Thursday, June 28, 2012

တရုတ်၌ စုံတွဲ ၇၅ တွဲ တစ်ပြိုင်နက် မင်္ဂလာဆောင်



ဇွန်လ ၁၅ ရက်နေ့က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင် ပြည်နယ်

ရှန်ယန်းမြို့တွင် စုပေါင်းမင်္ဂလာပွဲအခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ လက်ထပ်မင်္ဂလာပွဲ အခမ်းအနား၌ စုံတွဲပေါင်း ၇၅ တွဲ ပါဝင်သည်။ မင်္ဂလာပွဲသို့ ၄င်းတို့၏ မိသားစု၊ ဆွေမျိုးများနှင့် မိတ်ဆွေသင်္ဂဟပေါင်းများစွာ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
@ Pyi Myanmar

ကမ္ဘာ့အထူးချွန်ဆုံး မျက်နှာလိမ်တွန့်ကာ ရုပ်ဖျက်ပညာရှင်



 

တရုတ်နိုင်ငံမှ မျက်နှာလိမ်တွန့်ကာ ရုပ်ဖျက်သည့်ပညာရှင် တန်ရှုကွမ်(၄၃နှစ်)သည် မျက်နှာကို အလိမ်တွန့်နိုင်ဆုံးလူအဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်း၌ ဖော်ပြခံရသူဖြစ်သည်။ သူက သူ့ထက်ပို၍ မျက်နှာလိမ်တွန့်နိုင်သူရှိပါက မည်သူ့ကိုမဆို ယွမ်ငွေ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၅,၀၀၀)ချီးမြှင့်မည်ဖြစ်ကြောင်းဇွန်လ ၆ ရက်နေ့ တွင် ကြေညာခဲ့သည်။ သူသည် တရုတ်နိုင်ငံစီချွမ်ပြည်နယ် ချန်ဒူးမြို့၌ နေထိုင်သူဖြစ်ပြီး ကမ္ဘာ့မျက်နှာအလိမ် တွန့်နိုင်ဆုံး ပုဂိုလ်ဖြစ်ပြီး ပြိုင်ဘက်မရှိပေ။ သူသည် ၁ဝနှစ်နီးပါးကြာအောင် ကမ္ဘာလှည့်ကာ သူ၏ပညာကို ပြသခဲ့သူဖြစ်ပြီး ဇွန်လ၆ရက်နေ့က ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ဝဝဝဝနှင့် ဂင်းနက်စ်ဆုတံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
@Pyimyanmar


ဆေးရုံတက်သည့်အခါကျမှ မိမိကိုယ်မိမိ အမျိုးသမီးဖြစ်နေမှန်းသိရသူ




အမျိုးသားတစ်ဦးသည် ကျောက်ကပ်၌ ကျောက်တည်သောကြောင့် ဆေးရုံတက်ကာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သည့်အခါကျမှ မိမိကိုယ်မိမိ အမျိုးသမီးဖြစ်နေမှန်း သိရသည် ဟုဆိုသည်။ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒင်ဗာမြို့မှ ဓာတ်ပုံဆရာတစ်ဦးဖြစ်သော စတိဗ်ခရီဆဲလ်လီး ယပ်စ်သည် မွေးလာစဉ်ကတည်းက အမျိုးသားနှင့် အမျိုးသမီး ဗီဇနှင့် အင်္ဂါနှစ်ရပ်စလုံး ပါဝင်ခဲ့ပြီး ကာလကြာရှည်စွာ သူ၏အမျိုးသမီးဖြစ်မှုက ပုန်းကွယ်နေခဲ့သည်ဟုဆိုသည်။ အာထရာ ဆောင်းစစ်ဆေးမှု၌ အမျိုးသမီးအင်္ဂါများကို တွေ့ရှိခဲ့ရပြီးနောက် အမျိုးသားတစ်ဦးအဖြစ် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သော စတိဗ်သည် စတီဗီဟု အမည်ပြောင်းလဲကာ နေထိုင်ခဲ့ရသည်။ သူသည် အမျိုးသားတစ်ယောက်အဖြစ် အိမ် ထောင်ပြုခဲ့သူဖြစ်ပြီး ဇနီးနှင့်ကလေး ခြောက်ယောက်ရှိသည်။ သူသည် ငယ်စဉ်က အမျိုးသမီးဖြစ်ချင်ကာ မိခင်၏ အ၀တ်အစားများနှင့် မိတ်ကပ်တို့ကို လှိျု့ဝှက်စွာ အသုံးပြုဖူးသော်လည်း မည်သူ့ကိုမှ ဖွင့်ပြောခဲ့ခြင်း မရှိဟုဆိုသည်။ အသက် ၄၀အရွယ်၌ ဆေးရုံတက်ရောက်သည့် အခါကျမှ သူ့ထံတွင် အမျိုးသမီးအင်္ဂါများ ပါဝင်နေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။

ပြည်မြန်မာ

Related Posts Plugin for WordPress, Blogger...