ငယ်ရွယ်သော အမျိုးသမီး တစ်ဦးက ယနေ့ခေတ် မိုဘိုင်းလ်ဖုန်း တစ်ခုနှင့်
အရွယ်တူ ကိရိယာငယ်လေးကို နားတွင်ကပ်ကာ ရယ်ရယ်မောမော စကားပြောနေသည့်
အဖြူအမည်း ရုပ်ရှင် အပိုင်းအစလေးကို လွန်ခဲ့သည့် (၁)နှစ်က
YouTubeဝက်ဘ်ဆိုက်တွင် လွှင့်တင်ပြခဲ့ရာ လူပေါင်း သုံးသိန်းကျော်
ကြည့်ရှုခဲ့ကြသည်။
(၁၉၃၈)ခုနှစ်က ရိုက်ကူးခဲ့သည့်
ရုပ်ရှင်တစ်ခုအတွင်း အမျိုးသမီးတစ်ဦး မိုဘိုင်းလ်ဖုန်းနှင့်
စကားပြောနေသည့် ပဟေဠိဆန်ဆန် ကိစ္စကို ယခုအခါ ဖြေရှင်းလိုက်နိုင်ပြီ ဖြစ်သည်။
ငယ်ရွယ်သော အမျိုးသမီး တစ်ဦးက ယနေ့ခေတ် မိုဘိုင်းလ်ဖုန်း တစ်ခုနှင့်
အရွယ်တူ ကိရိယာငယ်လေးကို နားတွင်ကပ်ကာ ရယ်ရယ်မောမော စကားပြောနေသည့်
အဖြူအမည်း ရုပ်ရှင် အပိုင်းအစလေးကို လွန်ခဲ့သည့် (၁)နှစ်က
YouTubeဝက်ဘ်ဆိုက်တွင် လွှင့်တင်ပြခဲ့ရာ လူပေါင်း သုံးသိန်းကျော်
ကြည့်ရှုခဲ့ကြသည်။ အဆိုပါ ရုပ်ရှင်အပိုင်းအစမှာ လုပ်ကြံဖန်တီးထားခြင်း
မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့ရာ ပိုမို၍ ဇဝေဇဝါ ဖြစ်လောက်စရာ
အခြေအနေမျိုးထံ ဦးတည်လာသည်။