Monday, September 10, 2012
သေဆုံးသူများအား ပြန်လည်ဖော်ယူပြီး အဝတ်အစားသစ်များ လဲပေးသည့် ရွာကလေး
အကယ်၍သာဤအလောင်းကောင်များသာ အသက်ရှင်လျှက်ရှိနေပါလျှင် သူတို့ အားလုံးဝတ်
ဆင်ထားလိုက်သည်မှ အပျံစား၊ အကောင်းစားနှင့် အလှပဆုံးလို့ သာဆိုနိုင်ပါတယ်...
အဘယ်ကြောင့် ဆိုသော် အင်ဒိုနီးရှားနိုင်ငံမှ ရွာကလေးတစ်ခု၏ ဒေသဆိုင်ရာရိုးရာအစဉ်အလာ
အရ ထူးထူးဆန်းဆန်းပင် သေဆုံးသွားသူများ၏မြုပ်နှံထားခဲ့ သောအလောင်းများအားပြန်လည်
ဖော်ယူကာ အ၀တ်အစားသစ်များ လဲလှယ်ဝတ်ဆင်ပေးလေ့ ရှိကြသောကြာင့် ပင်ဖြစ်ပါတယ်...
ကွယ်လွန်သွားသူများရဲ့ မိသားစုဝင်များဟာ မြုပ်နှံထားသည့် မိဘ၊ဘိုးဘွားများ၏အလောင်းများ
အားပြန်လည်တူးဖေါ်ယူကာ ၎င်းတို့ အားသတိတရ၊ အမှတ်ရသောအားဖြင့် အ၀တ်အစားသစ်
များ လဲလှယ်ဝတ်ဆင်ပေးကြတာဖြစ်ပါတယ်...
ရွာသားတွေဟာ ပြန်လည်ဖေါ်ယူထားသည့် အလောင်းကောင်များအား အ၀တ်အစားသစ်များ
ဝတ်ဆင်ပေးရုံသာမက သွေးစုတ်ဖုတ်ကောင်များကဲ့ သို့ အလား ရွာအတွင်းတွင် တစ်ပါတ်လည်
အောင်လျှောက်ပြလေ့ ရှိကြပါသေးတယ်...
ကဲ ... အ၀တ်အစားလည်းလဲပေးပြီးသွားပြီ... ရွာထဲလည်းလျှောက်ကြည့် ပြီးသွားပြီ...
ပြန်ပြီးအနားယူလိုက်ပါလေဦး...
အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီကျွန်းမှ တာနာတိုရာဂျာ ရွာကလေးရဲ့ ရိုးရာဓလေ့ ပါတဲ့ ဗျာ...
A family member touches the preserved body of his relative during a traditional ritual called Ma'nene in Tana Toraja, Sulawesi island, Indonesia
မာနင်းလို့ ခေါ်သည့် အဆိုပါအစဉ်အလာလုပ်ရပ်ဟာ ရွာသားတွေရဲ့ ၎င်းတို့ ၏သေဆုံးကွယ်လွန်
သွားသော မိဘဆွေမျိုးများအား ချစ်ခင်ခြင်းကိုဂုဏ်ပြုပြသသည့် အနေဖြင့် သုံးနှစ်ပြည့် တိုင်း ပြု
လုပ်နေကြ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်...
အဆိုပါအခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်း ဆူလာဝေဆီကျွန်း တိုရာဂျာ ခရိုင်က ရွာက
လေးမှာပြုလုပ်လေ့ ရှိကြတာဖြစ်ပါတယ်..
သေဆုံးသွားသည့် မိသားစုဝင်တွေ ( ရဲ့ ဝိဥာဉ်တွေ ) ဟာ နှစ်ပေါင်းရာနှင့် ချီပြီးကွယ်လွန်ခဲ့ တာ
ကြာမြင့် သည့် တိုင်အောင် ၎င်းတို့ နှင့် အတူရှိနေကြတယ်လို့ ယုံကြည်ကြကြောင်း ဒေသခံတစ်
ဦးကဆိုပါတယ်...
နက်ကတိုင် ( လည်စည်း ) နဲ့ ကုတ်နဲ့ အကျအန ၀တ်ဆင်ပေးပါတယ်......
Dressing down: Family members carry a coffin containing the preserved body of their relative after putting a new set of clothing on it.
အရှိန်အဟုန်နဲ့ ဖြစ်ထွန်းနေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထ ကြည့် မိယင်
ချက်ချင်းပဲ ပြန်လဲကျသွားလေမလားပဲ...
သေသောသူကြာယင်မေ့ ဆိုသော်လည်း အမေအိုမှာတော့ ချစ်ခင်ပွန်းကို မမေ့ နိုင်သေး
ပုံရပါတယ်...
Lively tie: This family remember their loved one by digging up his grave every three years
မိသားစုသံယောဇဉ်အလွန်ကြီးမားတဲ့ ရိုးသားကြတဲ့ ကျေးလက်ဒေသကလူတွေပါပဲ...
The ritual is held once every few years when family members gather to clean the graves and change the clothes of their deceased relatives to honor their spirits
လီယန် လို့ ခေါ်သည့် ကျောက်ဂူရှေ့ တွင် အလောင်းများအား ပိတ်စများဖြင့် ထုတ်ပိုးနေကြစဉ်...
Villagers bind cloth rolls containing bodies in front of a stone grave called Liang
အခုခေတ်၊ ခေတ်စားနေတဲ့ မော်ဒယ်လေးတွေလို ဆံပင်လည်းဆေးဆိုးပေးမှာလား...
သေဆုံးသွားတာ နှစ်တွေကြာပေမယ့် လည်း အမေဟာအမေပါပဲ...
Glad rags: Locals believe dead family members are still with them, even if they died hundreds of years ago
သြော်....ငါလည်းတစ်နေ့ ဒီနေရာရောက်ရဦးမှာပါလား...လို့ တွေးနေသလားပဲ...
An elderly woman stands in front of the graves where her family members are buried
ပွဲတော်အတွင်း အလောင်းများအား နေအိမ်တစ်လုံးတွင်စုထားသည်လေ့ ရှိပါတယ်...
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...