Wednesday, December 12, 2012

Argentina မှကမ္ဘာ့အန္တရာယ်အကြီးဆုံးနှင့် အထူးခြားဆုံး တိရိစ္ဆာန်ဥယျာဉ်

 
Argentina မှာရှိတဲ့ controversial zoo ကို လာရောက်လည်ပတ်တဲ့သူတွေက ကမ္ဘာပေါ်က အန္တရာယ်အများဆုံးသားစားတိရိစ္ဆာန် တချို့နဲ့ အလွန်နီးကပ်စွာ ကြည့်ရှုထိတွေ့လို့ရတယ်။ ထိုတိရိစ္ဆာန်ရုံ က Argentina က Buenos Aires မှာရှိပီး Lujan zoo လို့ခေါ်ပါတယ် ။ ထို တိရိစ္ဆာန်ရုံထဲကို အလည်အပတ်သွားတဲ့သူတိုင်း လမ်းမလျှောက်ချင်လျှင် ခြင်္သေ့စီးကာ သွားလို့ ရပါသည် ။

ဝက်ဝံတွေကို ပွေ့ ဖက်ကျီစယ် ကစားလို့ ရပါသည် ။သစ်ကျူတ် (ကျားသစ်အမျိုးအစားဝင်)တွေကို အစာကျွေးလို့ ရတယ်အပြင်ကနေ ဒေါ်လာ 50 ပေးရင်တော့ လှောင်အိမ်ထဲအထိ ၀င်လည်လို့ ရပါသည် ။ ထိုတိရိစ္ဆာန်များမှ မိမိ၏ ကျီစယ်မှုတစ်ခုကြောင့် ဒေါသထွက်ကာ အစားခံရလျှင် တိရိစ္ဆာန်ရုံ၏ တာဝန်မဟုတ်ကြောင်းကို လည်းလှောင်အိမ်ထဲမ၀င်ခင် လက်မှတ်ထိုးထားရပါသေးသည် ။Lujan zoo Buenos ရဲ့အကျယ်အ၀န်း ကတော့ Aires ၅၀ မိုင်လောက်ဝေးတယ်ပီး ၀င်ကြေးကတော့ E ဒေါ်လာ5 ဒေါ်လာ ပေးရပါသည် ။
လာလည်တဲ့လူတွေက တိရစ္ဆာန်တွေကို ငြင်သာစွာ ကိုင်တွယ်ကြပါတယ် တိရိစ္ဆာန်တွေက မိမိတို့ ကိုညင်သာစွာ ကိုင်တွယ်ကစားနေလျှင် မည်သို့ မျှ အန္တရာယ် မပြုကြပါ မိမိတို့ ကိုကြမ်းတမ်းစွာ ပြုမူလာလျှင်လဲ တွန်းထုတ် တတ်ကြပါသည်။ ထိုတိရိစ္ဆာန်ရုံက လူတွေကိုရော တိရိစ္ဆာန်တွေကိုရော ကာကွယ်ပေးမယ့် လုံခြုံတဲ့ စည်းကမ်းဥပဒေတွေ များများမရှိဘူး။ အင်တာနက်ဘလော့တွေမှာလဲ လူတွေနဲ့ တိရစာန်ရဲ့ပုံတွေနဲ့ ပြည့်နေပါတယ်။
ကမ္ဘာ့တိရစ္ဆာန်ရိုင်းထိန်းသိမ်းရေးအဖွဲ့မှ ထို တိရိစ္ဆာန်ရုံကိုရှူတ်ချပီး လူတွေကိုမသွားဖို့ တားမြစ်ထားပါတယ်။ ဒါပေမယ့် နေ့စဉ်စိတ်ဝင်စားမှုများလာကာ လည်ပတ်သူများနှင့် ပြည့်နေခဲ့ပါတယ် ။ထို တိရိစ္ဆာရန်ရုံတွင် ရောက်တာနဲ့ မိဘတွေက ကလေးတွေကိုတောင်ခြင်သေ့လှောင်အိမ်ထဲပေးဝင်တယ်။ တခြားအသက် ကိုတောင်ရန်ရှာနိုင်တဲ့တိရိစ္ဆာန်တွေကိုပွတ်သပ်ကိုင်တွယ်ခွင့်ပေးထားတယ်။
ကမ္ဘာ့တိရိစ္ဆာန်ရိုင်းထိန်းသိမ်းရေးအဖွဲ့ ကပြောတာကတော့ လူတွေကို လူတွေအတွက် အန္တရာယ်များတဲ့အသက်ကိုဒုက္ခပေးနိုင်တဲ့ တိရိစ္ဆာန်တွေနဲ့ ထိတွေမှုရှိခြင်းကိုပြင်းပြင်းထန်ထန် ကန့် ကွက်နေပြီးလူတွေရဲ့အသက်ကို ကြီးမားတဲ့အန္တရာယ် ထဲကျရောက်စေတယ် လို့ ပြောပါတယ်။

 
တကယ့်ကို ကြောက်စရာ အသားစားခြင်္သေ့ ကြီးတွေနဲ့ ယဉ်ပါးစွာ ဆော့ကစားနေတဲ့ အမျိုးသမီး

 
ခြင်္သေ့စစီးစ ဖြစ်သည့် အမျိုးသမီးတစ်ဦးအား အစောင့်များမှ သေချာ သင်ပေးနေတာဖြစ်ပါတယ်

 
ခြင်္သေ့ပေါက်လေးနဲ့ ပျော်နေတဲ့ ကလေးငယ်လေးတစ်ယောက်

 
ခြင်္သေ့ကို ပွတ်သတ်ပြီး ဓါတ်ပုံအရိုက်ခံနေတဲ့ မိန်းမလှလေးတစ်ဦး..

 
တောရိုင်းကျားကြီးတစ်ကောင်ကို အနီးကပ်ကြည့်ရှုအစားကျွေးနေကြသည့် မိသားစုတစ်စု..

ကြောင်အကြီးကြီးတွေအကြောင်း ဗဟုသုတရှိတဲ့ သူတွေဆိုအဲကအကောင်တွေက တိရိစ္ဆာန်ရိုင်းတွေဖြစ်ကြောင်း သိပါတယ် ဒါကြောင့် ကြိုခန့်မှန်းလို့မရဘူး ဆိုတာသိမှာပါ။ တစ်ခြားသော တိရိစ္ဆာန်တွေဟာလဲ မိမိတို့ အစာအတွက် မလောက်ငံ့ တဲ့တစ်နေ့ နေ့ တစ်ချိန်ချိန် မှာ လာရောက်လည်ပတ်တဲ့သူတွေကို အန္တာရာယ် ပြုလာနိုင်တယ်ဆိုတာ သိသင့်ပါတယ်..။
မည်သို့ ပင်အန္တရာယ်ရျိသည်ဟု ပြောနေကြသော်လည်း လာရောက်လည်ပတ်နေသည့် မိသားစုများသည် တစ်နေ့ ထက်တစ်နေ့ ပိုပိုများလာကာ တိရိစ္ဆာန်များနှင့် အနီးကပ် ရင်းနှီးခွင့်ရ သည့်အတွက် အတော်လေးကို စိတ်ဝင်စားကြပါသည်

ကျားလေးကို နို့ တိုက်နေသည့် အမျိုးသမီးတစ်ဦး တကယ့်ကို ရန်မမှုပဲ အေးအေးလူလူ ပဲတွေ့ ရပါသည်..
ဒီခြင်္သေ့ကတော့ တော်တော်စမ်းထတာပဲနော် ဟီးးတစ်နေကုန် ဓါတ်ပုံအရိုက်ခံနေရတယ်ကြည့်ပါလား အိပ်တောင်ငိုက်နေပုံရတယ် တစ်နေကုန် မျက်စိနောက်ပြီး ထကိုက်လိုက်မှဖြင့် ဂစ်......

ဝက်ဝံလေးတွေလဲ ရှိပါသေးတယ် ၀က်ဝံပေါက်လေးတွေ တကယ့်ကို ယဉ်ပါးနေတော့ ကလေးတွေနဲ့ ကစားနေတာကို ပျော်နေပါသေးတယ်
 











အမလေး အမကြီးရယ် ကျားကို ကလိများတောင် ထိုးနေလိုက်သေးတယ် ထကိုက်လိုက်မှ သူ့ အိမ်က မွေးထားတဲ့ခွေးလေးများမှတ်နေလားမသိ ဟီးး..

ကဲအားလုံးပဲ အာဂျင်တီးနား ရောက်ရင်ဖြစ် ရောက်နေတဲ့သူတွေဖြစ်ဖြစ်Lujan Zoo ကိုသွားလည်ဖြစ်အောင် သွားလည်လိုက်ကြပါနော် ဟီးး မကြောက်ပါနဲ့ ယဉ်ပါးနေပြီးသားပါ.. ဒါပေမယ့် ၀င်ကြေးက 5 ဒေါ်လာထဲပါ လှောင်အိမ်ထဲထိ ၀င်မယ် တိရိစ္ဆာန်တွေကို ကိုင်တွယ်မယ်ဆိုရင်တော့ ဒေါ် လာ 50 ပေးရပါလိမ့်နော် .. ဟီးးအားလုံးပဲ စိတ္တသုခ ၊ ကာယသုခနှင့် နှစ်ဖြာသော သုခများနှင့်ပြည့်စုံကြပါစေခင်ဗျာ..
ref:Mc wai yan
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...