
ဗြိတိန်ကအမျိုးသားကြီးတစ်ဦးဟာ တောအုပ်ထဲမှာ ဆယ်စုနှစ်တစ်ခု သွားနေခဲ့ပြီး အကြောင်းရင်းကတော့ ဇနီးသည်ရဲ့ ပွစိပွစိပြောမှုလို့ ဆိုပါတယ်။ ဘာမင်ဂမ်ဒေသခံ အသက် ၆၂ နှစ်အရွယ် မယ်ကွန်အက်ပယ်ဂိတ်ဟာ သူ့ရဲ့ဘဝသစ်အကြောင်းကို အင်တာနက် ဘလော့တစ်ခုမှာ ရေးသားခဲ့ပါတယ်။ အဲဒီအင်တာနက် စာမျက်နှာဟာ အိမ်ခြေမဲ့တွေကို ကူညီနေတဲ့ လူမှုကူညီရေး အစီအစဉ်တစ်ခုက ဖြစ်ပါတယ်။ ဥယျာဉ်မှူးတစ်ဦးအဖြစ် အလုပ်လုပ်နေတဲ့ အက်ပယ်ဂိတ်ဟာ သူ အလုပ်လုပ်သလောက် ဇနီးဖြစ်သူက ဆူပူတာကြောင့် ခုလို တောထဲဝင်နေရတာလို့ ဆိုထားပါသေးတယ်။
“အိမ်ကနေ အပြင်ကိုအကြာကြီး သွားရင်လည်း မကြိုက်ပါဘူး။ ခုလိုမျိုး ထိန်းချုပ်တာကို မခံနိုင်တော့ပါဘူး”လို့ သူကဆိုပါတယ်။
Credit: The voice