Wednesday, September 7, 2016

အမြှီးရှည် ငါးမန်း

http://i1183.photobucket.com/albums/x474/konay1/general%203/Thresher.jpg
ကြည့်လိုက်တာနှင့် သိသိသာသာ အမြှီး ရှည်လျားနေသည်ကို
မြင်နိုင်သည့် ထိုငါးမန်းမျိုးကို thresher shark ဟု ခေါ်ကြပါသည်။
ထိုငါး၏ အမြှီးတွင် လွှသွားသဏ္ဍန် ဆူးလေးများ ရှိကြပြီး
အစာ ရှာရာ နှင့် ရန်သူကိုတိုက်ခိုက် ရာတွင် ထိုအမြှီးကို
အသုံးပြုတတ်ပါသည်။ ထိုအမြှီးနှင့် ရိုက်လိုက်လျှင် တစ်ဖက်
ရန်သူ နှစ်ပိုင်းပြတ်အောင် ပြုလုပ်အနိုင်ယူလေ့ ရှိပြီး စားသောက်
တတ်ပါသည်။ထို thresher shark ငါးမန်းမျိုးများကို အများအားဖြင့်
သုံးမျိုးတွေ့ရတတ်ပါသည်။ Alopias vulpinus မျိုးကွဲအမြှီးရှည်ငါးမန်းများသည်
အခြားအမြှီးရှည် ငါးမန်းမျိုးများထက်အရွယ်အစားပိုကြီးတတ်ပြီး
6.1 metres (20 ပေ) အထိရှိတတ်ကြပြီး အလေးချိန်အားဖြင့်
500 kilograms (1,100  ပေါင်) ရှိပါသည်။မျက်လုံးကြီး အမြှီးရှည်ငါးမန်း
(The bigeye thresher ) မျိုးကွဲကတော့ ၁၆ ပေ အထိရှည်တတ်ကြပြီး
အသေးဆုံး အမြှီးရှည်ငါးမန်းမျိုးကွဲ ဖြစ်သည့် pelagic thresher ကတော့
၁၀ ပေအထိသာ ရှည်ကြပါသည်။ထို အမြှီးရှည် ငါးမန်းမျိုးများကို
အန္ဒိယ သမုဒ္ဒရာတွင် တွေ့ရတတ်ပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ..........   နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...