Wednesday, May 29, 2013

ရေမြင်း၏မျိုချမှုကိုခံခဲ့ရသော်လည်း အသက်ရှင်ခဲ့သော အမေရိကန်အမျိုးသား


အမေရိကန် ပြည်ထောင်စုမှ မြစ်ကြောင်း လမ်းပြသူတ စ်ဦးဖြစ်သူ ပေါလ်တမ်လာသည် ဇင်ဘာဘွေ နိုင်ငံ Victoria ရေတံခွန် အနီးရှိ ဘမ်ဘီဇီမြစ် အတွင်း၌ ရေမြင်း တစ်ကောင်၏ မျိုချမှုကို
ခံခဲ့ရသော် လည်း အံ့သြဖွယ် အသက် ရှင်ခဲ့ကြောင်း သိရသည်။
ပေါလ်သည် လေ့လာရေးအဖွဲ့မှ အမျိုးသား တစ်ဦး ရေထဲသို့ ပြုတ်ကျ သွားသောကြောင့် ၎င်းအား အကူအညီ ပေးရန် ကြိုးပမ်းစဉ် မြစ်အတွင်းရှိ ရေမြင်း၏ ရုတ်တရက် မျိုချမှုကို ခံရခြင်း ဖြစ်ပြီး အဆိုပါ ရေမြင်း၏ မျိုချခြင်းကို ခံရစဉ် ဘဲဥပုပ် ကဲ့သို့သော ကြောက်မက်ဖွယ် ကန့်အနံ့ကို ရရှိခဲ့ကြောင်း၊ မိမိ၏ နားများနှင့် မျက်လုံးများသည် ရုတ်တရက် ကန်းသွား သကဲ့သို့ ခံစား ခဲ့ရ ကြောင်း The Guardian သတင်းစာသို့ ပြောကြားခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ပေါလ်ကမိမိ၏ အရေပြားကို ရေမြင်း ကိုက်ဖဲ့ခြင်းမှ ကာကွယ်ရန် အတွက် ၎င်း၏ အစွယ်များကို ဆုပ်ကိုင် ထားပြီး ရေမြင်း လက် အတွင်းမှ လွတ်မြောက်ရန် အတွက် ကြိုးပမ်း ခဲ့ရကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်။
ရေမြင်းသည် မိမိ၏ ရင်ဘတ်နှင့် ဘယ်လက်ကို ကိုက်ဖြတ် ခဲ့ကြောင်း၊ မိမိသည် ဘယ်လက် တစ်ဖက် ဆုံးရှုံး ခဲ့သော်လည်း စိတ်ဓာတ် ခိုင်မာမှုနှင့် အလွန် ကံထူးခြင်း ကြောင့်သာ ရေမြင်း လက်မှ အသက်ရှင် လွတ်မြောက် လာခဲ့ခြင်း ဖြစ်ကြောင်း ပေါလ်က ပြောကြား ခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...