Saturday, August 3, 2013
နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့ မိန်းကလေး
ကလေးမလေး ရဲ့ အရွယ်က ၁၁ ကနေ ၁၅ ကြားမှာ ရှိပါတယ်။ လွန်ခဲ့သော ၁၄၅၀ - ၈၀ ခုနှစ်တုန်းက ရေခဲပြင် အောက်မှာ နှစ်မြုပ်ခဲ့တာ လို့ ယူဆကြပါတယ်။
တွေ့ ရှိခဲ့သမျှထဲမှာတော့ အကောင်းဆုံး တွေ့ ရှိမှုလည်းဖြစ်ပါတယ်။ အပေါ်ယံ အရေပြားတွေကတော့ အေးခဲနေသောလည်း အတွင်း ကလီစာ တွေကတော့ အကောင်းအတိုင်း ရှိနေပါသေးတဲ့ အတွက် စစ်ဆေးမှု တွေ ပြုလုပ်နေပါတယ်။
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ (၃)
ဒီလိုသဘာဝလွန်အဖြစ်မျိုးတွေက ယုံကြည်ဖို့ ခက်ပါတယ်။အမှန်တရားတစ်ခု
အနေနဲ့တင်ပြခြင်းမဟုတ်ပါဘူး။ နိုင်ငံတကာမှာဖြစ်ပျက်နေတာတွေ မှတ်တမ်း
တင်ထားတာတွေကို ပြန်လည်တင်ပြပေးခြင်းပါ။ ဒီတစ်ခါတင်ပြမဲ့အကြောင်း
လောင်တဲ့ အဖြစ်တစ်ခုကိုပါ။
၁၉၆၄ ခုနှစ်က အမေရိကန်ပြည်နယ် တက္ကဆတ်ပြည်နယ် ဒါးလက်မြို့ မှာပါ။
အသက် ၇၅ နှစ်ရှိတဲ့ အိုလ်ဂါစတီဖင် ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့ ကားပေါ်မှာ
ထိုင်နေစဉ် ရုတ်တရက် ခန္ဓာကိုယ်မီးထတောက်လောင်ကျွမ်းခြင်းကို ခံရပါတယ်။
ရောဂါကြောင့် မရပ်မနား ရယ်မောနေရရှာ
တရုတ်ပြည် အနောက်ပိုင်း ချောင်ကျင်းတွင် နေထိုင်သည့် Xu Pinghui သည် အသက် ရှစ်လက အရွယ်က ဖျားခဲ့ပြီးနောက် မရပ်မနား စတင် ရယ်မောခဲ့သည်။ လှိျု့ဝှက်ဆန်းကြယ်သည့် သူမ၏ ကျန်းမာရေး အခြေအနေကြောင့် အသက် နှစ်နှစ်အရွယ်တွင် စကားပြောနိုင်စွမ်း ဆုံးရှုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ်အထိ ရယ်သံများနှင့်သာ ဆက်သွယ်နိုင်သည်။ စကားပြောရန် ကြိုးစားတိုင်း ရယ်သံများ ချည်းထွက်နေရာ ငယ်စဉ်က အဖျားရောဂါ ဖြစ်ပြီး ဦးနှောက်ရှိ Frontal Lobe အစိတ်အပိုင်း ထိခိုက်မှုကြောင့် ဖြစ်ရသည့် အကြောင်းရင်းကို ဆေးပညာရှင်တို့က ရှာဖွေလေ့လာလျက် ရှိကြောင်း သိရသည်။Ref:ပြည်မြန်မာ
နှစ်ပေါင်း ၇၂ သန်းကျော်က ဒိုင်နိုဆော၏ အမြီးကို မက္ကဆီကန် ကန္တာရ အတွင်း ရှာဖွေတွေ့
မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းရှိ ကန္တာရတစ်ခုတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၇၂ သန်းကျော် ၀န်းကျင်ခန့်က ဒိုင်နိုဆောကြီး တစ်ကောင်၏ အမြီးပိုင်း ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနပညာရှင်များက ထုတ်ဖော်ခဲ့သည်။ ရှာဖွေတွေ့ရှိခဲ့သော အမြီးပိုင်းရုပ်ကြွင်းမှာ ၁၅ ပေခန့် ရှည်လျားပြီး ပုံသဏ္ဍာန် ပျက်စီးယိုယွင်းခြင်း မရှိဘဲ အရိုးအဆစ်များမှာ နဂိုမူလ အမြီးအတိုင်း ကျန်ရှိနေခြင်း ဖြစ်ကြောင်း အမျိုးသား မနုဿဗေဒနှင့် သမိုင်းတက္ကသိုလ် ညွှန်ကြားရေးမှူး ဖရန်စစ္စကိုအဂွီလာက ပြောကြားခဲ့သည်။
မျက်လှည့်ဆရာ၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့် ပြကွက်ကို လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်တွင် မျက်လှည့်ဆရာ အန်ဒီဂရော့စ်၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို ခရီးသွားဟန် လွှဲပြသခဲ့ရာ လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့ရသည်။ အန်ဒီဂရော့စ်သည် မီချီဂန်ပြည်နယ် အတွင်းရှိ ဥယျာဉ် တစ်ခုတွင်းသို့ ၀င်ရောက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်ကာ ခါးပိုင်းကို လက်ဖြင့်ကိုင်ပြီး လမ်းလျှောက်ပြခဲ့သည်။
Smurf ဇာတ်ကားအတွက် တစ်ရွာလုံးကို ဆေးပြာများ သုတ်ခဲ့ပြီး ခရီးသွားများ များပြားလာသဖြင့် ဆေးပြာများနှင့်ပင် ဆက်လက် ထားရှိခဲ့ကြ
စပိန်နိုင်ငံ တောင်ပိုင်း အန်ဒါလူစီယာဒေသရှိ သစ်အယ်ပင်တော အတွင်းတွင် တည်ထားသော ရွာတစ်ရွာ၌ ဆိုနီရုပ်ရှင် ထုတ်လုပ်ရေးမှ အရောင်းမြှင့်တင်သူများက ၂၀၁၁ ခုနှစ်တွင် ထွက်ရှိခဲ့သညှ့် Smurf ကာတွန်းဇာတ်ကား အရောင်းမြှင့်တင်ရန် အတွက် ရွာတစ်ရွာလုံးကို ဆေးပြာများ သုတ်ပစ်ခဲ့ကြသည်။ ထိုနည်းဖြင့် ယင်း၂၀၁၁ ခုနှစ်မှ စတင်ကာ ယခုအချိန်အထိ ကမ္ဘာလှည့်ခရီးသွားပေါင်း ၂၁၀၀၀၀ကို Smurf ရွာလေးသို့ လာရောက် လည်ပတ်ရန် ဆွဲဆောင်နိုင်ခဲ့ကြသည်။
စီးပွားရေး ကြော်ငြာများ ထိရောက်မှု ရှိစေရန် အမျိုးသမီးများ၏ ပေါင်၌ ကြော်ငြာသွားမည်
စီးပွားရေးလုပ်ငန်းများ၏ ကြော်ငြာများ ပိုမို ထိရောက်မှု ရှိစေရန် အမျိုးသမီးများ၏ ပေါင်၌ ကြော်ငြာဒီဇိုင်းများ ရေးဆွဲပြီး ကြော်ငြာသွားရန် ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် ကြော်ငြာလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်းစု တစ်ခုဖြစ်သော WITက စီစဉ် ဆောင်ရွက်လျက် ရှိသည်။ ကြော်ငြာဆိုင်းဘုတ်ကြီးများ၊ တီဗီရုပ်သံ ကြော်ငြာ ဆိုင်းဘုတ်များသည် လူများစု၏ အာရုံစူးစိုက်မှုကို မရရှိသောကြောင့် အမျိုးသားများနှင့် ပတ်သက်သည့် အသုံးအဆောင်၊ လုပ်ငန်း စသည်တို့ကို ၎င်းတို့ အာရုံစူးစိုက်မှု အများဆုံး ဖြစ်သော အမျိုးသမီးများတွင် ကြော်ငြာပေးသွားမည် ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...