Sunday, June 25, 2017

ကင်းမြီးကောက်ဘုရင်မ


ထိုင်းနိုင်ငံမှာရှိတဲ့ အမျိုးသမီးတစ်ဦးဟာ အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်တွေကို ကိုင်တွယ်ပြခဲ့ တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့လှည့် ခရီးသွားတွေ  လာရောက် လည်ပတ်တဲ့ ပတ္တရားမြို့ရှိ Tiger Zoo မှာ ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးဟာ လာရောက်တဲ့ ဧည့်သည်တွေကို ကင်းမြီးကောက်တွေကို သေချာရှင်းပြမှု ပြုလုပ်ခဲ့သလို ရင်းနှီးစွာ ကိုင်တွယ် ပြခဲ့တာကြောင့် အံ့အားသင့် စရာဖြစ်ခဲ့ရတာပါ။ သူ့ကိုကင်းမြီးကောက် ဘုရင်မအဖြစ် လူသိများ ကြပါတယ်။ သူဟာ နာမည်နဲ့ လိုက်အောင် ကင်မြီးကောက်တွေကို ပုံစံ အမျိုးမျိုးနဲ့ ကိုင်တွယ်ပြခဲ့ပါတယ်။ ကင်းမြီးကောက် အကောင်ကြီးတွေကို အ၀တ်အစားမှာ ချိတ်တွယ်ပြခဲ့ပါတယ်။ ကမ္ဘာလှည့် ခရီးသွား တွေဟာ ကင်းမြီးကောက် ဘုရင်မနဲ့ တွဲဖက်ပြီး အမှတ်တရ ဓာတ်ပုံ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကို ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်မှာ တင်ရှိထားတာ ဖြစ်ပါတယ်။
          ကင်းမြီးကောက် ဘုရင်မလို့ခေါ်ဆိုကြတဲ့ အမျိုးသမီးရဲ့အမည်ကိုတော့ သိရှိခြင်း မရှိပါဘူး။ ဒါပေမဲ့ အမျိုးသမီးဟာ ကင်းမြီးကောက်တွေကို ကိုင်တွယ်ပြီး ကမ္ဘာလှည့် ခရီးသွားတွေရဲ့ အ၀တ်အစားတွေမှာ ချိတ်ဆွဲခဲ့ပါတယ်။ ဒီနေရာကို သွားရောက်ခဲ့တဲ့  အီယန်မက်ကလင်း ကင်းမြီးကောက် ဘုရင်မပာာ ကြောက်ရွံ့ခြင်းမရှိပေမယ့် ကမ္ဘာလှည့်တွေကတော့ စိုးရိမ်နေကြကြောင်း၊ မိမိအနေဖြင့်  ထိတ်လန့်စရာ ကောင်းခြင်းကို ပြန်ပြောလိုခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၀၈ မှာ ထိုင်းအမျိုးသမီးတစ်ဦးဟာ ကင်းမြီးကောက်တွေ အများအပြားနဲ့ နေထိုင်ပြီး စံချိန်သစ် တင်ရှိခဲ့ပြီး သေနေတဲ့ ကင်းမြီးကောက်ကို ပါးစပ်ထဲ (၂) မိနစ်ခန့် ထည့်သွင်း ဖူးကြောင်း သိရပါတယ်။
          ကမ္ဘာမှာ ကင်းမြီးကောက် အမျိုးအစား ( ၂၀၀၀ ) ကျော်ရှိပေမယ့် အဆိပ်ရှိတဲ့ အမျိုးအစားက ( ၄၀) ကျော်သာ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဆိပ်ရှိတဲ့ ကင်းမြီးကောက် တွေဟာ လူကိုသေအောင် ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ ကင်းမြီးကောက် တွေဟာ ကြွက်နဲ့ အင်းဆက် ပိုးမွှားတွေကို စားလေ့ရှိပေမယ့် တစ်နှစ်အထိ အစာမစားဘဲ နေထိုင်နိုင်ကြောင်း သိရပါတယ်။ ကင်းမြီးကောက်တွေပာာ မျက်လုံး ( ၁၂) လုံး အထိရှိပေမယ့် အမြင်အာရုံ ကောင်းမွန်ခြင်းမရှိဘဲ အနံ့ခံပြီး သွားလာ နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...