Monday, September 10, 2012

လျှပ်တစ်ပျက် ရိုက်ချက်များ...

လျှပ်တစ်ပျက်ရိုက်ချက်မှ အသက်ဝင်လှပနေသောပုံလေးများကို
တင်ပြချင်ပါသည်။
မီးခိုးထွက်အောင်မှုတ်နိုင်တာကို ချီးကျူးပါတယ်ဗျာ...

ကမ္ဘာ့အကြီးဆုံးမြ


ကမ္ဘာပေါ်မှာ အကြီးဆုံးအဖြစ် သတ်မှတ်ထားတဲ့ မြ ဟာ သွေးပြီးတဲ့ အနေအထားမှာ ၅၇၅ဝဝ ကာရက် ရှိပြီး “နတ်ဘုရားရဲ့ လှပတဲ့ လက်ဆောင်” လို့ အမည်ရတဲ့ "သီအိုဒိုရာ" လို့ အမည်ပေးထားပါတယ်။ ဇန်နဝါရီ ၂၈ရက်နေ့က ကနေဒါနိုင်ငံ ဘရစ်တစ် ကိုလံဘီယာမှာ ကျင်းပတဲ့ Western Star လေလံပွဲမှာ ကြမ်းခမ်းဈေး ဒေါ်လာတစ်သန်းဖြင့် ခင်းကျင်းထားသော်လည်း လေလံပွဲ ကျင်းပသူများနဲ့ ဒီအိုဒိုကို မြင်ဖူးကြသူများက ကြမ်းခင်းဈေးထက် အဆပေါင်းများစွာ ဈေးရလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။

သေဆုံးသူများအား ပြန်လည်ဖော်ယူပြီး အဝတ်အစားသစ်များ လဲပေးသည့် ရွာကလေး


အကယ်၍သာဤအလောင်းကောင်များသာ အသက်ရှင်လျှက်ရှိနေပါလျှင် သူတို့ အားလုံးဝတ်
ဆင်ထားလိုက်သည်မှ အပျံစား၊ အကောင်းစားနှင့် အလှပဆုံးလို့ သာဆိုနိုင်ပါတယ်...
အဘယ်ကြောင့် ဆိုသော် အင်ဒိုနီးရှားနိုင်ငံမှ ရွာကလေးတစ်ခု၏ ဒေသဆိုင်ရာရိုးရာအစဉ်အလာ
အရ ထူးထူးဆန်းဆန်းပင် သေဆုံးသွားသူများ၏မြုပ်နှံထားခဲ့ သောအလောင်းများအားပြန်လည်
ဖော်ယူကာ အ၀တ်အစားသစ်များ လဲလှယ်ဝတ်ဆင်ပေးလေ့ ရှိကြသောကြာင့် ပင်ဖြစ်ပါတယ်...

အမွှာပူးမွေးခဲ့တဲ့ အသက်၇၀အရွယ်အဖွားအို


အသက် ၇၀ အရွယ်မှာ အမွှာပူးမွေးခဲ့တဲ့အဖွားအိုနာမည်ကတော့ Omkari Panwar ဖြစ်ပါတယ် ။ တကယ်တော့ သားတစ်ယောက်တည်းရဖို့သာ ရည်ရွယ်ခဲ့တာပါ ။ အသက် ၇၀ အရွယ်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထား တဲ့ သတ်မှတ်ထားတဲ့ ကိုယ်ဝန်ဟာ အဖွားအိုကို အမွှာပူးမွေးစေခဲ့ပါတယ် ။ သူမ ရဲ့ အမျိုးသားကတော့ အသက် ၇၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဘိုးဘိုး Charan Singh Panwar ဖြစ်ပါတယ် ။
Related Posts Plugin for WordPress, Blogger...