ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ၊ ပင်းတယမြို့ရှိ ရွှေဥမင် လှိုဏ်ဂူ
အကြောင်းတင်ပြပေးချင်ပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့မှ
တဆင့် အေးချမ်းသာယာလှသော ပင်းတယမြို့လေးသို့ သွားရောက်ရမည်ဖြစ်ပါသည်။
ပင်းတယမြို့ဆိုသည်နှင့် ရာဇ၀င်လာ ပုန်းတလုတ်(ဘုတ်တလုတ်) ရေကန်ကြီး ၊
အရိပ်အာဝါသကောင်းပြီး ကြီးမားလှသော ညောင်ကြတ်ပင်တန်းများ နှင့်အတူ
စေတီပုထိုး ရုပ်ပွားတော်များစွာနှင့် သမိုင်းဝင် ရွှေဥမင်လှိုဏ်ဂူတို့ကို တစ်ပါတည်း
ပြေးမြင်ဖြစ်ကြပါသည်။ရွှေဥမင်ဂူအကြောင်း အရင် ကြည့်လိုက်ရအောင်နော်။
ပင်းတယမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ၃၈၈၀ ပေမြင့်ပါသည်။
ရွှေဥမင်လှိုဏ်ဂူတော်သည် ဂူပေါက် ၃ ခုရှိရာ တောင်ဘက်အကျဆုံး နှင့် အမြင့်ဆုံး
ဂူပေါက်မှာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၄၉၇၀ ပေအမြင့်တွင် တည်ရှိပါသည်။
ပင်းတယမြို့မှ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာ တွင်စောင်းတန်းအသွယ်သွယ်၊
ရွှေရောင်တ၀င်းဝင်းဖြင့် ရွှေဥမင် လှိုဏ်ဂူနှင့် ဘုရားစေတီများကို တွေ့မြင်နိုင်ပါသည်။
ဓာတ်လှေကား အဆောက်အဦနှင့် ကွယ်နေပါသည်။
နိုင်ပြီး ဓာတ်လှေကားမရောက်ခင် အ၀င်ဝနေရာတွင် ကြီးမားလှသော ပင်းတယမြို့
သမိုင်းနှင့် ဆက်စပ်နေသော ကုမ္မာဘယမင်းသား နှင့် ပင့်ကူကြီး ရုပ်တုအကြီးကြီးကို
တွေ့မြင်ရပါသည်။ တစ်ချို့ကတော့ သုဓနုမင်းသားရုပ်တုဟုပြောကြပါသည်။
ပုံပြင်များရောစပ်သွားခြင်းဖြစ်နိုင်ပါသည်။ ပင်းတယမြို့သမိုင်းနှင့် ရွှေဥမင်ဂူသမိုင်းမှာ
ယခုညောင်ရွှေနယ် ဗာရာပြည်မင်းကြီး၏သား ကုမ္မာဘယမင်းသား တောကစားထွက်ရာ
မှ နဂါးကို ဂဠုန်ချီသည်ကို တွေ့သဖြင့် ဂဠုန်ကို လေးဖြင့်ပစ်သတ်လိုက်ပါသည်။
ထိုဂဠုန်သေပြီး ပင်းကူကြီးဖြစ်သွားပါသည်။ ပင့်ကူကြီးသည် တောင်ခြေပုန်းတလုတ်ရေကန်ကြီး
သို့ရေကစားလာသော ငွေတောင်နတ်မင်းကြီး၏ သမီး ခုနှစ်ဖော်ကို ဖမ်းပြီး ကျောက်ဂူအတွင်း
ပိတ်ကာ ဖမ်းထားပါသည်။ ထိုပင့်ကူကို မင်းသားမှ လေးဖြင့်ပင် သတ်ရပြန်ပါသည်။
ထို့ကြောင့် ပင့်ကူရ မှ ကာလကြာပြီး ပင်းတယ အမည်သွင်လာကြောင်း ပါးစပ်ပုံပြင်
ပြောစမှတ်ပြုကြပါသည်။ ခိုင်မာခြင်းမရှိသလို ဒေါက်တာသန်းထွန်း၏ သမိုင်းစာအုပ်နှင့်
မြန်မာ့စွယ်စုံကျမ်းတွင် ရှမ်းများကပေးသော မြို့အမည်ဖြစ်ကြောင်း ပုံပြင်နှင့်မဆိုင်ကြောင်း
ဆိုကြပါသည်။ပုံပြင်မှာလည်း အမျိုးမျိုး မူကွဲကြပါသေးသည်။ ပင့်ကူသေပြီး နတ်သမီး ၇ ဖော်မှ
အငယ်ဆုံးရှင်မိယာနှင့် လက်ထပ်ပုံတွေ စသည်ဖြင့် မူကွဲများစွာရှိပါသည်။ သုဓနုမင်းသားနှင့်
ဒွေးမယ်နော် ဇာတ်နှင့် ပေါင်းကူးသွားခြင်း ဖြစ်နိုင်ပါသည်။
ပင်းတယမြို့ကို အပေါ်စီးမှ လှပစွာတွေ့မြင်နိုင်ပါသည်။
စောင်းတန်းများမှာ သံစောင်းတန်းများဖြစ်ပြီး မန္တလေးတောင် သံစောင်းတန်းနှင့် ပုံစံ
တူနေပါသည်။ အမှန်မှာလည်း သီပေါမင်းလာလှူထားသော သစ်သားစောင်းတန်း
မီးလောင်သွားသဖြင့် ယခုသံစောင်းတန်းကို မန္တလေးတောင်မှ ရသေ့ကြီး ဦးခန္တီကို
ပင့်ဖိတ်ပြီး နည်းနာယူကာ အသစ်တည်ဆောက်ထားကြောင်း သိရပါသည်။
သံစောင်းတန်းကြီးများကို ၁၉၂၇ တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၃ တွင် ပြီးစီးခဲ့ပါသည်။
ထိုဂူပေါက်မှာလည်း ယခင်က ၆ ပေ လောက်ပဲကျယ်ပါသည်။ နောက်ပိုင်းမှ ယခုမြင်ရသည့်
ပမာဏရောက်အောင် ချဲ့ခဲ့ခြင်းဖြစ်ပါသည်။
ရုပ်ပွားတော်များကို ဖူးမြင်ရပါသည်။ထိုရွှေဥမင် ဂူဘုရားများကို အသောကမင်းကြီး တည်ခဲ့ခြင်း
ဟုဆိုကြသလို ပုဂံခေတ် အလောင်းစည်သူမင်းကြီးမှ ပြန်လည်ပြုပြင် ခဲ့သည်ဟု ဆိုကြပါသည်။
သမိုင်းပညာရှင်များကမူ ၁၈ ရာစု လက်ရာ ရုပ်ပွားတော်များကို အများအပြားတွေ့မြင်ရသဖြင့်
၁၈ရာစု အလယ်လောက်က စတင်ပြီး ရုပ်ပွားတော်များထားရှိ ပူဇော်ခဲ့ကြကြောင်း ဆိုကြပါသည်။
ဖူးမျှော်ရမှာပါ။
ရွှေဥမင်ဂူများသည် ထုံးကျောက်တောင်များတွင် သဘာဝဖြစ်တည်နေကြခြင်း ဖြစ်ပြီး
ဘူမိဗေဒသက်တမ်း အရ အနှစ် သန်း ၂၀၀ လောက်ရှိပြီဟု ခန့်မှန်းကြပါသည်။
ဘုရားရုပ်ပွားတော် နှင့် စေတီပေါင်း ၈၀၉၄ ဆူ ရှိသည်ဟု မှတ်သားခဲ့ရပါသည်။
ဘုရားရုပ်ပွားတော်များမှာ ၁၈ ရာစု အလယ်ခေတ် လက်ရာ များမှသည် ခေတ်အဆက်ဆက်
ရုပ်ပွားတော်များကို ဖူးမြင်ရပါသည်။
တစ်ခေတ်တစ်ခါက ထွန်းကားခဲ့သော မံဘုရား ရုပ်ပွားတော်များကိုပါ ဖူးမျှော်နိုင်ပါသည်။
အမြဲစိုစွတ်နေတတ်သဖြင့် ရွှေချ၍မရဟု သိရပါသည်။ ၄၊၅ ကြိမ်လောက် ရွှေချ
ဖူးသော်လည်း မမြဲပါ။ လက်နှင့်အသာပွတ်လိုက်သည်နှင့် ပြန်၍ ကွာသွားသည်ဟုသိရပါသည်။
ဘုရားရုပ်ပွားတော်များကို ထိုဒေသ၏ ခေါ်တွင်မှုအရ ကိုယ်စားတော်ဟု ခေါ်တွင်ကြပါသည်။
ဘုရားရှင်၏ ကိုယ်စားတော်ဟု တိုက်ရိုက်ဆိုလိုရင်း ဖြစ်မည်ဟု ထင်မိပါသည်။
ဂူအတွင်း ထင်ရှားသည့် နေရာများမှာ ရွှေဥမင်စေတီ၊ တရားကျင့်ဂူ ၊ ၀င်္ကပါလမ်း၊
တံခွန်တိုင်သမ္ဗုဒ္ဓေဘုရား၊ ချွေးထွက် ကိုယ်စားတော်၊ ဆုတောင်းပြည့်ဘုရား၊
ဆင်ချည်တိုင်၊မြင်းချည်တိုင်၊ မံဘုရားကြီး၊ ကျောက်စည်-ကျောက်မောင်း၊ ကျောက်စက်တိုင်၊
ဇော်ဂျီဆေးကြိတ်နေရာ ၊ နတ်သမီးယက်ကန်းစင်၊ နတ်သမီးရေကန် နှင့် ဘုရားစေတီများ
များစွာ ရှိကြပါသည်။ကြည်လိုက်ရအောင်နော်...
ဆင်ချည်တိုင်
ယခင်ကတော့ ၀ါးလုံးနှင့်လှန်းထိုးလျှင် အသံမြည်သည်ဟု သိရပါသည်။
ယခုအခါတော့ ကျောက်စက်ပန်းဆွဲများပျက်စီးမည်စိုးသဖြင့် ၀ါးလုံးဖြင့် ထိုးခွင့်
မပေးတော့ပါ။
ယခုအခါတော့ လူခတ်များသဖြင့် ရေမရှိတော့ပါ။ အပေါ်မှ ကျောက်စက်ပန်းဆွဲမှ
ရေတစ်စက်ချင်းတော့ ကျနေပါသည်။
ဆိုကြပါသည်။
ညောင်ကြတ်ပင်တန်းပါ။ အလွန်ကြီးမားပြီး သက်တမ်းအလွန်ရင့်နေသော
ညောင်ပင်ကြီးများအရိပ်ကိုရောက်ခဲ့ချိန်တွင် စိတ်နှလုံးအေးချမ်းမိပါသည်။
ရေချိုးခဲ့မလဲတော့မသိ။ ခေတ်အဆက်ဆက် ဘယ်တော့မှ ရေမခန်းဟု ဆိုကြပါသည်။
ကျွန်တော်တို့ရောက်ချိန်တွင်တော့ ရေနည်းနေသဖြင့် မြေတူးစက်များဖြင့် တူးခြင်း၊
ကန်ဘောင်ပြန်လည်ပြုပြင်ခြင်းများလုပ်နေရပါသည်။
အစဉ်ထာဝရတည်အောင် ပြုပြင်ထိမ်းသိမ်းရပါမည်။ သဘာဝ အလှအပကိုတော့
မပျက်စီးအောင် ဂရုစိုက်သင့်ပါသည်။
ရှမ်းပြည်နယ်မှာ သဘာဝအလှအပတွေမြောက်များစွာ ရှိကြပါသည်။
သူငယ်ချင်းတို့ အနေဖြင့် အလည်အပတ်သွားရင်း စိတ်လက်အပန်းပြေစေနိုင်သလို
သမိုင်းဝင် တန်ခိုးကြီး ဘုရားများကို ဖူးမျှော်ရင်း တောင်းဆုပြည့်နိုင်ကြပါစေ...
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
ကိုနေခရမ်းခင်ဗျာ ဖ့ဘုတ်က ပ့ခ်ျတစ်ခုအွက် ကူးယူ ဖပြွင့် ပုပာခဗျာ credit ပးပာမယ်ခဗျ
ReplyDeleteယူပါလေ
Delete