
မော်တော်ယာဉ်အသွားအလာ များပြားရှုပ်ထွေးသည့် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ အမျိုးသားဥယျာဉ်အနီးရှိ လမ်းမပေါ်သို့ ခြင်္သေ့နှစ်ကောင် ရောက်ရှိလာပြီး စိတ်ကြိုက် ဆော့ကစားနေခဲ့ရာ ယာဉ်ကြောပိတ်ဆို့ ခေတ္တမျှဖြစ်ပေါ်ခဲ့သည်။


နိုင်ရိုဘီ အမျိုးသားဥယျာဉ်မှ ခြင်္သေ့များဖြစ်သဖြင့် ၎င်းတို့မှာ မော်တော်ယာဉ်၊ လူများနှင့် ဓာတ်ပုံရိုက်ကူးခြင်းတို့ကိုလည်း ဂရုစိုက်ခြင်းမရှိဘဲ အေးအေးလူလူပင် လမ်းမပေါ်တွင် ခေတ္တနေထိုင်ခဲ့ကြသည်။

မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသူများကလည်း ခြင်္သေ့နှစ်ကောင်၏ လှုပ်ရှားနေထိုင်မှုကို ကြည့်ရှုကာ သဘောကျနေဟန်ရှိခဲ့သည်။

ref : http://www.planet.com.mm

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။