဖြင့် သစ္စာဖောက်မည် မဖောက်မည်ကို သိနိုင်ကြောင်း ကော်နဲလ်၊ မေရီလင်းနှင့် ကော်လိုရာဒို တက္ကသိုလ်များမှ ပညာရှင်များက ပြောဆိုခဲ့သည်။
          ''ဘာသာစကားက လူသား အချင်းချင်းကြား ဆက်ဆံရေးကို အများကြီး ဖော်ပြတတ်တယ်'' ဟု ကော်နဲလ် တက္ကသိုလ်မှ သတင်းသိပ္ပံ ပါမောက္ခ ခရစ်ယာန် ဒာနဲစကူ နီကူလဲစကူ-မီဇီလ်က ပြောဆိုခဲ့သည်။
          ပညာရှင်များသည် အွန်လိုင်း ဂိမ်းတစ်ခု ဖြစ်သည့် Diplomacy ကို ကစားသူများကြား အပြန်အလှန် ပေးပို့သည့် မက်ဆေ့ဂ်ျများကို လေ့လာခဲ့သည်။ ဂိမ်းထဲတွင် ကစားသမားများသည် ပထမ ကမ္ဘာစစ် မဖြစ်မီက ဥရောပနိုင်ငံများ၏ နေရာကို အစားဝင်ပြီးက စားကြရသည်။ ကစားရာတွင် တစ်ကမ္ဘာလုံးကို တစ်နိုင်ငံတည်းက စိုးမိုးနိုင်သည် အထိ ကစားကြရသည်။
          နှစ်နိုင်ငံနှင့် နှစ်နိုင်ငံထက် ပိုသော နိုင်ငံများသည် ရန်သူ တစ်နိုင်ငံတည်းကို အနိုင်ယူရမည် ဖြစ်သောကြောင့် ကစားသမားများသည် အနိုင်ရရှိရန် မဟာမိတ်ဖွဲ့ရမည် ဖြစ်သည်။ ကစားပွဲ မစတင်မီတွင် ကစားသမားများသည် သံတမန်ရေးအရ ဆွေးနွေးမှုများကို ပြုလုပ်ကြရသည်။ အဆုံးစွန်သော ရည်မှန်းချက်မှာ တစ်နိုင်ငံတည်းက စိုးမိုးအုပ်ချုပ်ရန် ဖြစ်သောကြောင့် ကစားသမားများသည် မဟာမိတ်များ အပေါ် သစ္စာဖောက်ရမည် ဖြစ်သည်။
          သုတေသန ပညာရှင်များသည် ကစားသမား တစ်စုံစီတို့ကြား အပြန်အလှန် ပေးပို့သည် မက်ဆေ့ဂ်ျ (၁၄၅၀၀၀) ကို လေ့လာခဲ့သည်။ သစ္စာဖောက်မှုဖြင့် အဆုံးသတ်သည့် မဟာမိတ်နှစ်ဦးတို့၏ မက်ဆေ့ဂ်ျများနှင့် သစ္စာမဖောက်ခဲ့သည့် မဟာမိတ်နှစ်ဦးတို့၏ မက်ဆေ့ဂ်ျများကြား နှိုင်းယှဉ် လေ့လာခဲ့ရမှ အထက်ပါ စစ်တမ်း ကောက်ချက်ကို ချနိုင်ခဲ့ခြင်း ဖြစ်သည်။
          တွေ့ရှိမှုကို ကွန်ပျူတာ ဘာသာ ဗေဒအသင်း၏ (၅၃) ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြမည် ဖြစ်သည်။
Source:DM
Credit: messengernewsjournal.com 

ကင်းမြီးကောက်ဘုရင်မ


ထိုင်းနိုင်ငံမှာရှိတဲ့ အမျိုးသမီးတစ်ဦးဟာ အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်တွေကို ကိုင်တွယ်ပြခဲ့ တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့လှည့် ခရီးသွားတွေ  လာရောက် လည်ပတ်တဲ့ ပတ္တရားမြို့ရှိ Tiger Zoo မှာ ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးဟာ လာရောက်တဲ့ ဧည့်သည်တွေကို ကင်းမြီးကောက်တွေကို သေချာရှင်းပြမှု ပြုလုပ်ခဲ့သလို ရင်းနှီးစွာ ကိုင်တွယ် ပြခဲ့တာကြောင့် အံ့အားသင့် စရာဖြစ်ခဲ့ရတာပါ။ သူ့ကိုကင်းမြီးကောက် ဘုရင်မအဖြစ် လူသိများ ကြပါတယ်။ သူဟာ နာမည်နဲ့ လိုက်အောင် ကင်မြီးကောက်တွေကို ပုံစံ အမျိုးမျိုးနဲ့ ကိုင်တွယ်ပြခဲ့ပါတယ်။ ကင်းမြီးကောက် အကောင်ကြီးတွေကို အ၀တ်အစားမှာ ချိတ်တွယ်ပြခဲ့ပါတယ်။ ကမ္ဘာလှည့် ခရီးသွား တွေဟာ ကင်းမြီးကောက် ဘုရင်မနဲ့ တွဲဖက်ပြီး အမှတ်တရ ဓာတ်ပုံ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကို ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်မှာ တင်ရှိထားတာ ဖြစ်ပါတယ်။
          ကင်းမြီးကောက် ဘုရင်မလို့ခေါ်ဆိုကြတဲ့ အမျိုးသမီးရဲ့အမည်ကိုတော့ သိရှိခြင်း မရှိပါဘူး။ ဒါပေမဲ့ အမျိုးသမီးဟာ ကင်းမြီးကောက်တွေကို ကိုင်တွယ်ပြီး ကမ္ဘာလှည့် ခရီးသွားတွေရဲ့ အ၀တ်အစားတွေမှာ ချိတ်ဆွဲခဲ့ပါတယ်။ ဒီနေရာကို သွားရောက်ခဲ့တဲ့  အီယန်မက်ကလင်း ကင်းမြီးကောက် ဘုရင်မပာာ ကြောက်ရွံ့ခြင်းမရှိပေမယ့် ကမ္ဘာလှည့်တွေကတော့ စိုးရိမ်နေကြကြောင်း၊ မိမိအနေဖြင့်  ထိတ်လန့်စရာ ကောင်းခြင်းကို ပြန်ပြောလိုခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၀၈ မှာ ထိုင်းအမျိုးသမီးတစ်ဦးဟာ ကင်းမြီးကောက်တွေ အများအပြားနဲ့ နေထိုင်ပြီး စံချိန်သစ် တင်ရှိခဲ့ပြီး သေနေတဲ့ ကင်းမြီးကောက်ကို ပါးစပ်ထဲ (၂) မိနစ်ခန့် ထည့်သွင်း ဖူးကြောင်း သိရပါတယ်။
          ကမ္ဘာမှာ ကင်းမြီးကောက် အမျိုးအစား ( ၂၀၀၀ ) ကျော်ရှိပေမယ့် အဆိပ်ရှိတဲ့ အမျိုးအစားက ( ၄၀) ကျော်သာ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဆိပ်ရှိတဲ့ ကင်းမြီးကောက် တွေဟာ လူကိုသေအောင် ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ ကင်းမြီးကောက် တွေဟာ ကြွက်နဲ့ အင်းဆက် ပိုးမွှားတွေကို စားလေ့ရှိပေမယ့် တစ်နှစ်အထိ အစာမစားဘဲ နေထိုင်နိုင်ကြောင်း သိရပါတယ်။ ကင်းမြီးကောက်တွေပာာ မျက်လုံး ( ၁၂) လုံး အထိရှိပေမယ့် အမြင်အာရုံ ကောင်းမွန်ခြင်းမရှိဘဲ အနံ့ခံပြီး သွားလာ နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။
Credit: messengernewsjournal.com

သက်ကြီး ရာဇ၀တ်ဂိုဏ်း


၂၀၀၉ တုန်းက ဖမ်းဆီးမိခဲ့တဲ့ ရာဇ၀တ်ဂိုဏ်း တစ်ဂိုဏ်းဟာ အသက်ကြီးသူတွေနဲ့သာ စုဖွဲ့ထားတာကြောင့် စိတ်ဝင် စားစရာ ဖြစ်ခဲ့ပါတယ်။ စုစုပေါင်းရှစ်ဦး ပါဝင်ရာမှာ အသက်အငယ်ဆုံးက ( ၅၇) နှစ်ဖြစ်ပြီး အသက်အကြီးဆုံးက  (၈၃) နှစ် ဖြစ်ပါတယ်။ ဒီဂိုဏ်းဟာ ဗြိတိန်ရဲ့ အသက်ကြီးဆုံး ရာဇ၀တ်ဂိုဏ်းအဖြစ် သတ်မှတ် ခံလိုက်ရပါတယ်။ သူတို့အဖွဲ့ဟာ အသက် အရွယ်ကြီးသူတွေ ဖြစ်ကြပေမယ့် ပြုလုပ်ခဲ့တဲ့ ရာဇ၀တ်ပြစ်မှုက အလွန်အန္တရာယ်များတဲ့ ငွေကြေးအတု ပြုလုပ်ခြင်း ဖြစ်ပါတယ်။ လန်ဒန်နဲ့ ဂလက်စကို တို့မှာ အခြေစိုက်ပြီး ငွေကြေး အတုတွေ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ အလွန်လက်ရာ ကောင်းမွန်ပြီး ခွဲမရအောင်တူတဲ့ ငွေကြေးအတုတွေကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပေါင် ( ၂၀) တန် ငွေအတုတွေ အများအပြား ဖမ်းဆီးနိုင်ခဲ့သလို ယူရိုငွေကြေး အတုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ငွေစက္ကူအတုကို ကျွမ်းကျင်စွာ ထုတ်လုပ်ခဲ့တာကြောင့် တာဝန်ရှိသူတွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ပြီး ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖြိုခွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရာဇ၀တ်မှု အများစုဟာ လူငယ်လူရွယ်တွေနဲ့ သက်လတ်ပိုင်း အများစုသာ ကျူးလွန်နေပေမယ့် ငွေအတုပြုလုပ်တဲ့ ဂိုဏ်းမှာ အသက်အငယ်ဆုံးက (၅၇)နှစ် ဖြစ်နေခြင်းက ရဲတပ်ဖွဲ့ဝင်တွေကို အကောင်းဆုံး လှည့်ဖြားမှုတစ်ခု ပြုလုပ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။
Credit :  messengernewsjournal.com

သားသမီးတွေထက် ပိုမိုနုပျိုနေတဲ့ မိခင်များ


ပြီးခဲ့တဲ့ရက်ပိုင်းက ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာ တစ်ခုဟာ အတော်လေး ရေပန်းစား သွားခဲ့ပါတယ်။ အဲဒါကတော့ အသက် (၄၂) နှစ်အရွယ် မိခင်တစ်ဦးဟာ အသက် (၁၉)နှစ်အရွယ် သမီးဖြစ်သူထက် ပိုမို နုပျိုနေခြင်း ဖြစ်ပါတယ်။
      ကမ္ဘာတစ်ဝန်းမှာ ဒီလိုဖြစ်စဉ်တွေ အများကြီးရှိကြောင်း ဒေးလီးမေးလ် သတင်းစာကို ဓာတ်ပုံတွေ ပေးပို့ခဲ့ပါတယ်။ အံ့အားသင့်စရာ ကောင်းတာက သားသမီးတွေဟာ သူတို့ထက် မိခင်ဖြစ်သူက ပိုမိုချောမော နုပျိုနေတာကို ဂုဏ်ယူနေကြခြင်း ဖြစ်ပါတယ်။ ဒေးလီးမေးလ်ကို ပေးပို့တဲ့ ဓာတ်ပုံတွေမှာ မိခင်ဖြစ်သူနဲ့ သမီး၊ မိခင်ဖြစ်သူနဲ့ သားတို့ အတူ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ အသက် (၆၀) နှစ်အရွယ် မိခင်နဲ့ အသက် ( ၃၀)နှစ်အရွယ် သမီးတို့ ဘီကီနီဝတ်စုံ ၀တ်ဆင်ပြီး ရိုက်ကူးထားရာမှာ မိခင်ဖြစ်သူ ဘယ်ဆိုတာကို မခွဲခြားနိုင်အောင် ဖြစ်သွားခဲ့ရပါတယ်။ အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း အသက် (၄၀) နှစ်အရွယ် မိခင်ဖြစ်သူနဲ့ တွဲရိုက်ခဲ့ရာမှာ မိခင်ဖြစ်သူရဲ့ ချောမောမှုက ပိုနေတာ တွေ့ခဲ့ရပါတယ်။ အသက် (၁၉) နှစ်သား ကလည်း  အသက် (၄၀) နှစ်အရွယ် မိခင်ဖြစ်သူနဲ့ တွဲရိုက်ရာမှာ သားဖြစ်သူဟာ ရုပ်ရင့်နေတာကြောင့် ချစ်သူရည်းစား အဖြစ်တောင် အထင်ခံကိန်း ဆိုက်နေကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။ သားသမီးတွေဟာ သူတို့ရဲ့မိခင်တွေ ချောမောလှပနေတာကို နှစ်သက် ကျေနပ်နေကြောင်း ဒေးလီးမေးလ်ကို ပေးပို့တဲ့ ဓာတ်ပုံတွေမှာ အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။
Credit: messengernewsjournal.com

Saturday, June 24, 2017

ဂင်းနစ်ထဲမှ ထူးခြားဆန်းတဲ့ အကြောင်းများ

ဒီနေ့ တော့သူငယ်ချင်းများကိုလက်ဆောင်ပေးဖို့ ကြိုးစားရင်းတော်တော်
အချိန်ကုန်သွားပါပြီ။အခုတင်ပြထားတာတွေကို စိတ်ကြည်နူးမှုရပါစေဟု
ဆုတောင်းပေးရင်း..... 
 လက်သည်းအရှည်ဆုံးပါ။ထမင်းဘယ်လိုစားပါလိမ့်နော်...


ဒီလူလေးကတော့အသေးဆုံးလူသားလေးပါ...
 သူနဲ့ တွဲရပ်နေတာက ခြေတံအရှည်ဆုံးအမျိုးသမီးပါ...

စုံတွဲပုံများ ရိုက်လျှင် နေသင့်သော ပုံစံများ (၂)

စုံတွဲ(couple) ပုံလေးများရိုက်လျှင် သတိပြုသင့်သည့် ကိုယ်နေဟန်ထား
လေးများပါ။

အိမ်အတွင်းမှ လှပသော ဥယျာဉ်ငယ်လေးများ

အိမ်အတွင်း၌ လှလှပပနှင့် ခေတ်မှီဆန်းသစ်စေသည့် ဥယျာဉ်ငယ်လေးများ တည်ဆောက်ထားပုံများပါ။ နေရာများစွာ မပေးရဘဲ လှပဆန်းသစ်သည့် ဒီဇိုင်းအလန်းလေးများပါ။

ထူးခြားဆန်းသစ်သော ကြော်ငြာပုံစံဆန်းများ

အမြင်တစ်မျိုးဆန်းသစ်ပြီး ၊ ထိရောက်ကောင်းမွန်တဲ့ ကြော်ငြာပုံစံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ကြည့်လိုက်ကြပါအုံးဗျာ…

Wednesday, June 14, 2017

ထူးခြားလှပ Body Art ပန်းချီများ (၅)

အမေရိကန် Body Art အနုပညာရှင် Craig Tracy ၏ လှပသေသပ်သည့် အနုပညာပြကွက်များ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ၊ နယူးအော်လန်တွင် မွေးဖွားခဲ့သော Tracy သည် ငယ်စဉ်ကပင် ပန်းချီရေးဆွဲခြင်းကို ၀ါသနာပါခဲ့ပြီး သူ၏ ဆန်းသစ်သော စိတ်ကူးများဖြင့် တီထွင် ဖန်တီးယူထားသည့် ပန်ချီပုံများကြောင့် နာမည်ကျော် လာခဲ့ခြင်း ဖြစ်ပါတယ်။ သူ၏ Body Art ပုံများတွင် လူတစ်ဦးခြင်းစီကို ရေးဆွဲယုံသာမက ၊ လူများစွာကို ပေါင်းစုကာ စုပေါင်းရေးဆွဲခြင်းဖြင့်လည်း ဖန်တီးပြခဲ့ ပါတယ်။ သူရဲ့ ဖန်တီးမှု များစွာထဲမှ အချို့ကို ရွေးချယ်တင်ပြပေးလိုက်ပါတယ်။

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၁၈ )

တွေ့မိသမျှ စုဆောင်းထားတာလေးတွေ စုစည်းတင်ပေးလိုက်ပါတယ်။

အမြန်စုံစမ်းအုံးမှဟ...

ငြင်ငြင်သာသာလေးပေါ့။ အသန့်သိပ်ကြိုက်တာ...

နေအဖွဲ့အစည်းအတွင်းမှ အရှည်ဆုံးတောင်ကြားကြီး

ယခုတင်ပြမှာကတော့ ကမ္ဘာ့အရှည်ဆုံးတောင်ကြားမဟုတ်ဘဲ ကျွန်ုပ်တို့ နေထိုင်သည့် နေအဖွဲ့အစည်းတစ်ခုလုံးရှိ ဂြိုလ်အသီးသီးရှိ တောင်ကြားများတွင် အရှည်ဆုံး အဖြစ်သတ်မှတ်ထားကြသည့် မားစ် (အင်္ဂါဂြိုဟ်) ပေါ်မှ အလွန်ကြီးမားရှည်လျားသည့် တောင်ကြားကြီး အကြောင်း ဖြစ်ပါသည်။

မားစ် (အင်္ဂါဂြိုဟ်) ပေါ်တွင် အလွန်နက်ရှိုင်း၍ ရှည်လျားလှသော တောင်ကြားကြီးကို ၁၉၇၁ - ၇၂ ခုနှစ်များလောက်ကပင် သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြပါသည်။ ထိုတောင်ကြားကြီးကို Valles Marineris ဟု အမည်ပေးထားကြပါသည်။သူ့ရဲ့ မြေပုံအတိအကျကိုတော့ မာရီနာ ၉ အာကာသယာဉ်မှ တိုင်းတာတွက်ချက်ခဲ့ပါသည်။

ထို Valles Marineris တောင်ကြားကြီးသည် အရှည်အားဖြင့် အလျား ၂၅၀၀ မိုင် (ကီလိုမီတာ ၄၀၀၀) အထိရှိပြီး ၊ အကျယ်အားဖြင့် ၁၂၀ မိုင် (၂၀၀ ကီလိုမီတာ) အထိရှိပါသည်။ ထိုတောင်ကြားကြီးသည် အထက်မှ အောက်သို့ အနက် ၃၂၈၀၈ ပေ (၁၀ ကီလိုမီတာ) အထိရှိပါသည်။ ထိုတောင်ကြားကြီး၏ အရှည်အတိုင်းအတာမှာ ကမ္ဘာပေါ်တွင် အရှည်ဆုံးတောင်ကြား အဖြစ် သတ်မှတ်ထားသော အမေရိကန်နိုင်ငံမှ ဂရင်းကန်ညွန် ချောက်ကမ်းပါးကြီးထက် ၁၀ ဆခန့် ပိုမို ရှည်လျား ကြီးမားနေခြင်း ဖြစ်ပါသည်။

ရိုက်ကွင်းပေါ်မှ ဖန်တီးမှုပုံရိပ်များ (၂)

ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများရဲ့နောက်ကွယ် ရိုက်ကွင်းပေါ်မှ ပုံများနှင့် နောက်ဆုံး နည်းပညာအသုံးပြပြီးချိန်၌ ဖြစ်ပေါ်လာသောပုံများကို နှိုင်းယှဉ်ပြထားခြင်းပါ။ သူတို့ဆီမှာက တကယ်လဲ စွန့်စားအနာခံ ရိုက်ကူးကြသလို အဆင့်မြင့်နည်းပညာများပါ ထည့်သွင်းလိုက်တဲ့အခါ အလွန်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပေါ်လာကြပါတယ်။ သူတို့ဖန်တီးပုံလေးတွေကို ကြည့်လိုက်ရအောင်ဗျာ…


Related Posts Plugin for WordPress, Blogger...