Friday, February 1, 2013

ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း


ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါ တယ်။
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်း သဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစားခွဲခြားဖို့အတွက် ယင်း ဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။

Horned Viper ခေါ် သဲမြွေပွေး


Horned Viper: လို့ Science name ပေးတဲ့ ဒီမြွေက (မြန်မာလို သဲမြွေပွေး) ကတော့ သဲကန္တာရတွေပေါပါတယ် ဦးခေါင်းမှာဂျိုနှစ်ခုပါပါတယ် အဆိပ်ပြင်းတဲ့ထိပ်တန်းမြွေမျိုးစိတ်တွေထဲမှာ အပါအ၀င်ဖြစ်ပါတယ် ..သဲကန္တာရရဲ့ နေ့ခင်းမွန်းတည့်ချိန်ဟာ သူတို့ ရဲ့ မဟာဒေါသ အထွက်ဆုံးအချိန်ဖြစ်ပါတယ် အဲ့အချိန်မှာ ကိုက်ခံရတဲ့လူတစ်ယောက်ဟာ အသက်မရှင်ဖို့ 95 ရာခိုင်နှုန်းသေချာပါတယ် ....

အပူချိန်ဒီဂရီဆဲလ်စီးရပ် လေးသန်းအထိရှိပြီး မိုင်၉၀ခန့် မြင့်မားသည့် နေပေါက်ကွဲမှုကြီး


နာဆာမှ သိပ္ပံပညာရှင်များ၏ အဆိုအရ ယခုတစ်ခေါက် နေ၏ပေါက်ကွဲမှုမှာ မိုင်၉၀ခန့်မြင့်မားပြီး လောင်ကျွမ်းမှု အပူချိန်မှာ ဒီဂရီဆဲလ်စီးရပ် လေးသန်းအထိရှိကြောင်း သိရသည်။ နေလောင်ကျွမ်းမှု ဖြစ်ပွားချိန်တွင် နေ၏ပတ်လည်တွင် သံလိုက်စက်ကွင်းများ ဖြစ်ပွားမှုမှာ အမြင့်ဆုံးဖြစ်နေပြီး ချော်ရည်များမှ စွမ်းအားအင်မတန် ပြင်းထန်လှသည့် အမှုန်ငယ်များ ထွက်လာသည်ကိုလည်း တွေ့ရသည်။ ယခုတစ်ခေါက် နေ၏ပေါက်ကွဲမှုမှာ ယခင်တစ်ခေါက်ထက် ငါးဆမျှပိုမို ကြီးမားလာသည်။

ထူးခြားသောLangaha Nasuta မြွေ


Langaha Nasuta: လို့ science name ပေးထားတဲ့ မြွေတစ်မျိုးပါ
သူ့ရဲ့ နှာခေါင်းက သစ်ရွက် ပုံစံမျိုးရှိတဲ့အတွက် တော်တော်သတိထားရမဲ့အနေအထားမှာရှိပါတယ်
အရောင်မျိုးစုံရှိပါတယ် သူတို့ မျိုစိတ်တွေရဲ့အဆိပ်က လူကိုမသေစေနိုင်ပေမဲ့ ရက်အတန်အကြာတော့ ဖျားနာနိုင်ပါတယ် .. ဒါပေမဲ့ ခင်ဗျားကိုကိုက်တဲ့ အဲ့မျိုးစိတ်မျိုးမြွေက တစ်ခြားမြွေမျိုးစိတ်တစ်မျိုးနဲ့စပ်တဲ့အကောင်ဆိုရင်တော့ နာေ၇းကူညီမူကို ဖုန်းဆက်ထားပါတဲ့။

လေနှင့်ရေမရှိဘဲ စိုက်ပျိုးထားသည့် ဖန်ပေါင်းချောင်ထဲက ပန်းခြံငယ်


နှစ်ပေါင်း ၅၀ကျော်အတွင်းမှာ တစ်ကြိမ်သာ ရေလောင်းရန်လိုသည့် ဖန်ပေါင်းချောင်ထဲက ပန်းခြံတစ်ခုကို ဒေးဗစ်လက်တီမာ ဆိုသူက လက်တွေ့ သရုပ်ပြနိုင်ခဲ့ပါပြီ။ ၁၉၆၀ပြည့်နှစ်က ဒေးဗစ်လက်တီမာဆိုသည့် ဥယျာဉ်မှူးတစ်ဦးသည် ဖန်ပေါင်းချောင်ထဲတွင် ပန်းခြံအငယ်စားတစ်ခုကို ဖန်တီးခဲ့သည်။ အဆိုပါ ဖန်ပေါင်းချောင်ထဲက ပန်းခြံကို ပြင်ပလေနှင့် ရေတို့ဖြင့် မထိတွေ့စေဘဲ ကိုယ်ပိုင်သဘာဝ ဂေဟစနစ်ဖြင့် ကြီးထွားလာရန် စီစဉ်ထားသည်။

ရေကန်အောက်မှ အမျိုးသမီး အမည်ရှိ ဂန္ထ၀င်ဓာတ်ပုံများ ရုရှားရေကူးမယ် ရိုက်ကူး


ရုရှားနိုင်ငံမြောက်ပိုင်း အလွန်အေးခဲလှသည့် ဆိုက်ဘေးရီးယားဒေသ အူရယ်လ်တောင်တန်းမှ အော်ရာ လိုဏ်ဂူအတွင်းရှိ ရေကန်တွင် ရေအောက်မှအမျိုးသမီး အမည်ရှိ ဂန္ထ၀င်ဓာတ်ပုံများကို ရုရှားရေကူးမယ် နာတာလီယာ အက်ဗ်ဆင်ကိုက နှစ်ရက်ကြာ ရိုက်ကူးခဲ့သည်။ ကမ္ဘာ့အနက်ဆုံး စာရင်းဝင် အော်ရာလိုဏ်ဂူ၏ ဂူအတွင်း အပူချိန်သည် အနုတ်၂၃ ဒီဂရီစင်တီဂရိတ် ရှိသောကြောင့် ရေခဲတမျှအေးစက်ကာ  ရေအောက်တွင် ကိုက်၅၀၀န်းကျင်ထိ ကြည်လင်စွာ မြင်နိုင်လောက်အောင် ရေမှာ ကြည်လင်လျက်ရှိသည်။
Related Posts Plugin for WordPress, Blogger...