Monday, January 30, 2017

ကမ္ဘာတစ်လွှား လှေကားထစ်ပေါ်မှ ပန်းချီပုံကြီးများ

ကမ္ဘာ့နေရာဒေသ အသီးသီးရှိ အတက်အဆင်း လှေကားထစ်များ
ပေါ်တွင် ရေးဆွဲထားသည့် လက်ရာမြောက် လှပသည့် ပန်းချီပုံကြီးများ
ပါ။ပြင်ညီပေါ်တွင် ရေးဆွဲရခြင်းမျိုး မဟုတ်ပဲ လှေကားထစ်များ
အားလုံးအပေါ် ကြည့်လိုက်လျှင် ပုံတစ်ပုံတည်းအဖြစ် မြင်ရအောင်
စိတ်ကူးဖန်တီး ရေးဆွဲထားနိုင်မှုများပါ။ ကြည့်လိုက်ရအောင်နော်…

ကမ္ဘာကျော် စတုန်းဟန့်ကျောက်တုံးများ ( Stonehenge )

ကမ္ဘာကျော် စတုန်းဟန့်ကျောက်တုံးများ ဟာ ဂရိတ်ဗြိတိန်နိုင်ငံ Wiltshire နယ်မှာ
သမိုင်းမတင်မှီ ခေတ်တတည်းက တည်ရှိခဲ့တာပါ။
ဒီကျောက်တုံးတိုင်တွေ ဟာ ကမ္ဘာ့အံ့ဖွယ်ထဲဝင်ဖို့ နဲနဲလေးလွဲသွားခဲ့ရတာပါ။
ဒါပေမယ့်ဒီ နေရာဟာ လျှို့ဝှက်မှုတွေ နဲ့အတူတည်ရှိနေပါတယ်။
ရှေးဟောင်းသုတေသီတွေ က ၃၀၀၀ ဘီစီ နှင့် ၂၀၀၀ ဘီစီ ကြားကာလမှာ
တည်ဆောက်ခဲ့တာလို့ ယူဆကြပါတယ်။ chronology (သမိုင်းဝင်ဖြစ်ရပ်များကို
 ခေတ်၊ ကာလ သတ်မှတ်သည့်ပညာရပ်) ဖြင့် မှန်းဆကြတာပါ။

၂၀၀၈ခုတွင် ရေဒီယိုကာဗွန်နည်းဖြင့် စမ်းသပ်ချက်အရ ပထမဆုံးကျောက်တုံး
ရဲ့သက်တမ်းဟာ ၂၄၀၀ နှင့်၂၂၀၀ ဘီစီ လို့သတ်မှတ်ကြပါတယ်။
အခြားသောယူဆချက်တွေအရ အလယ်က bluestone တွေကို ၃၀၀၀ ဘီစီ
မတိုင်မှီတတည်းက ဟု ယူဆကြပါတယ်။
သူရဲ့ ပုံစံသည် ကျောက်တိုင်များဖြင့် ပြုလုပ်ထားတဲ့ လက်စွပ်အလားပါ။

ဒီစတုန်းဟန့် ကျောက်တုံးတွေကို ဖြေးဖြေးနှင့်စနစ်တကျ တည်ဆောက်ရ
မှာပါ။တစ်ချို့သောသုတေသီ တွေရဲ့အဆိုအရ ဒီကျောက်တိုင်တွေကို လွန်ခဲ့သော
နှစ်ပေါင်း ၃၅၀၀ မှ ၄၀၀၀ ကြား တွင်  ပြီးစီးခဲ့တယ်လို့ဆိုကြပါသေးတယ်။
Related Posts Plugin for WordPress, Blogger...