
အလွန်ထူးဆန်းတဲ့ဦးခွံ နဲ့ အလောင်းတစ်ခုကို ဒေသခံနှစ်ယောက်ဟာ ကိုဗာရှီမြစ်ကမ်းဘေးမှာ တနင်္ဂနွေနေ့ က ရှာဖွေတွေ့ ရှိခဲ့ပါတယ်။
နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုအနားမှာ ရှာဖွေတွေ့ ရှိခဲ့တဲ့ အဆိုပါ ဂြိုလ်သားအရိုးစုကို အဖြေထုတ် ရှင်းပြနိုင်ဖို့ အတွက် သိပ္ပံပညာရှင်တွေ အခက်အခဲတွေ့ လျက်ရှိပါတယ်။
၁၉၅၈ ခုနှစ်မှာ Leningard နျူကလီးယားဓာတ်ပေါင်းဖိုမှာ အလုပ်လုပ်တဲ့သူတွေ နေထိုင်နိုင်ဖို့ အတွက် ဆောက်လုပ်ပေးခဲ့တဲ့ ရုရှားနိုင်ငံ၊ Sosnovy Bor မြို့ ရွာ နားမှာ အဆိုပါအလောင်းကောင်ကို အမှတ်မထင် တွေ့ ရှိခဲ့တာဖြစ်ပါတယ်။