Sunday, June 25, 2017

ပြောစကားကိုချင့်ပြီး သစ္စာဖောက်မည့်သူကို ခန့်မှန်းနိုင်ဟုဆို


သစ္စာဖောက်မှုကို ခန့်မှန်းလို့ မလွယ်ဟု ပြောဆိုမှုများ ရှိခဲ့သည်။ သို့သော် ပညာရှင် တစ်စုကတော့ ပြောဆိုသည့် စကားကို ထောက်ချင့် ကြည့်ရုံနှင့် သိနိုင်သည်ဟု သက်သေ ပြလိုက်ကြသည်။
          သစ္စာဖောက်တော့မည့် သူသည် စကား ပြောဆိုရာတွင် အပြုသဘော ပိုဆောင်တတ်သော်လည်း ယဉ်ကျေးစွာ ပြောဆိုမှုမှာမူ နည်းသွားတတ်ကြောင်း ပညာရှင်များက ပြောသည်။  စကားလုံး သဲလွန်စများကို လေ့လာခြင်းဖြင့် သစ္စာဖောက်မည် မဖောက်မည်ကို သိနိုင်ကြောင်း ကော်နဲလ်၊ မေရီလင်းနှင့် ကော်လိုရာဒို တက္ကသိုလ်များမှ ပညာရှင်များက ပြောဆိုခဲ့သည်။
          ''ဘာသာစကားက လူသား အချင်းချင်းကြား ဆက်ဆံရေးကို အများကြီး ဖော်ပြတတ်တယ်'' ဟု ကော်နဲလ် တက္ကသိုလ်မှ သတင်းသိပ္ပံ ပါမောက္ခ ခရစ်ယာန် ဒာနဲစကူ နီကူလဲစကူ-မီဇီလ်က ပြောဆိုခဲ့သည်။
          ပညာရှင်များသည် အွန်လိုင်း ဂိမ်းတစ်ခု ဖြစ်သည့် Diplomacy ကို ကစားသူများကြား အပြန်အလှန် ပေးပို့သည့် မက်ဆေ့ဂ်ျများကို လေ့လာခဲ့သည်။ ဂိမ်းထဲတွင် ကစားသမားများသည် ပထမ ကမ္ဘာစစ် မဖြစ်မီက ဥရောပနိုင်ငံများ၏ နေရာကို အစားဝင်ပြီးက စားကြရသည်။ ကစားရာတွင် တစ်ကမ္ဘာလုံးကို တစ်နိုင်ငံတည်းက စိုးမိုးနိုင်သည် အထိ ကစားကြရသည်။
          နှစ်နိုင်ငံနှင့် နှစ်နိုင်ငံထက် ပိုသော နိုင်ငံများသည် ရန်သူ တစ်နိုင်ငံတည်းကို အနိုင်ယူရမည် ဖြစ်သောကြောင့် ကစားသမားများသည် အနိုင်ရရှိရန် မဟာမိတ်ဖွဲ့ရမည် ဖြစ်သည်။ ကစားပွဲ မစတင်မီတွင် ကစားသမားများသည် သံတမန်ရေးအရ ဆွေးနွေးမှုများကို ပြုလုပ်ကြရသည်။ အဆုံးစွန်သော ရည်မှန်းချက်မှာ တစ်နိုင်ငံတည်းက စိုးမိုးအုပ်ချုပ်ရန် ဖြစ်သောကြောင့် ကစားသမားများသည် မဟာမိတ်များ အပေါ် သစ္စာဖောက်ရမည် ဖြစ်သည်။
          သုတေသန ပညာရှင်များသည် ကစားသမား တစ်စုံစီတို့ကြား အပြန်အလှန် ပေးပို့သည် မက်ဆေ့ဂ်ျ (၁၄၅၀၀၀) ကို လေ့လာခဲ့သည်။ သစ္စာဖောက်မှုဖြင့် အဆုံးသတ်သည့် မဟာမိတ်နှစ်ဦးတို့၏ မက်ဆေ့ဂ်ျများနှင့် သစ္စာမဖောက်ခဲ့သည့် မဟာမိတ်နှစ်ဦးတို့၏ မက်ဆေ့ဂ်ျများကြား နှိုင်းယှဉ် လေ့လာခဲ့ရမှ အထက်ပါ စစ်တမ်း ကောက်ချက်ကို ချနိုင်ခဲ့ခြင်း ဖြစ်သည်။
          တွေ့ရှိမှုကို ကွန်ပျူတာ ဘာသာ ဗေဒအသင်း၏ (၅၃) ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြမည် ဖြစ်သည်။
Source:DM
Credit: messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...