Wednesday, December 12, 2012

ထူးဆန်းသော ငှက်များ၏ ကောင်ကင်ယံထက်မှ ပုံဖော်မှုများ

နှစ်စဉ် နှစ်တိုင်းဆိုသလို အခုလို ဆောင်းဦးပေါက် ရာသီမျိုးတွေဆိုလျှင် အခုလို မျိုးကောင်ကင် ယံထက်တွင် ထူးဆန်းသော ငှက်များ ၏ယခုလို လှပသော ထူးဆန်းသော ပုံဖော်မှုများကို ကျွှနိုပ် တို့ တွေ့ ၇တတ်ပါသည်။ တွေ့ ရတတ်တဲ့ နေရာတွေကတော့ Gretna Green in Scotland နှင့် Russia or Scandinavia တွင် တွေ့ ရတတ်ပါသည် ။ ယခုလို ကောင်းကင်ယံထက်တွင် ငှက်များ တစ်စုတစ်ဝေး တည်း ပျံသန်းသွားလာ ကာ ပုံများအဖြစ် ဖော်ပြသွားတာဟာ သဘာဝအတိုင်းပဲဖြစ်ပါသည်။

Argentina မှကမ္ဘာ့အန္တရာယ်အကြီးဆုံးနှင့် အထူးခြားဆုံး တိရိစ္ဆာန်ဥယျာဉ်

 
Argentina မှာရှိတဲ့ controversial zoo ကို လာရောက်လည်ပတ်တဲ့သူတွေက ကမ္ဘာပေါ်က အန္တရာယ်အများဆုံးသားစားတိရိစ္ဆာန် တချို့နဲ့ အလွန်နီးကပ်စွာ ကြည့်ရှုထိတွေ့လို့ရတယ်။ ထိုတိရိစ္ဆာန်ရုံ က Argentina က Buenos Aires မှာရှိပီး Lujan zoo လို့ခေါ်ပါတယ် ။ ထို တိရိစ္ဆာန်ရုံထဲကို အလည်အပတ်သွားတဲ့သူတိုင်း လမ်းမလျှောက်ချင်လျှင် ခြင်္သေ့စီးကာ သွားလို့ ရပါသည် ။

လူ့အ၇ိုးတွေနဲ့ ဆောက်ထားတဲဘု၇ားကျောင်း


ထူးထူးဆန်းဆန်း လူတွေရဲ့အရိုးတွေ၊ ခေါင်းတွေနဲ့ တန်ဆာဆင်ထားတဲ့ ဘုရားရှိခိုးကျောင်းဟာ အပြင်မှာ တကယ်ရှိပါတယ်ဆိုရင် ယုံချင်ပါ့မလားမသိဘူးနော်။ မယုံဘူးဆိုရင် အောက်က ပုံတွေမှာ ကြည့်နိုင် ပါတယ်။ လူတွေရဲ့ အရိုး အစစ် တကယ်ဟုတ်မဟုတ် သေချာ လေ့လာ စူးစမ်းချင်တယ်ဆိုရင်တော့ ချက်ဇ် ရီပတ်ပလစ်နိုင်ငံကို ကိုယ်တိုင်သွားရောက်လို့ လေ့လာနိုင်ပါတယ်နော်။ :P
ပုံမှာမြင်ရတဲ့ဘုရားကျောင်းဟာ အတွင်းထဲမှာတော့ လူ့အရိုးပေါင်းများစွာနဲ့ မျက်နှာကျက်တွေ နံရံတွေ၊ တိုင်တွေမှာ တန်ဆာဆင်ထားတာ ဖြစ်ပါတယ်။ ချက်ဇ်ရီပတ်ပလစ်နိုင်ငံမှာ တည်ရှိတဲ့ Ossuary ဘုရားကျောင်းဟာ ဘယ်လိုများ တန်ဆာဆင်ထားသလဲဆိုတာ သိချင်ရင် ဘုရားကျောင်းထဲ ဝင်ကြည့်ကြပါစို့လားရှင်။

စိတ်ကူးယဉ် ကမ္ဘာ




ကမ္ဘာပေါ်က အလှဆုံးနေရာထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ နေရာလေးကို 
သွားကြည့်ရအောင်လားနော်။ အဲဒီနေရာလေးဟာ လှပလွန်းလို့ အိပ်မက်မက်နေသလား ထင်ရလောက်အောင် သာယာလွန်း တဲ့ နေရာလေး တစ်ခုပါ။  

အဖြူရောင်ကန္တာရ

maranhenses 12 
 
 
 
 
 
 
 
 
 
 
 
ကန္တာရရယ်လို့ ပြောလိုက်ရင် အင်မတန်မှ ကြောက်စရာကောင်းပြီး သေမင်းတမန် နယ်မြေလို့တောင် တင်စား ကြတာကိုဘဲ ကြားဖူးကြမယ် ထင်တယ်နော်။ ကန္တာရကို စာတွေထဲမှာ ဖော်ပြကြရင်လည်း အင်မတန်မှ ခြောက်သွေ့ ကြမ်းတမ်းပြီး၊ နေအလွန့်အလွန်ပူပြင်းတဲ့ ဒေသ၊ မြွေတွေပေါပြီး အလွန် ထူထပ်တဲ့ သဲပြင်တွေချည်း ဖုံးလွှမ်းနေတဲ့ ဒေသ ၊ ရေတစ်စက်မှမရှိ၊ မိုးတစ်စက်မှ မရွာတဲ့ ဒေသ၊ အလွန် ကြောက်စရာ ကောင်းတဲ့ နေရာဒေသ တစ်ခုအဖြစ် ပုံဖော်ကြလေ့ရှိပါတယ်။

ကန္တာရထဲက လခြမ်းကွေး

Image Hosted by PicturePush - Photo Sharing 
 
 
 
 
 
 
 
 
 
 
သဲကန္တာရတွေထဲက ထူးခြားတဲ့ အံ့သြဖွယ်တစ်ခုကို ညွှန်းရမယ်ဆိုရင် လခြမ်းကွေးရေကန်ကြီးကို ဖော်ပြချင်ပါတယ်။ ခပ်ကွေးကွေး အနေအထားနဲ့တူပြီး လခြမ်းကွေးသဏ္ဍန် ဖြစ်ပေါ်နေတဲ့ ရေကန်ဟာ တရုတ်ပြည် Gansu ပြည်နယ်ရှိ Dunhuang မြို့နဲ့ ၆ကီလိုမီတာ အကွာလောက်မှာ Echoing-Sand သဲသောင်တန်းကြီးရဲ့ တစ်ဖက်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ kELIMUTU တောင်ပေါ်က သုံးရောင်ခြယ်ရေကန်


အင်ဒိုနီးရှားနိုင်ငံဟာ ထူးခြားဆန်းပြားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ မြေမျက်နှာ သွင်ပြင်များစွာ ရှိတဲ့နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ် ။ အဲဒီထဲကမှ စိတ်ဝင်စားမိတဲ့ သဘာဝ ပတ်ဝန်းကျင်ကတော့ လူတွေရဲ့ ဖန်တီးမှုမပါဘဲ အရောင် သုံးမျိုးဖြစ်ပေါ်နေတဲ့ ရေကန်ကြီးများ အကြောင်းပါ။ မီးတောင်တွေ များစွာရှိတဲ့ နိုင်ငံဖြစ်တာကြောင့် အဲဒီ မီးတောင်တွေကြောင့်ပင် ထူးဆန်းတဲ့ မြေပြင်နဲ့ အံ့သြဖွယ် ပတ်ဝန်းကျင်တွေကို ဖြစ်ပေါ်စေနိုင်ခဲ့ပါတယ်။
Related Posts Plugin for WordPress, Blogger...