Saturday, August 3, 2013

နှစ်ပေါင်း ၇၂ သန်းကျော်က ဒိုင်နိုဆော၏ အမြီးကို မက္ကဆီကန် ကန္တာရ အတွင်း ရှာဖွေတွေ့


မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းရှိ ကန္တာရတစ်ခုတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၇၂ သန်းကျော် ၀န်းကျင်ခန့်က ဒိုင်နိုဆောကြီး တစ်ကောင်၏ အမြီးပိုင်း ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနပညာရှင်များက ထုတ်ဖော်ခဲ့သည်။ ရှာဖွေတွေ့ရှိခဲ့သော အမြီးပိုင်းရုပ်ကြွင်းမှာ ၁၅ ပေခန့် ရှည်လျားပြီး ပုံသဏ္ဍာန် ပျက်စီးယိုယွင်းခြင်း မရှိဘဲ အရိုးအဆစ်များမှာ နဂိုမူလ အမြီးအတိုင်း ကျန်ရှိနေခြင်း ဖြစ်ကြောင်း အမျိုးသား မနုဿဗေဒနှင့် သမိုင်းတက္ကသိုလ် ညွှန်ကြားရေးမှူး ဖရန်စစ္စကိုအဂွီလာက ပြောကြားခဲ့သည်။
အမြီးရုပ်ကြွင်းကို မက္ကဆီကိုနိုင်ငံ နယ်စပ်ဒေသရှိ ကိုဟီလာပြည်နယ် အနီးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆစ်ပေါင်း ၅၀ကျော် ပါဝင်သည့် အမြီး ရုပ်ကြွင်းကြီးမှာ ကန္တာရအတွင်း ရက် ၂၀ ကျော်ကြာ သဲများ ကြားမှ ခက်ခက်ခဲခဲဖြင့် တူးဖော်ခဲ့ပြီးနောက် ရုပ်လုံးကြွလာပြီ ဖြစ်ကြောင်း အဂွီလာက ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းတူးဖော်မှုကို မက္ကဆီကိုနိုင်ငံ အမျိုးသားတက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင်များက ဦးဆောင် လုပ်ကိုင်ခဲ့ပြီး ဒိုင်နိုဆောများ ကမ္ဘာပေါ်မှ မျိုးသုဉ်း ပျောက်ကွယ်သွားရသည့် အကြောင်းအရင်းကို ရှာဖွေတွေ့ရှိ နိုင်မည့် သဲလွန်စ တစ်ခု ဖြစ်ကြောင်း ဖရန့်စစ္စကိုအဂွီလာက သုံးသပ် ပြောကြားခဲ့သည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...