Wednesday, May 29, 2013

ရေမြင်း၏မျိုချမှုကိုခံခဲ့ရသော်လည်း အသက်ရှင်ခဲ့သော အမေရိကန်အမျိုးသား


အမေရိကန် ပြည်ထောင်စုမှ မြစ်ကြောင်း လမ်းပြသူတ စ်ဦးဖြစ်သူ ပေါလ်တမ်လာသည် ဇင်ဘာဘွေ နိုင်ငံ Victoria ရေတံခွန် အနီးရှိ ဘမ်ဘီဇီမြစ် အတွင်း၌ ရေမြင်း တစ်ကောင်၏ မျိုချမှုကို
ခံခဲ့ရသော် လည်း အံ့သြဖွယ် အသက် ရှင်ခဲ့ကြောင်း သိရသည်။
ပေါလ်သည် လေ့လာရေးအဖွဲ့မှ အမျိုးသား တစ်ဦး ရေထဲသို့ ပြုတ်ကျ သွားသောကြောင့် ၎င်းအား အကူအညီ ပေးရန် ကြိုးပမ်းစဉ် မြစ်အတွင်းရှိ ရေမြင်း၏ ရုတ်တရက် မျိုချမှုကို ခံရခြင်း ဖြစ်ပြီး အဆိုပါ ရေမြင်း၏ မျိုချခြင်းကို ခံရစဉ် ဘဲဥပုပ် ကဲ့သို့သော ကြောက်မက်ဖွယ် ကန့်အနံ့ကို ရရှိခဲ့ကြောင်း၊ မိမိ၏ နားများနှင့် မျက်လုံးများသည် ရုတ်တရက် ကန်းသွား သကဲ့သို့ ခံစား ခဲ့ရ ကြောင်း The Guardian သတင်းစာသို့ ပြောကြားခဲ့သည်။

ကမ္ဘာ့မြို့တော်များ (ဆစ်ဒနီ) သြစတြေးလျ


ဆစ်ဒနီမြို့သည် သြစတြေးလျ နိုင်ငံ နယူးဆောက်ဝေး ပြည်နယ်တွင် တည်ရှိပြီး နိုင်ငံ၏ လူဦးရေ အများ ဆုံး မြို့တော်ဖြစ်သည်။ ၂ဝ၁၁ ခုနှစ် စာရင်းအရ ခန့်မှန်းခြေ လူဦးရေ ၄ ဒသမ ၆ သန်း ရှိ သည်ဟု
သိရသည်။ ဆစ်ဒနီတွင် အခြေစိုက် နေထိုင်သူများကို Sydneysiders ဟုခေါ်သည်။ ဆစ်ဒနီမြို့ကို အာသာ ဖိလစ် ဆိုသူ ရေတပ်ဗိုလ်ချုပ် တစ်ဦးက ၁၇၈၈ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည်ဟု ဆိုသည်။ ဆစ်ဒနီ မြို့တွင် Sydney Harbour ၊ ဆစ်ဒနီကဇာတ်ရုံ (ydney Opera House) ဆိပ်ခံတံတား Harbour Bridge တို့သည် နာမည်ကြီးသည်။
Related Posts Plugin for WordPress, Blogger...