
တရုတ်ပြည် အနောက်ပိုင်း ချောင်ကျင်းတွင် နေထိုင်သည့် Xu Pinghui သည် အသက် ရှစ်လက အရွယ်က ဖျားခဲ့ပြီးနောက် မရပ်မနား စတင် ရယ်မောခဲ့သည်။ လှိျု့ဝှက်ဆန်းကြယ်သည့် သူမ၏ ကျန်းမာရေး အခြေအနေကြောင့် အသက် နှစ်နှစ်အရွယ်တွင် စကားပြောနိုင်စွမ်း ဆုံးရှုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ်အထိ ရယ်သံများနှင့်သာ ဆက်သွယ်နိုင်သည်။ စကားပြောရန် ကြိုးစားတိုင်း ရယ်သံများ ချည်းထွက်နေရာ ငယ်စဉ်က အဖျားရောဂါ ဖြစ်ပြီး ဦးနှောက်ရှိ Frontal Lobe အစိတ်အပိုင်း ထိခိုက်မှုကြောင့် ဖြစ်ရသည့် အကြောင်းရင်းကို ဆေးပညာရှင်တို့က ရှာဖွေလေ့လာလျက် ရှိကြောင်း သိရသည်။Ref:ပြည်မြန်မာ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။