
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ပြည်နယ် မရီနာဒဲလ်ရေးဒေသရှိ
အိမ်ရှေ့လေသာဆောင်တွင် သေဆုံးနေသည့် အလောင်းတစ်လောင်းကို
အိမ်နီးနားချင်းများက Holloweenတစ္ဆေပွဲတော် အရုပ်ထင်၍ တစ်ပတ်ကျော်မှ
လူသေမှန်းသိပြီး အာဏာပိုင်များက ဖယ်ရှားရှင်းလင်းခဲ့ရသည်။အသက်၇၀အရွယ်ရှိ
မွန်စတာဖာမာမွတ်ဆိုသူသည် ခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေပြီး
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က
ခန့်မှန်းပြောကြားခဲ့သည်။ လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့က
အိမ်နီးနားချင်းများအား စုံစမ်းမေးမြန်းမှုများပြုလုပ်ခဲ့ရာ
အိမ်နီးနားချင်းများက လူသေအလောင်းကို တွေ့ရှိရသော်လည်း လူသေအရုပ်ထင်၍
အာဏာပိုင်များကို အကြောင်းကြားခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့ကြောင်း
ဖြေကြားခဲ့သည်။
ref: ပြည်မြန်မာ