
ရုရှားအာတိတ်သုတေသနစင်တာ မှ ရှေးဟောင်းသုတေသီများက အာတိတ် စက်ဝိုင်းအနီး ရေခဲပြင်အတွင်း လွန်ခဲ့ သည့်နှစ်ပေါင်း ၉၀၀ခန့်က သေဆုံးနေ ခဲ့သော အသက် ၃၅နှစ်ဝန်းကျင်အရွယ် အမျိုးသမီး၏ ရုပ်အလောင်းကို မပျက် မယွင်းဘဲ မံမီအလောင်းအဖြစ် ရှာဖွေ တွေ့ရှိခဲ့ကြကြောင်းသိရသည်။ ပိုလာ မင်းသမီးဟု အမည်ပေးထားသည့် ယင်း ရေခဲပြင်မံမီ အမျိုးသမီးရုပ်အလောင်း တွင် မျက်တောင်မွေးများနှင့် ဆံပင်များပင် နဂိုအတိုင်း တည်ရှိနေသေးပြီး ဝင်ရိုးစွန်း ဒေသ၏ အစဉ်အေးခဲနေသော နက်ရှိုင်း မြေလွှာအတွင်း ၁၂ရာစုခန့်က မြှုပ်နှံခံ ထားခဲ့ရပြီး အလောင်းနှင့်အတူ ကြေးက ရားနှင့် သားမွေးများကိုလည်း တွေ့ရှိထား ခဲ့ကြောင်း ရုရှားရှေးဟောင်းသုတေသီ အလက်ဇန္ဒားဂူဆပ်ဗ်က ပြောကြားခဲ့ သည်။